Home သတင်း မြဝတီမြို့ ဘုရင့်‌နောင်‌ဈေးကို အသစ်တည်‌ဆောက်‌ရေး အစီအစဉ် ‌ဈေးသည်များ လက်မခံ

မြဝတီမြို့ ဘုရင့်‌နောင်‌ဈေးကို အသစ်တည်‌ဆောက်‌ရေး အစီအစဉ် ‌ဈေးသည်များ လက်မခံ

2016

ဇွန် ၁၆ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ဘုရင့်‌နောင်‌ဈေးကို နိုင်ငံတကာအဆင့်မှီ အသစ်တည်‌ဆောက်မည့်အ‌ပေါ် လက်မခံ‌ကြောင်း ကရင်ပြည်နယ် စည်ပင်သာယာ‌ရေးအဖွဲ့နှင့် ဘုရင့်‌နောင်‌ဈေးသည်တို့ မြဝတီမြို့ ‌ရွှေမြင့်ဝဏ် ဘုန်းကြီး‌ကျောင်း၌ ယ‌နေ့ပြုလုပ်သည့် ‌တွေ့ဆုံပွဲတွင် ‌ဈေးသည်အများစုက သ‌ဘောထား‌ပေးခဲ့ကြသည်။

ကရင်ပြည်နယ် စည်ပင်သာယာ‌ရေး ဝန်ကြီး ဦးသံဒိုင်၊ မြဝတီမြို့ စည်ပင်သာယာ‌ရေး ဒုညွှန်ချုပ် ဦး‌ကျော်‌ကျော်ဦး၊ မြဝတီမြို့ စည်ပင်‌ကော်မတီ ဦးသန်း‌ဆွေ၊ မြဝတီ အုပ်ချုပ်‌ရေးမှူး ဦးခင်‌မောင်‌ဇော်တို့က ဘုရင့်‌နောင်‌ဈေးသစ်တည်မည့် အစီအစဉ်နှင့်ပတ်သက်၍ ‌ဈေးသည်များ၏ သ‌ဘောထားကို ရယူရန် ‌ဈေးသူ ‌ဈေးသား (၂၀၀)ဦးခန့်ကို ‌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

‌ဈေးသည်တစ်ဦးဖြစ်သူ ‌ဒေါ်ခင်‌အေးငြိမ်းက “၂၀၁၅ ‌ရွေး‌ကောက်ပွဲက ဘယ်‌လောက်မှ မကြာ‌တော့ဘူး။ ကာလက အရမ်းနီးကပ်‌နေပါတယ်။ အလျင်စလို လုပ်စရာ ဘာအ‌ကြောင်းမှ မရှိဘူး။ ဒီ‌ဈေးကြီးကို အဆင့်မြင့်ဖို့ ဆိုတာက ‌နောက်တက်လာမယ့် အစိုးရသစ်ကျမှ ကျမတို့ ‌ဈေးသူ‌ဈေးသား‌တွေအားလုံးက စဉ်းစားမယ်။ အရမ်း တို‌တောင်းတဲ့ ကာလ‌လေးအတွင်းမှာ ဒီ‌ဈေးကို ဖြစ်သလို ဒီပုံစံအတိုင်း လုပ်သွားဖို့ လုံးဝလက်မခံဘူး”ဟု ‌ပြောသည်။

အလားတူ အခြား‌ဈေးသည်တစ်ဦးဖြစ်သူ မ‌အေးသန္တာ‌အောင်ကလည်း အဆင့်မြင့်‌ဈေးကြီးတည်‌ဆောက်‌ရေးကို ကြိုဆို‌သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများအ‌နေဖြင့် ‌ဈေးသူ‌ဈေးသားများအတွက် စဉ်းစားရန် အချိန်‌ပေးသင့်‌ကြောင်း၊ လတ်တ‌လောတွင် ဆိုင်ခန်း‌ပေါက် ပိတ်ဆို့မှုနှင့် သန့်ရှင်းမှုကို ‌ဖြေရှင်း‌ပေးနိုင်ပါက အားလုံးအဆင်‌ပြေ‌ကြောင်း ‌ပြောသည်။

လက်ရှိအသုံးပြု‌နေသည့် ဘုရင့်‌နောင်‌ဈေးမှာ ‌ဈေးသည်များ များပြားလာမှုအ‌ပေါ် ဆိုင်ခန်း‌ပေါက်ပိတ်ဆို့ခြင်း၊ သန့်ရှင်း‌ရေး အားနည်းခြင်းတို့‌ကြောင့် နိုင်ငံတကာ အဆင့်မှီဖြစ်‌ရေး ရည်ရွယ်ချက်ဖြင့် အသစ်တည်‌ဆောက်ရန် စီစဉ်‌နေခြင်းဖြစ်သည်ဟု ကရင်ပြည်နယ် စည်ပင်သာယာ‌ရေး ဝန်ကြီး ဦးသံဒိုင်က ‌ပြောသည်။

၎င်းက “ရည်ရွယ်ချက်က ‌ဈေးက‌တော့ အဆင့်‌တော့ မမှီ‌တော့ဘူး‌ပေါ့။ ပြည်သူ‌တွေဘက်တွက်ပြီး‌တော့ ‌စေတနာပါပဲ။ အချို့‌ဈေးသား‌တွေက အပြင်ထွက်ပြီး‌တော့ ‌ဈေး‌ရောင်းရတဲ့ အဆင့်‌ရောက်တယ်။ ‌ဈေးက အဆင့်မမှီ‌တော့ဘူး။ ဒါ‌ပေမယ့် ‌ဈေးသူ‌ဈေးသား‌တွေက ဆန္ဒမရှိ‌တော့ သူတို့သ‌ဘောပါပဲ။ သူတို့မလုပ်ချင်ရင် ကျ‌နော်တို့ မလုပ်‌ပေးရုံပဲ”ဟု ‌ပြောသည်။

ဘုရင့်‌နောင်‌ဈေးအသစ်တည်‌ဆောက်‌ရေးကို ဖားစည်၊ သံလွင်နှင့် ဇွဲကပင်ကုမ္ပဏီတို့က တာဝန်ယူ တည်‌ဆောက်သွားမည်ဖြစ်ပြီး အထပ်‌ပေါင်း ၃ ထပ်၊ ဆိုင်ခန်း ၄၇ဝခန်း၊ တစ်ခန်းကို ကျပ်‌ငွေ ၁၂သိန်း ပြန်လည်‌ရောင်းချသွားမည်ဖြစ်ကာ ‌ဈေးသည်‌ဟောင်းများကို ဦးစား‌ပေး ‌ရောင်းချသွားမည်ဟု ‌တွေ့ဆုံပွဲတွင် ချပြ‌ဆွေး‌နွေးခဲ့ကြသည်။

မြဝတီမြို့ အမှတ် (၅)ရပ်ကွက်ရှိ ဘုရင့်‌နောင်‌ဈေးကို ၁၉၉၂ခုနှစ်၌ မြဝတီမြို့ခံ တစ်ဦးဖြစ်သူ ဦး‌အောင်သန်းက ဦး‌ဆောင် တည်‌ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။