Home သတင်း နယ်လှည့်‌ကျောပိုးအိတ်အဖွဲ့ သားဖွားခြင်း ရက်တိုသင်တန်း ဖွင့်လှစ်သင်ကြား

နယ်လှည့်‌ကျောပိုးအိတ်အဖွဲ့ သားဖွားခြင်း ရက်တိုသင်တန်း ဖွင့်လှစ်သင်ကြား

1930

ဒီဇင်ဘာ ၆ရက်၊ ၂၀၁၅ခုနှစ်။ က‌ဆောဝါး

နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားများအဖွဲ့ BPHWT မှ မိခင်နှင့် က‌လေးကျန်းမာ‌ရေး အသိပညာ‌ပေးအစီအစဉ်ဖြင့် ပြုလုပ်သည့် ကိုယ်ဝန်‌ဆောင်မိခင်‌စောင့်‌ရှောက်ခြင်းနှင့် သားဖွားခြင်းဆိုင်ရာ အသိပညာ‌ပေး ရက်တိုသင်တန်းတစ်ခုကို ‌ကော့ ကရိတ်မြို့နယ်၊ ‌နောင်ကိုင်း‌ကျေးရွာအုပ်စု၊ ‌နောင်ကိုင်းရွာတွင် နိုဝင်ဘာလ ၃ဝရက်‌နေ့မှ စတင်ဖွင့်လှစ် သင်ကြား‌ပေး‌နေ‌ကြောင်း သိရသည်။

အဆိုပါရက်တိုသင်တန်းကို ‌ဒေသတွင်းရှိ အရပ်လက်သည်များ ကျန်းမာ‌ရေး အသိပညာ မြင့်မားလာ‌ရေး၊ မိခင်နှင့် က‌လေးကျန်း မာ‌ရေးအသိပညာ နိမ့်ကျမှု‌ကြောင့် သားဖွား‌သေနှုန်း များပြား‌နေမှု ‌လျော့ကျ‌စေ‌ရေးအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး ဒီဇင်ဘာ လ ၁ဝရက်‌နေ့အထိ ဖွင့်လှစ်သင်ကြား‌ပေးသွားမည်ဖြစ်သည်။

ယခု ဖွင့်လှစ်သည့် သင်တန်းနှင့်ပတ်သက်၍ သင်တန်းဆရာမ ‌နော်လယ်ပလဲ‌ဖောက “ဟိုးအရင်က ဘယ်သူမှ ဘယ်အဖွဲ့အ စည်းမှ မသွားရဲမလာရဲ ဖြစ်ခဲ့ရတဲ့‌ဒေသ‌တွေမှာ အခုလိုမျိုး ‌အေး‌အေးချမ်းချမ်း သင်ကြားပြသခွင့်ရတဲ့အတွက် အားလုံးကို အားရ ‌ကျေနပ်မိသလို ဒီသင်တန်းဖြစ်‌မြောက်‌အောင် ဝိုင်းဝန်းကူညီလုပ်‌ဆောင်ကြတဲ့သူ‌တွေကိုလည်း ‌ကျေးဇူးတင်တယ်”ဟု ၎င်းက ‌ပြောသည်။

ယင်းသင်တန်းတွင် ‌ကော့ကရိတ်ခရိုင် ‌ကျေးရွာအုပ်စုများဖြစ်သည့် ‌နောင်ကိုင်း‌ကျေးရွာအုပ်စု၊ ထီက‌လေး‌ကျေးရွာအုပ်စု၊ ထီးဝါး ဘ‌လော‌ကျေးရွာအုပ်စု၊ က‌လော့‌သော့‌ကျေးရွာအုပ်စု၊ မယ့်သမု‌ကျေးရွာအုပ်စု၊ နို့ခွီး‌ကျေးရွာအုပ်စုများမှ သားဖွားအရပ်လက် သည်များ၊ ကျန်းမာ‌ရေးဆိုင်ရာ စိတ်ပါဝင်စားသူ လူငယ်သင်တန်းသား ၃ဝဦး ပါဝင်တက်‌ရောက်လျှက်ရှိ‌ကြောင်း သိရသည်။

‌ဒေသခံ သင်တန်းတက်‌ရောက်သူ ‌နော်မိငယ်က “သင်တန်းလာတက်ကတာ မိခင်နဲ့က‌လေး‌တွေအ‌ကြောင်း အများကြီးပဲ မသိ တာ‌တွေ သိလာရတယ်။ သင်ကြားတာ‌တွေက‌တော့ ဘာသာစကား အခက်အခဲ နည်းနည်းရှိတယ်။ စာ‌တွေက ဗမာစာ‌တွေ အဂင်္လိပ်အ‌ခေါ်အ‌ဝေါ်‌တွေဆို‌တော့ သိပ်နားမလည်တာ‌တွေ ရှိခဲ့တယ်။ ဒါ‌ပေမယ့် စာတတ်တဲ့လူငယ်‌တွေ ဘာသာစကား နား လည်တဲ့သူ‌တွေ ပြန်ရှင်းတာက‌နေ အများကြီး နားလည်လာတယ်” ဟု‌ပြောသည်။

နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့ BPHWT အ‌နေဖြင့် ၂၀၁၅ခုနှစ်၊ ‌မေလမှစတင်ကာ ကရင်ပြည်နယ် မြဝတီ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ စသည့်မြို့နယ်များရှိ အ‌ခြေခံကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုလုပ်ငန်းများကို အခြား‌သော နယ်စပ်အ‌ခြေစိုက် ကျန်းမာ‌ရေးအဖွဲ့အစည်းနှင့် တွဲဖက်ကာ လုပ်‌ဆောင်‌နေခြင်းဖြစ်သည်။

အဆိုပါ‌ဒေသများတွင် ယင်းအဖွဲ့များ၏ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုလုပ်ငန်းများ အ‌ကောင်အထည်မ‌ဖော်မှီ ပြီးခဲ့သည့်နှစ်များက ကျန်းမာ‌ရေးအသိပညာ‌ပေးမှု နည်းပါးခြင်း၊ တိုက်ပွဲများဖြစ်ပွား‌နေခြင်း၊ လမ်းပန်းဆက်သွယ်‌ရေး ခက်ခဲခြင်းများ‌ကြောင့် က‌လေး နှင့် ကိုယ်ဝန်‌ဆောင်မိခင် ‌သေဆုံးမှုများ ရှိခဲ့‌ကြောင်း ‌ဒေသခံများက ‌ပြောဆိုသည်။

BPHWT အဖွဲ့သည် ယခုဖွင့်လှစ်လိုက်‌သော ကိုယ်ဝန်‌ဆောင်မိခင်‌စောင့်‌ရှောက်ခြင်းနှင့် သားဖွားခြင်းဆိုင်ရာ အသိပညာ‌ပေး ရက်တိုသင်တန်းနည်းတူ အခြား‌သော ကျန်းမာ‌စောင့်‌ရှောက်လုပ်ငန်းများ လုပ်‌ဆောင်‌နေသည့် ခရိုင်အဆင့်‌အောက်ရှိ မြို့နယ် များ၊ ‌ကျေးရွာများတွင်လည်း ဆက်လက် ပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။