Home သတင်း KNU ထိန်းချုပ်နယ်‌မြေ ဖားအံခရိုင် မြိုနယ်အချို့တွင် ‌မြေဂရမ်အသစ်ထုတ်‌ပေး‌နေ

KNU ထိန်းချုပ်နယ်‌မြေ ဖားအံခရိုင် မြိုနယ်အချို့တွင် ‌မြေဂရမ်အသစ်ထုတ်‌ပေး‌နေ

2185

နိုဝင်ဘာ ၁၃ရက်၊၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်‌မြေ ဖားအံခရိုင်၊ တပ်မဟာ(၇) နယ်‌မြေအတွင်းရှိ မြို့နယ်အချို့တွင် ‌ကေအဲန်ယူက ထုတ်‌ပေး‌သော ‌မြေဂရမ်မရှိ‌သေးသည့် လယ်ယာခြံ‌မြေများကို ‌ကေအဲန်ယူ(ဗဟို) လယ်ယာ‌မြေဌာနမှ ယခုလ အတွင်း ‌မြေဂရမ်အသစ်များ ထုတ်‌ပေး‌နေပြီးဟု ဖားအံခရိုင်၊ လယ်ယာ‌မြေဌာန အတွင်း‌ရေးမှူး ‌စော‌ဟေထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အခုလို ‌မြေဂရမ်ထုတ်‌ပေးရတာက‌တော့ လယ်ယာ၊ ခြံ‌မြေ ပြဿနာဖြစ်ရင် ‌ဖြေရှင်းနိုင်ဖို့အတွက် ပြုလုပ်‌ပေးတာ ဖြစ် တယ်။ ‌နောက်ပြီး အဖွဲ့အစည်း‌တွေ၊ ကုမ္ပဏီ‌တွေကလည်း ‌ဒေသခံ‌တွေရဲ့‌မြေ‌ပေါ်မှာ စီမံကိန်းတခုခု ဝင်လုပ်‌တော့မယ်ဆိုရင် အတင်းအဓမ္မလုပ်လို ့မရ‌အောင်ပါ။ ‌မြေဂရမ်ရှိရင် ‌ကေအဲန်ယူလယ်ယာဌာနက တာဝန်ယူ ‌ဖြေရှင်း‌ပေးနိုင်ဖို့ အ‌ထောက်အကူ ဖြစ်တဲ့အတွက် ‌မြေဂရမ်ထုတ်‌ပေးတာဖြစ်တယ်”ဟု ‌ပြောသည်။

လက်ရှိ ဖားအံခရိုင်အတွင်းရှိသည့် လှှိုင်းဘွဲမြို့နယ် ၊ ပိုင်ကျုံမြို့နယ်၊ နဘူးမြို့နယ်နှင့် ဒုံရင်းမြို့နယ်များတွင် ‌ကေအဲန်ယူ (ဗဟို) လယ်ယာ‌မြေဌာန၊ ‌မြေ‌မြေဂရမ်မရှိ‌သေးသည့် ‌ကျေးရွာများကို ‌ကေအဲန်ယူခရိုင်နှင့် မြို့နယ် လယ်ဌာနတို့မှ ‌မြေဧကတိုင်း‌ပေးကာ ‌မြေဂရမ်များ စတင်ထုတ်‌ပေး ‌နေပြီးဖြစ်‌ကြောင်း ယင်းဌာနမှ သိရသည်။

အစိုးရ လယ်ယာ‌မြေဥပ‌ဒေတွင် ‌မြေလွတ်၊ ‌မြေလပ်နှင့် ‌မြေရိုင်းများ ရှိ‌ပေးမယ့်လည်း ‌ကေအဲန်ယူ‌ပေါ်လစီတွင် ဌာ‌နေလူထုပိုင်‌မြေမဟုတ်လျင် သစ်‌တောကြိုးဝိုင်းသာရှိသည့်အတွက် လက်ရှိပြည်သူပိုင် လယ်‌မြေများကို အစိုးရမှ ‌မြေလွတ်‌မြေရိုင်းအဖြစ် မသက်မှတ်နိုင်‌အောင် ‌မြေဂရမ် ပြန်လည်ထုတ်‌ပေးခြင်းဖြစ်သည်ဟု ဖားအံခရိုင်၊ ဒုံရင်းမြို့နယ် အတွင်း‌ရေးမှူး ‌စောမန်းဒီးကလည်း‌ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဒုံရင်းမြို့နယ် ဝဲကရင်‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စောသူရ‌အောင်က” ကျ‌နော်တို့ ရွာမှာ‌တော့ အစိုးရဘက်က ‌မြေဂရမ်းထုတ်‌ပေးတာရှိတယ်။ ‌ကေအဲန်ယူက ‌မြေဂရမ် အခုမှလာထုတ်‌ပေးတယ်။ ကျ‌နော်တို့ရွာသား‌တွေ စ‌ဝေစဝါဖြစ်‌နေတယ်။ ‌မြေဂရမ် မထုတ်‌ပေးခင်‌တော့ လာရှင်းပြ‌ပေမဲ့ ရွာသား‌တွေက နားမလည်ဘူး။ နှစ်ဖက်စလုံးအခွန်တင်ရရင်‌တော့ ရွာသား‌တွေကနာတာ‌ပေါ့။ ကျ‌နော်တို့လည်းဘာမှ မလုပ် တက်ဘူးဆို‌တော့ အစိုးရမြို့နယ်‌မြေစာရင်းထံ အဲဒီအ‌ကြောင်း တင်ပြလိုက်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ (ဗဟို)၊ လယ်ယာ‌မြေဌာနမှ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ တပ်မဟာ ၇ ခု စလုံးတွင် ယခင်ကတည်းက လယ်ယာ‌မြေဂရမ်များကို ထုတ်‌ပေးထားခြင်းများရှိသလို၊ လက်ရှိ ဂရမ်မရှိ‌သေးသည့် ‌ကျေးရွာ များကိုလည်း ဆက်လက်ထုတ်‌ပေးရန် စီစဉ်ထား‌ကြောင်း ဌာန တာဝန်ရှိသူများထံမှသိရသည်။