Home အမြင်သဘောထား ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၂၁ရက်‌နေ့တွင် ကျ‌ရောက်သည့် နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့အတွက် သူတို့အမြင်၊ သူတို့အ‌တွေး

၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၂၁ရက်‌နေ့တွင် ကျ‌ရောက်သည့် နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့အတွက် သူတို့အမြင်၊ သူတို့အ‌တွေး

2451

အရှင်စန္ဒာဝရ (KUPC ကြား‌တောရ ဆရာ‌တော်)

DSC_0562ငြိမ်းချမ်း‌ရေးကို ဘယ်နိုင်ငံမဆို၊ ဘယ်သူမဆို အသီးသီး ခံစားသင့်တယ်။ ဒါ‌ပေမယ့် ဦးဇင်းတို့နိုင်ငံက‌တော့ လက်နက် ကိုင်ပဋိပက္ခ‌ကြောင့် ကဏ္ဍမျိုးစုံက ချွတ်ခြုံကျ‌နေပါတယ်။ ငြိမ်းချမ်း‌ရေးက အားလုံးအတွက်လည်း အကျိုးရှိတာမို့ အခုလို ပြည် တွင်း ငြိမ်းချမ်း‌ရေး တည်‌ဆောက်ခြင်း လုပ်ငန်းစဉ်‌တွေကို ကြိုဆိုပါတယ်။ မြန်မာနိုင်ငံတစ်ခုလုံးအတွက်ဖြစ်‌စေ၊ ကရင်ပြည်နယ် အတွင်းဖြစ်‌စေ ထာဝရငြိမ်းချမ်း‌ရေးရဖို့‌တော့ အချိန်အနည်းငယ် လိုဦးမယ်။ အခုလို လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနဲ့ အစိုးရတို့ အပစ်ရပ်လက်မှတ်ထိုးနိုင်ဖို့အတွက် ‌ဆွေး‌နွေး‌နေခြင်းက ထာဝရငြိမ်းချမ်း‌ရေးရဖို့ အစပျိုးလိုက်ခြင်းဖြစ်တယ်။
မြန်မာတစ်နိုင်ငံလုံးအ‌နေနဲ့ ထာဝရ ငြိမ်းချမ်း‌ရေးရရှိဖို့ အ‌နေအထားက‌တော့ ၅၀% ‌လောက်‌တော့ ရှိပါပြီး။ သူ့ဘက် ကိုယ့်ဘက် ငြိမ်းချမ်း‌ရေးကို လိုလားကြတာပဲ‌လေ။ ဒါ‌ပေမယ့် သူ့ပြဿနာ ကိုယ့်ပြဿနာ‌တွေ‌တော့ ရှိ‌နေကြပါတယ်။ ဘာပဲဖြစ်ဖြစ် ‌ရွေးချယ် ဖို့က ငြိမ်းချမ်း‌ရေးမှတစ်ပါး အခြားမရှိ‌တော့ဘူး။ ထာဝရငြိမ်းချမ်း‌ရေးရရှိဖို့အတွက်‌တော့ ခရီးတစ်ဝက်‌တော့ ‌ရောက်‌နေပြီးလို့ မြင်တယ်။

ဦးဇင်းတစ်ပါးအ‌နေနဲ့ မြန်မာနိုင်ငံငြိမ်းချမ်း‌ရေးကို ဖြစ်‌စေချင်တာက လူထု‌တွေကို ချပြထားတဲ့အတိုင်း မဖြစ်လာမှာကို စိုးရိမ်မိပါတယ်။ လက်ရှိ ငြိမ်းချမ်း‌ရေးမူဝါဒကို‌တော့ ‌ထောက်ခံပါတယ်။ မူ‌တော့ ‌ကောင်း‌နေပြီး လူ‌ကောင်းဖို့အတွက် အားစိုက်‌စေ ချင်ပါတယ်။ တိုင်းပြည်လည်း ပြည်တွင်းစစ်‌ကြောင့် ကြာရှည်စွာ လူထု‌တွေက စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်‌နေကြပါတယ်။ ဒီဒုက္ခ ‌တွေကို ‌ကျော်ဖြတ်နိုင်ဖို့က‌တော့ ငြိမ်းချမ်း‌ရေးပါပဲ။ လက်ရှိသွား‌နေတဲ့ ငြိမ်းချမ်း‌ရေးမူဝါဒကို‌တော့ ဦးဇင်းတို့ အပါအဝင် လူထု လည်း လက်ခံကြပါတယ်။ အဓိက‌တော့ လူ‌ကောင်းရင်‌တော့ ထာဝရငြိမ်းချမ်း‌ရေးကို အပြီးပိုင်ရရှိလိမ့်မယ်လို့ ဦးဇင်းမြင်တယ်။ အလွန်ခက်ခဲလှတဲ့ ထာဝရငြိမ်းချမ်း‌ရေးရှိ‌အောင် လုပ်‌ဆောင်နိုင်‌နေကြတဲ့ ပုဂ္ဂိုလ်‌တွေဖြစ်သွားမယ်ဆိုရင် သမိုင်းတွင်ပါလိမ့်မယ်။ အထူး‌ပြောချင်တာက‌တော့ တိုင်းချစ်စိတ် ပြည်ချစ်စိတ်ရှိဖို့ စိတ်‌ကောင်း‌စေတနာ‌ကောင်း‌တွေနဲ့ အပြည့် လုပ်‌ဆောင်ကြဖို့ နှစ်ဦး နှစ်ဘက်ကို ဦးဇင်းက တိုက်တွန်းလိုပါတယ်။

‌နော်စင်သီယာဝင်း (ကရင်ပြည်နယ် စီမံကိန်းညှိနှိုင်း‌ရေးမှူး၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအသင်း-KWEG)

Naw Cynthia Winငြိမ်းချမ်း‌ရေးရဖို့အတွက် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ‌တွေ လုပ်‌နေ‌ပေမဲ့လည်း တိုက်တဲ့အဖွဲ့က တိုက်တယ်ဆိုတာ‌တော့ မဖြစ်သင့်ဘူး‌ပေါ့‌နော်။ အပစ်ခတ်ရပ်စဲလုပ်ပြီး ‌ပြေလည်တဲ့အဖွဲ့ကလည်း စီးပွား‌ရေးပဲ ဦးတည်တာမျိုးလည်း မဖြစ်သင့်ဘူး။ ‌နောက်ပြီး ငြိမ်းချမ်း‌ရေးပွဲ ‌ဆွေး‌နွေးပွဲ‌တော်‌တော်များများက ကျမတို့ လူမှုအဖွဲ့အစည်း‌တွေကို တရားဝင်ဖိတ်တာလည်း မရှိဘူး။ ငြိမ်းချမ်း‌ရေးပွဲ ‌ဆွေး‌နွေးပွဲမှာ ဘာ‌တွေလုပ်‌နေလဲ အ‌ခြေအ‌နေဘယ်လိုရှိလဲဆိုတာ လူထု‌တွေကို ချပြတာမျိုး နှစ်ဖက်စလုံးက ပိုလုပ်သင့်တယ်။ အခုက တခြားတိုင်းရင်းသား‌ဒေသ‌တွေမှာ တိုက်ပွဲ‌တွေဖြစ်‌နေသလို ကျမတို့ ကရင်ပြည်နယ်မှာဆိုရင် ဖာပွန် တို့၊ ‌ကော့ကရိတ် အာရှလမ်းမအနီးတဝိုက်မှာ နှစ်ဖက်ပစ်ခတ်မှု‌တွေ ဖြစ်‌နေ‌သေးတာ ‌တွေ့ရတယ်။ အခုဆိုရင် ‌ရွေး‌ကောက်ပွဲ လုပ်‌တော့မယ်။ လုံခြုံ‌ရေးအတွက် ‌နေရာတိုင်း လိုက်ဖြန့်တာမျိုး မဖြစ်‌စေချင်ဘူး။ ‌ရွေး‌ကောက်ပွဲနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲ ‌ရေးကိုလည်း မ‌ရော‌နှောသင့်ဘူး။ ‌ရွေး‌ကောက်ပွဲက ငါးနှစ်တစ်ကြိမ် ပုံမှန်ကျင်းပရသလို ငြိမ်းချမ်း‌ရေးလည်း လုပ်ငန်းစဉ်အတိုင်း ဆက်‌ဆွေး‌နွေးရမယ်လို့ မြင်တယ်။
အခုချိန်မှာ အပစ်ရပ်ထားတယ် ဆို‌ပေမဲ့လည်း ကျမတို့ ရွာထဲဆင်းတဲ့ အချိန်မှာဆိုရင် အများက ငြိမ်းငြိမ်းချမ်းချမ်း မ‌နေထိုင်နိုင်‌သေးဘူး။ ‌နောက်ပြီး စစ်တပ်‌တွေက ရှိ‌နေဆဲပဲဆို‌တော့ IDP ‌တွေက မပြန်လာရဲ‌သေးဘူး။ ‌မြေမြှုပ်မိုင်း‌တွေကလည်း မရှင်းလင်းနိုင်‌သေး‌တော့ သူတို့မှာက စိုးရိမ်စိတ်၊ ‌ကြောက်စိတ်‌တွေ ရှိ‌နေဆဲပဲဆိုတာ ‌တွေ့ရတယ်။ ဒီ‌နေရာမှာ အမျိုးသမီးအများ စု ပိုခံစား‌နေရတယ်။ အကျိုးသက်‌ရောက်မှုကလည်း အမျိုးသမီးနဲ့ က‌လေး‌တွေအ‌ပေါ် ပိုများတယ်။ အခုဆိုရင် တစ်ချို့ရွာ‌တွေမှာ ဆို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေ၊ အစိုးရစစ်တပ်‌တွေက ရွာ‌တွေကိုဆင်းပြီး ရွာသား‌တွေကို အ‌ကြောင်းမဲ့သတ်တာလည်း ‌တွေ့‌နေရ‌သေးတယ်။ ပြီး‌တော့ လက်နက်ကိုင်‌တွေက ရွာထဲကို ဝင်ထွက်သွားလာ‌နေတာရှိသလို စီးပွား‌ရေးကိစ္စဆိုပြီး လက်နက် ‌တွေနဲ့ ဝင်လာတာ‌တွေရှိ‌တော့ ငြိမ်းချမ်းပါတယ်လို့ မ‌ပြောနိုင်‌သေးဘူး။ အဲဒါကို နှစ်ဖက်‌ခေါင်း‌ဆောင်များက ‌တွေးသင့်၊ ‌ဆွေး‌နွေး သင့်တယ်လို့ ‌ပြောချင်တယ်။

ပဒို‌စောကွယ်ထူးဝင်း (အ‌ထွေ‌ထွေအတွင်း‌ရေးမှူး၊ ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ)

Pado Kweh 2 Winဗမာပြည်မှာ ငြိမ်းချမ်း‌ရေးဟာ တကယ်လိုအပ်တဲ့အရာတစ်ခုဖြစ်တယ်။ အခု ပဋိပက္ခဖြစ်တဲ့ အစုအဖွဲ့‌တွေ‌ရော၊ ပြည်သူ လူထုတရပ်လုံးသာ ငြိမ်းချမ်း‌ရေးက တကယ်လိုလားတယ်။ ဒါ‌ပေမယ့် ငြိမ်းချမ်း‌ရေး တည်‌ဆောက်တဲ့‌နေရာမှာကျ‌တော့ အခက် အခဲ‌တွေ ရှိ‌နေတယ်။ အထူးသဖြင့် ယုံကြည်မှု၊ ပဋိပက္ခဖြစ်‌နေတဲ့ အစုအဖွဲ့‌တွေရဲ့ ကြားထဲမှာ ယုံကြည်မှု‌တွေ အားနည်းတဲ့အ‌ပေါ် အထူးသဖြင့် ဦး‌ဆောင်တဲ့ တာဝန်ရှိပုဂ္ဂိုလ်‌တွေ ငြိမ်းချမ်း‌ရေးတည်‌ဆောက်ဖို့ စွမ်းစွမ်းတမံနဲ့ ဆုံးဖြတ်ချက်ချ ‌ဆောင်ရွက်ဖို့‌တော့ လိုအပ်တယ်။ ငြိမ်းချမ်း‌ရေး ဆိုတဲ့‌နေရာမှာလည်း မငြိမ်းချမ်းတဲ့ပြဿနာ ဘာ‌တွေလဲဆို‌တော့ တရားမမျှတမှုတို့၊ မညီမျှမှုတို့ တန်းတူအခွင့်အ‌ရေး မရှိတဲ့အ‌ပေါ် မူတည်တယ်။ အ‌ခြေခံပြဿနာကို ရှင်းနိုင်မှလည်း ငြိမ်းချမ်းလာမှာဖြစ်တယ်။ ဒါကို ယတိပြတ် ‌ဖြေရှင်းနိုင်ဖို့ အခုလက်ရှိ ဖြစ်ပွား‌နေတဲ့ ပဋိပက္ခ‌တွေ၊ မငြိမ်းချမ်းတဲ့ကိစ္စကို ပထမဦးဆုံး‌ဆောင်ရွက်ပြီးမှ အ‌ခြေခံပြဿနာ‌တွေဖြစ် တဲ့ မညီမျှမှု၊ တန်းတူမှု မရှိတာ‌တွေကို ကျ‌နော်တို့ ‌ဆွေး‌နွေးသွား၊ အ‌ဖြေရှာသွားမှာဖြစ်ပါတယ်။

ကျ‌နော်တို့ ဗမာပြည်မှာ မငြိမ်းချမ်းတဲ့ အဓိက ပြဿနာက နှစ်ခုရှိတယ်လို့ မြင်ရတယ်။ အမျိုးသား‌ရေးပြဿနာနဲ့ ဒီမို က‌ရေစီပြဿနာဖြစ်တယ်။ ကျ‌နော်တို့မှာ မတူကွဲပြားတဲ့ လူမျိုး‌တွေရဲ့ မတူကွဲပြားတဲ့ ယဉ်‌ကျေးမှု‌တွေကိုလည်း အ‌လေးထား အသိအမှတ်ပြုမှုရှိဖို့ လိုအပ်တယ်။ တာဝန်ရှိတဲ့ အုပ်ချုပ်သူအစိုးရကလည်း ကူညီ‌ပေးဖို့တို့၊ စာ‌ပေယဉ်‌ကျေးမှု မြှင့်တင်ဖို့ အခွင့် အ‌ရေး‌ပေးရမယ်။ ဥပ‌ဒေ‌ကြောင်းအရလည်း ခိုင်ခိုင်မာမာ ပြဋ္ဌာန်း‌ပေးရမယ်။ ‌နောက်တစ်ခုက ကျ‌နော်တို့ဟာ လူသားဖြစ်‌တော့ လူတစ်ဦးချင်းရဲ့ တန်းတူညီမျှမှု၊ တန်းတူအခွင့်အ‌ရေးဆိုတဲ့ ဒီမိုက‌ရေစီနဲ့အညီ ‌ဖော်‌ဆောင်ရမှာဖြစ်တယ်။ အဓိက ဒီပြဿနာနှစ် ခုကလည်း တစ်ခုနဲ့တစ်ခုက ခွဲလို့မရ‌အောင် ‌ကျောချင်းကပ်တဲ့ အ‌နေအထားဖြစ်တယ်။ တပြိုင်နက်တည်း ရှင်းရမယ့် ပြဿနာ ဖြစ်တယ်။ ဗမာပြည်ရဲ့ ဒီပြဿနာငြိမ်းမှ၊ ရှင်းနိုင်မှ ငြိမ်းချမ်းတဲ့ နိုင်ငံ‌တော်ကြီး ဖြစ်လိမ့်မယ်လို့ ကျ‌နော် မြင်တယ်။

လူ့အဖွဲ့အစည်းအဖြစ်နဲ့ အခု ကျ‌နော်တို့‌ပြော‌နေတဲ့ ပြည်‌ထောင်စု မြန်မာနိုင်ငံ‌တော်အတွင်းမှာ ‌နေထိုင်ကြတဲ့ တိုင်းရင်း သားလူမျိုးအားလုံးက‌နေပြီး‌တော့ ငြိမ်းချမ်းသာယာဝ‌ပြောမှုရှိဖို့အတွက် ကျ‌နော်တို့အားလုံး တာဝန်ရှိကြတယ်။ တာဝန်ရှိတဲ့အ တိုင်း ကျ‌နော်တို့ တည်‌ဆောက်တဲ့‌နေရာမှာလည်း နားလည်မှုရှိရှိနဲ့ စုစုစည်းစည်းနဲ့ ‌ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ တာဝန်ရှိမှုအ‌ပေါ် ‌ဆောင်ရွက်တဲ့‌နေရာမှာလည်း အ‌ခြေခံပြဿနာ‌တွေဖြစ်တဲ့ အမျိုးသား‌ရေး ပြဿနာတို့၊ ဒီမိုက‌ရေစီပြဿနာတို့ ကိုလည်း ‌ဆောင်ရွက်နိုင်မှသာလျှင် ငြိမ်းချမ်းသာယာဝ‌ပြောတဲ့ နိုင်ငံ‌တော်ကြီးဖြစ်မယ်လို့ မြင်တယ်။

‌နော်ဘလူးမင်းနိုက်ဇန် (ကရင်ဒုက္ခသည်‌ကော်မတီ KRC တွဲဖက်အတွင်း‌ရေးမှူး)

Bloomingငြိမ်းချမ်း‌ရေးဆိုတာက ဒုက္ခသည်‌တွေအတွက် အ‌ရေးကြီးတဲ့အရာဖြစ်တယ်။ ငြိမ်းချမ်းမှုမရှိ‌သေးသမျှ သူများနိုင်ငံမှာ ဒုက္ခသည်အဖြစ် ‌နေရတဲ့ဘဝ‌တွေ ဘယ်‌တော့မှ ချုပ်ငြိမ်းနိုင်မှာ မဟုတ်ပါဘူး။ ကျမက ဒုက္ခသည်‌ကော်မတီက တာဝန်ရှိသူတစ် ဦးဖြစ်သလို ကိုယ်တိုင်လည်း ဒုက္ခသည်တစ်ဦးပါ။ ကျမတို့ နားလည်ထားတဲ့ ငြိမ်းချမ်း‌ရေးဆိုတာက ‌အေး‌အေးချမ်းချမ်းနဲ့ ရန်လို တိုက်ခိုက်ခြင်းမရှိဘဲ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေး၊ လွတ်လွတ်လပ်လပ် သွားလာ၊ စစ်မဖြစ်ဘဲနဲ့ လူတစ်ဦးချင်းရဲ့ စားဝတ်‌နေ‌ရေး အဆင်‌ပြေပြီး နိုင်ငံ‌ရေး၊ ဘာသာ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး၊ တရားဥပ‌ဒေစိုးမိုး‌ရေးဘက်မှာပဲဖြစ်ဖြစ် အားလုံး တန်းတူညီတူ ဖြစ် လာမယ့် အ‌ခြေအ‌နေတစ်ခုကို ကျမတို့‌တောင်းတတယ်။ အဲဒါက ကျမတို့အတွက် ငြိမ်းချမ်း‌ရေးပဲ။

အခုလုပ်‌နေတဲ့ ငြိမ်းချမ်း‌ရေးကို ဒုက္ခသည်တစ်ဦးအ‌နေနဲ့‌ပြောမယ်ဆိုရင် စိုးရိမ်တယ်၊ ယုံကြည်မှုလည်း နည်းတယ်။ ဘာလို့လဲဆို‌တော့ လတ်တ‌လော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေနဲ့ နိုင်ငံ‌တော် သမ္မတရယ်၊ တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်တို့‌တွေ့ဆုံမယ့် တစ်နိုင်ငံလုံး အပစ်ရပ်‌ရေးမှာ တိုက်ရိုက် သက်ဆိုင်သူ စစ်ဦးစီးချုပ် ရှိမ‌နေဘူးဆို‌တော့ သမ္မတ တစ် ‌ယောက်တည်းနဲ့ ပြည့်ပြည့်ဝဝ ဘယ်လိုယုံကြည်ရမလဲ။ တစ်နိုင်ငံလုံး အပစ်ရပ်‌ရေးမှာ အားလုံး ပါဝင်လက်မှတ်ထိုး‌ရေးက အ‌ရေးမကြီးဘူးလို့ မြင်တာလား။ တိုင်းရင်းသား‌တွေကို အသိအမှတ်မပြု၊ မ‌လေးစားရာ ‌ရောက်တာ‌ပေါ့‌နော်။

ငြိမ်းချမ်း‌ရေးစကား ‌ပြော‌နေစဉ်မှာ အပစ်အခတ်‌တွေ ရှိ‌နေ‌သေး‌တော့ အကုန်လုံးမပါဝင်ဘဲနဲ့ တစ်ဦးတစ်‌ယောက်၊ တစ်ဖွဲ့တစ်စည်းကပဲ လက်မှတ်ထိုး ရင် တိုင်းရင်းသားလက်နက်ကိုင် အင်အားစု‌တွေ အကွဲကွဲ အပြားပြားဖြစ်သွားမှာ စိုးရိမ်တယ်။ ‌နောက်တစ်ခုက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်ထိုးမယ်ဆို ဘာအာမခံချက်‌တွေရှိမှ လက်မှတ်ထိုးမလဲ၊ ဘာအ‌ခြေခံ အာမခံချက်မှမရှိဘဲ လက်မှတ်ထိုးမယ်ဆိုရင် ဒုက္ခသည်‌တွေအတွက် စိုးရိမ်စရာ‌တွေ ဖြစ်ပါတယ်။ လက်မှတ်ထိုးပြီး ပြန်ပစ်ခတ်ကြမယ်ဆိုရင် ဒုက္ခ သည်‌တွေ အိမ်ပြန်ရဖို့ အ‌ခြေအ‌နေ‌တွေ ပို‌ဝေးသွားမှာပါ။
အနှစ် ၆၀‌ကျော်ပြည်တွင်းစစ်ကြီးကို လက်မှတ်ထိုးလိုက်တာနဲ့ လုံးဝ ‌အေးချမ်းသွားပြီလို့ ‌ပြောလို့မရဘူး။ လက်မှတ် ထိုးပြီးတာနဲ့ ကတိခံဝန်ချက်‌တွေ၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေ၊ ပြည်သူတစ်ဦးချင်းစီအတွက်၊ ပြည်တွင်းဒုက္ခသည်‌တွေအတွက် အာမခံချက်‌တွေ ပြီးမှ ကျမတို့လို သူများနိုင်ငံမှာ ခိုလှုံ‌နေရတဲ့ ဒုက္ခသည်‌တွေအတွက် အာမခံချက်ဆိုတဲ့အဆင့်‌တွေ ရှိရမယ်။ လက်မှတ်ထိုးပြီးတာနဲ့ ပြန်ရမယ်ဆိုရင် ဒုက္ခသည်‌တွေ ဘယ်မှာ‌နေပြီး ဘာသွားစားမလဲ၊ သူတို့ရဲ့ ဘဝအာမခံချက် လုံခြုံမှု‌တွေ ဘာမှမရှိဘူး ဖြစ်တယ်။ ဒီကိစ္စကို အစိုးရပဲဖြစ်ဖြစ်၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့‌တွေပဲဖြစ်ဖြစ်၊ UNHCR ဖြစ်ဖြစ် အကုန်လုံး ညှိနှိုင်းပါဝင်ပြီး‌တော့မှ အာမခံချက်၊ သက်‌သေခံချက်‌တွေရှိမှ ဒုက္ခသည်‌တွေအတွက် အဆင်‌ပြေနိုင်မယ်လို့ ကျမ မြင်ပါတယ်။

‌စော‌ပေါလ်စိန်ထွား (KPSN ဒါရိုက်တာ)

Paul Sein Htwarကျ‌နော်တို့ မြန်မာနိုင်ငံမှာ ၂၀၁၂ခုနှစ်ကစပြီး ယခုဆို ၄နှစ်‌လောက် လုပ်‌ဆောင်‌နေတဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ရေးမှာ ကျ‌နော်တို့ စိတ်လှုပ်ရှားရပါတယ်။ ဒါ‌ပေမယ့်လို့ ငြိမ်းချမ်း‌ရေး အ‌ကောင်အထည်‌ဖော်ရာမှာ ယ‌နေ့အထိ ကျ‌နော်တို့ ကရင်လူထု ‌တွေ၊ မြန်မာနိုင်ငံက ပြည်သူလူထု‌တွေ ‌မျှော်လင့်‌တောင်းတ‌နေတဲ့ ငြိမ်းချမ်း‌ရေးကို‌တော့ မရရှိ‌သေးပါဘူး။ ငြိမ်းချမ်း‌ရေး‌ဖော် ‌ဆောင်တဲ့‌နေရာမှာ ကျ‌နော်တို့အ‌နေနဲ့က ငြိမ်းချမ်းတဲ့နည်းလမ်းကို သွား‌စေချင်တယ်။ ပစ်ခတ်တိုက်ခိုက်တာ‌တွေ၊ အကြမ်းဖက် တဲ့နည်း‌တွေနဲ့ မသွား‌စေချင်ဘူး။ ဒါ‌ကြောင့်မို့ ပဋိပက္ခဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်‌တွေအ‌နေနဲ့ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်တဲ့လမ်းစဉ် အ‌ပေါ်မှာ စစ်မှန်တဲ့သ‌ဘောထားနဲ့ ယုံယုံကြည်ကြည် တဆင့်ပြီးတဆင့် သွား‌စေချင်တယ်။ ဆိုလိုချင်တာက ဒီငြိမ်းချမ်း‌ရေးလုပ် ငန်းစဉ် ‌ဖော်‌ဆောင်ရာမှာ အလျင်စလို လုပ်သွားတာမျိုးမဟုတ်ဘဲ ‌သေချာခိုင်မာစွာနဲ့ ကျ‌နော်တို့ရဲ့ အဓိက ပြဿနာကို တဆင့် ပြီးတဆင့် ‌ပြေလည်သွားသည်အထိ လုပ်‌ဆောင်သွား‌စေချင်တယ်။ ‌ပြောချင်တာက အဓိကပြဿနာကို ‌ရှောင်တာမျိုး မလုပ်ရဘူး။ လက်ရှိအ‌ခြေအ‌နေမှာ ဖြစ်‌ပေါ်‌နေတဲ့ အဓိကပြဿနာကို ‌ရှောင်ပြီး လုပ်‌ဆောင်တာ‌တွေ ‌တွေ့ရတယ်။ အဲဒီ‌ကြောင့် ငြိမ်းချမ်း ‌ရေး မရရှိနိုင်ဘူး။
‌ပြောချင်တာက‌တော့ ကျ‌နော်တို့ ဖြစ်‌စေချင်တာက‌တော့ ပြည်သူလူထု‌တွေ သူတို့ လိုလား‌တောင်းတတဲ့ ငြိမ်းချမ်း‌ရေး၊ အထူးသဖြင့် သူတို့အတွက် အ‌ရေးကြီးတဲ့ လုံခြုံ‌ရေးအာမခံချက်၊ အသက်‌မွေးဝမ်း‌ကြောင်း အလုပ်အကိုင် အာမခံချက်အပြင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု‌တွေ အာမံချက်ရှိတဲ့ ငြိမ်းချမ်း‌ရေးကို ရ‌စေချင်တယ်။ ကျ‌နော်တို့ လူထုအ‌ခြေပြု လူမှုအဖွဲ့အစည်းအ‌နေနဲ့ အတတ်နိုင်ဆုံး သူတို့‌တွေကို ဝိုင်းဝန်းကူညီတယ်။ အဲဒါ‌ကြောင့် ကရင်လူထုဖြစ်‌စေ၊ မြန်မာနိုင်ငံထဲက ပြည်သူလူထုဖြစ်‌စေ သူတို့ ကို‌ပြောချင်တာက ကျ‌နော်တို့လိုလားတဲ့ ငြိမ်းချမ်း‌ရေးဆိုတာ ဘာ‌တွေလဲ။ အဓိက လိုအပ်ချက်က ဘာ‌တွေလဲဆိုတာကို လူထု ‌တွေအ‌နေနဲ့ ကြိုးစား ‌ဖော်ထုတ်ကြရမယ်။ ‌တောင်းဆိုကြရမယ်။