Home သတင်း ကရင်ပြည်နယ်ပညာ‌ရေးကဏ္ဍ ဒုတိယအကြိမ် ညှိနှိုင်း‌ဆွေး‌နွေး

ကရင်ပြည်နယ်ပညာ‌ရေးကဏ္ဍ ဒုတိယအကြိမ် ညှိနှိုင်း‌ဆွေး‌နွေး

1586

မတ် ၂၅ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ‌ဒေသအတွင်း ပညာ‌ရေးကဏ္ဍ မြှင့်တင်သွားရန် ရည်ရွယ်၍ ကရင်ပညာ‌ရေးဌာန(KED) အပါအဝင် ကရင်ပြည် နယ် ပညာ‌ရေးဌာနနှင့် ပညာ‌ရေးဆိုင်ရာလုပ်ငန်းများ လုပ်‌ဆောင်‌နေသည့် အဖွဲ့အစည်းများသည် ဖားအံမြို့ အထကခွဲ(၂) ‌ကျောင်းတွင် ညှိနှိုင်း‌ဆွေး‌နွေးပွဲတစ်ခုကို ယ‌နေ့ ပြုလုပ်ခဲ့ကြသည်။

၎င်း‌ဆွေး‌နွေးပွဲကို ဒုတိယအကြိမ် သုံးလပတ် ပြည်နယ်ပညာ‌ရေးကဏ္ဍ ညှိနှိုင်း‌ဆွေး‌နွေးပွဲဖြစ်ပြီး ကရင်ပြည်နယ် ပညာ‌ရေးဋ္ဌာန နှင့် ကုလသမဂ္ဂဆိုင်ရာ နိုင်ငံတကာ က‌လေးသူငယ်များ ‌စောင့်‌ရှောက်‌ရေးရံပုံ‌ငွေအသင်း-ယူနီဆက်(UNICEF)တို့၏ စီစဉ်‌ဆောင် ရွက်မှုဖြင့် အစီအစဉ်နှစ်ခု ခွဲ၍ နံနက် ၉နာရီမှ ည‌နေ ၄နာရီအထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့သူ KED ဒုတာဝန်ခံ ‌စော‌လောအဲ့မူးက “ဒီ‌ဆွေး‌နွေးပွဲမှာ ကျ‌နော်တို့ရဲ့ တနှစ်တာလုပ်ငန်း‌တွေ၊ လုပ်ငန်း အတွင်းမှာ ကျ‌နော်တို့ ‌တွေ့ကြုံ၊ ‌ကျော်ဖြတ်ခဲ့ရတဲ့အရာ‌တွေ တင်ပြခဲ့ကြပါတယ်။ ‌နောက်ပြီး အစိုးသစ်လက်ထက်မှာ ပညာ‌ရေးနဲ့ ပတ်သက်ပြီး ကျ‌နော်တို့ ဘယ်လိုပူး‌ပေါင်း‌ဆောင်ရွက်မှု‌တွေ ရနိုင်မလဲ အဲဒါ‌တွေ ‌ဆွေး‌နွေးတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဆွေး‌နွေးပွဲတွင် ပြည်နယ်အစိုးရအ‌နေဖြင့် က‌လေးများအတွက် ပညာ‌ရေးကိစ္စအ‌ပေါ် အခွင့်အ‌ရေးရ‌စေရန် လုပ်‌ဆောင်ပြီး ထိုသို့ လုပ်‌ဆောင်ရာ၌ တည်ငြိမ်‌အေးချမ်းမှုရှိရန်လို‌ကြောင်း၊ KED ဘက်ကလည်း ပညာ‌ရေးလုပ်ငန်းတွင် ‌ကျောင်း‌ကော်မတီနှင့် ‌ကျောင်းသားမိဘများ ပူး‌ပေါင်းပါဝင်မှု၊ လူမှုအဖွဲ့အစည်းအတွင်း စီမံခန့်ခွဲမှု ယန္တရားများကို အ‌လေးမထားပါက ငြိမ်းချမ်း‌ရေးနှင့် ပညာ‌ရေးအခွင့်အ‌ရေးများ ထိခိုက်‌စေနိုင်‌ကြောင်းကို တင်ပြခဲ့ကြသည်ဟု ၎င်းက ဆက်‌ပြောသည်။

ထို့အပြင် ‌ဆွေး‌နွေးပွဲ၌ ပထမပိုင်းအစီအစဉ်တွင် တက်‌ရောက်သူ ကိုယ်စားလှယ်အားလုံးက ‌နေ့တစ်ဝက်အထိ ‌ဆွေး‌နွေးဖလှယ် ခဲ့ကြပြီး ဒုတိယပိုင်းအစီအစဉ်တွင် KED နှင့် ပြည်နယ်ပညာ‌ရေးဌာနတို့ သီးသန့်‌တွေ့ဆုံကာ KED က ၎င်းတို့၏ ‌ကျောင်းသားများ ကို အစိုးရ‌ကျောင်းများတွင် လက်ခံရန်နှင့် ၎င်းတို့‌ဒေသအတွင်း ‌ရောက်ရှိ‌နေသည့် အစိုးရ‌ကျောင်းဆရာ/မများ၏ အ‌ခြေအ‌နေ များကို ‌ဆွေး‌နွေးတင်ပြခဲ့ကြသည်။

“တိုင်းရင်းသား‌တွေ ပညာ‌ရေးနဲ့ပတ်သက်ပြီး ဘယ်လုပ်‌ဆောင်သွားသင့်လဲဆို‌တော့ ကျ‌နော်တို့လည်း ပါဝင်တယ်‌လေ။ ဥပမာ-အစိုးရ‌ကျောင်းမှာ မ‌နေခဲ့ရတဲ့ ‌ကျောင်းသား‌တွေကို အစိုးရက လက်ခံ‌ပေးဖို့ စသဖြင့်‌ပေါ့။ ဒီ‌ဆွေး‌နွေးပွဲကို လာတက်တာလည်း အဓိက အစိုးရနဲ့ ပြန်ညှိပြီး ‌ရှေ့ဆက် ဘယ်လိုလုပ်ဖို့ပဲ ဖြစ်ပါတယ်”ဟု ‌ဆွေး‌နွေးပွဲ တက်‌ရောက်သူ မွန်အမျိုးသားပညာ‌ရေး‌ကော် မတီ(MNEC)မှ နိုင်‌ထော‌ရော့က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ‌ဆွေး‌နွေးပွဲသို့ ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ သထုံ၊ ဖားအံနှင့် ဒူးပလာယာခရိုင်များမှ KED ကိုယ်စားလှယ် များ၊ ပြည်နယ်ပညာ‌ရေးဌာနနှင့် ပညာ‌ရေးလုပ်ငန်းများ ‌ဆောင်ရွက်‌နေသည့် Word Education, ADRA, Myanmar Education Consultant, NRC, SDC, MNEC, ပျိုးပင် စသည့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၆၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ၌လည်း အလားတူ ကရင်ပြည်နယ် ပညာ‌ရေးကဏ္ဍ ညှိနှိုင်း‌ဆွေး‌နွေးပွဲကို ဖားအံမြို့ အထကခွဲ(၂) ‌ကျောင်းတွင် ပထမအကြိမ် ပြုလုပ်ကျင်းပခဲ့ပြီး ဖြစ်သည်။