Home ထိပ်တန်းသတင်း မြဝတီ-‌ကော့ကရိတ် အ‌ဝေး‌ပြေးအာရှလမ်းမတွင် ဂိတ်‌ကြေး‌ကောက်ခံမှု ‌လျှော့ချ

မြဝတီ-‌ကော့ကရိတ် အ‌ဝေး‌ပြေးအာရှလမ်းမတွင် ဂိတ်‌ကြေး‌ကောက်ခံမှု ‌လျှော့ချ

2774

ဇွန် ၁၆ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ကရင်ပြည်နယ်ရှိ မြဝတီ-‌ကော့ကရိတ်အ‌ဝေး‌ပြေးအာရှလမ်းမတွင် အစိုးရစစ်တပ် အပါအဝင် ကရင်လက်နက် ကိုင်အဖွဲ့တို့မှ ‌ငွေ‌ကြေး‌ကောက်ခံသည့် ဂိတ် ၇ခုရှိခဲ့ရာ ဇွန် ၁၅ရက်‌နေ့မှစ၍ ဂိတ် ၃ခုသာ ထားရှိသလို ဂိတ်‌ကြေးလည်း ‌လျှော့ချ‌ကောက်ခံ‌နေပြီဖြစ်သည်။

ယင်းဂိတ် ၇ခုသည် ယခင်က ‌ခြောက်ဘီးအထက် ကုန်တင်ယာဉ်ကားများကို တင်‌ဆောင်သည့် ကုန်ပစ္စည်း အမျိုးအစားများအ‌ပေါ်မူတည်၍ ‌ကောက်ခံခဲ့ကာ ခရီးသည်တင်ယာဉ်ကားကိုမူ ဂိတ်တစ်ခုလျှင် ၂,၀၀ဝမှ ၃,၀၀ဝကျပ်အထိ ‌ကောက်ခံခဲ့ပြီး ယခုဆိုလျှင် ဂိတ်‌ကြေးကုန်ကျမှုမှာ ထက်ဝက်အထိ ‌လျော့ကျသွားသည်ဟု သိရသည်။

ခရီးသည်တင် ယာဉ်‌မောင်းသမားတစ်ဦးဖြစ်သူ ‌စောဖိုးချစ်က “အရင်တုန်းကဆို ဒီလမ်းမ‌ပေါ်မှာ ၇ဂိတ် ‌လောက်ကို ရှိတယ်။ ‌နောက်ပြီး သူ့တို့က သတ်သတ်မှတ်မှတ်‌တောင်းတာ မဟုတ်ဘဲ ‌တောင်းချင်သလို ‌တောင်း ‌နေ‌တော့ သွားလာလုပ်ကိုင်စား‌သောက်ရတာ ဒုက္ခ‌တွေ့တယ်။ ဒါ‌ပေမဲ့ အခုလို ဂိတ်‌ကြေးကို စု‌ပေါင်းပြီး ‌လျှော့‌ကောက်ခံလာတဲ့အ‌ပေါ်မှာ‌တော့ ကြိုဆိုရမှာပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အမည်မ‌ဖော်လိုသူ ကရင်လက်နက်ကိုင်အဖွဲ့အစည်းနှင့် နီးစပ်သူတစ်ဦးက “ဂိတ်‌လျှော့ချပြီး ဒီလိုစု‌ပေါင်းဂိတ်ကို ဖွင့်လှစ်ရခြင်းက လက်ရှိ အာရှလမ်းမကို အသုံးပြု သွားလာ‌နေတဲ့ ခရီးသွားပြည်သူ‌တွေနဲ့ နယ်စပ်ကုန်သွယ်သူ ‌တွေအတွက် သွားလာမှုမှာ အဆင်‌ပြေ‌ချေား‌မွေ့‌စေဖို့ ရည်ရွယ်ဖွင့်လှစ်‌ကောက်ခံတာဖြစ်တယ်”ဟု ‌ပြောသည်။

ထိုသို့ ‌ငွေ‌ကြေး‌လျှော့ချ‌ကောက်ခံရာတွင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၊ KNU/KNLA ငြိမ်းချမ်း‌ရေး ‌ကောင်စီနှင့် ဒီမိုက‌ရေစီ အကျိုးပြု ကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)တို့၏ စု‌ပေါင်းဂိတ် နှစ်ခုအနက် အဝင်တစ်ဂိတ်ကိုသာ ‌ပေး‌ဆောင်ရခြင်းပြီး နယ်ခြား‌စောင့် တပ်(BGF) ဂိတ်တစ်ခုလည်း ရှိ‌နေ‌သေး‌ကြောင်း သိရသည်။

BGF ဂိတ် ထားရှိခြင်းနှင့် ပတ်သက်၍ အမည်မ‌ဖော်လိုသူ ခရီးသည်တစ်ဦးက “BGF ဂိတ်က နှစ်‌ထောင်‌တောင်း ‌သေးတယ်။ တကယ်ဆိုရင် လခစား‌တွေ။ ဂိ်တ်‌ကြေး ‌ကောက်ယူဖို့ဆိုတာ မဖြစ်သင့်ဘူး။ တခြား‌တော်လှန်‌ရေး လက်နက်ကိုင်အဖွဲ့အစည်း‌တွေက ဒီလမ်းဂိတ်‌ကြေး‌တွေနဲ့ သူတို့ရဲ့ ပြည်သူ‌ထောက်ပံ့မှုအ‌ပေါ်မှာပဲ မှီခို‌နေရတာ ‌ကြောင့် ‌ကောက်ယူမှုပြုတာ နားလည်‌ပေးနိုင်တယ်”ဟုု ‌ကေအိုင်စီသို့ ‌ပြောသည်။

စု‌ပေါင်းဂိတ် ထားရှိပြီး ဂိတ်‌ကြေး‌လျှော့ချ‌ကောက်ခံရန် အစီအစဉ်ကို ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ ‌တော်(KNLA) တပ်မဟာ(၇)ဌာနချုပ်တွင် ယခင် ‌မေ ၂၈ရက်မှ ၂၉ရက်‌နေ့အထိ ပြုလုပ်သည့် ကရင်လက် နက်ကိုင်များညီညွတ်‌ရေး‌ကော်မတီ၏ အ‌ရေး‌ပေါ်အစည်းအ‌ဝေး ဆုံးဖြတ်ချက်အတိုင်း အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ခြင်းဖြစ်သည်။