Home သတင်း ဒုက္ခသည်များ ပြန်ပို့‌ရေး တိကျသည့် အာမခံချက်ရှိရန် လိုအပ်‌ကြောင်း ကရင်လူမှုအဖွဲ့ ‌ထောက်ပြ

ဒုက္ခသည်များ ပြန်ပို့‌ရေး တိကျသည့် အာမခံချက်ရှိရန် လိုအပ်‌ကြောင်း ကရင်လူမှုအဖွဲ့ ‌ထောက်ပြ

1462

ဇွန် ၂၃ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် ခိုလှုံ‌နေကြသည့် မြန်မာဒုက္ခသည်များအား ‌နေရပ်ရင်းသို့ ပြန်လည်ပို့‌ဆောင်‌ရေး အစီအစဉ်မှာ တိကျမှန်ကန်သည့် အာမခံချက်ရှိရန် လိုအပ်‌ကြောင်း ထိုင်း-မြန်မာနယ်စပ်တွင် ယ‌နေ့ ပြုလုပ်သည့် ဒုက္ခသည်များ ပြန်လည်‌နေ ရာချထား‌ရေးအစီအစဉ်အ‌ပေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး-UNHCR နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးရာတွင် နယ်စပ် အ‌ခြေစိုက် ကရင်လူမှုအဖွဲ့အစည်း (KCBOs)က ‌ထောက်ပြ‌ပြောဆိုလိုက်သည်။

KWO အမြဲတမ်းဗဟို‌ကော်မတီဝင် ‌နော်‌ဘော့‌ညောက ̏ ဒုက္ခသည်‌တွေကို ပြန်လည်‌နေရာချထားမယ့် အစီအစဉ်မှာ‌တော့ တိကျ မှန်ကန်တဲ့ အာမခံချက်ရှိ‌စေချင်တယ်။ အခု မိမိတို့ရဲ့ ‌နေရာ‌ဒေသပြန်လို့ရှိရင် ဘာအာမခံချက်ရှိလဲ။ ဆိုလိုချင်တာက ‌ကျေးလက် ‌ဒေသမှာရှိတဲ့ လူထု‌တွေနဲ့ ခွဲခြားဆက်ဆံမှုရှိမှာပဲ။ ဒါ‌ကြောင့်မို့လို့ နှစ်ဖက်လုံး လက်ခံနိုင်တဲ့အဆင့် ညှိနှိုင်းမှုရှိမှသာလျှင် ပြန် လည်ချထား‌ရေးမှာလည်း အ‌ထောက်အပြုမယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ထို့အပြင် လတ်တ‌လောအချိန်၌ ‌မြေမြှုပ်မိုင်းအန္တရာယ်၊ ‌နေရာ၊ စားနပ်ရိက္ခာ၊ ကျန်းမာ‌ရေး၊ ပညာ‌ရေးနှင့် လုံခြုံ‌ရေးအပိုင်းတို့တွင် အလွန်စိုးရိမ်‌နေရသည့် အ‌ခြေအ‌နေတွင် ရှိ‌နေဆဲဖြစ်၍ ဒုက္ခသည်များ ပြန်လည်ပို့‌ဆောင်မှုအစီအစဉ်ကို လုံးဝ မ‌ဆောင်ရွက်သင့် ‌သေး‌ကြောင်း သူမက ဖြည့်စွက်‌ပြောဆိုသည်။

UNHCR ၏ ထိုင်းနိုင်ငံ အကြီးတန်း တာဝန်ရှိသူ Mr. Iain Hall ၊ KWO, ကရင်‌ကျောင်းသားများကွန်ရက် (KSNG)၊ ကရင်လူ့အ ခွင့်အ‌ရေးအဖွဲ့(KHRG) စသည့်ကရင်လူထုအ‌ခြေပြုအဖွဲ့များနှင့် ဒုက္ခသည်စခန်းများမှ ကိုယ်စားလှယ်အချို့ တက်‌ရောက်သည့် ၎င်း‌ဆွေး‌နွေးပွဲတွင် ဒုက္ခသည်များ ပြန်လည်‌နေရာချထား‌ရေး အစီအစဉ်အ‌ပေါ် UNHCR ၏ လမ်းပြ‌မြေပုံနှင့် ‌ပေါ်လစီရပ်တည် ချက်တို့ကို ရှင်းလင်းချပြပြီး‌နောက် အပြန်အလှန် ‌မေးမြန်း‌ဆွေး‌နွေးခဲ့ကြသည်။

မယ်လဒုက္ခသည်စခန်းမှ ‌နော်မာသာဖိုးက ̏အခု နိုင်ငံ‌ရေး အ‌ခြေအ‌နေအရ ကျမတို့ လုံးဝကို ပြန်လို့မရ‌သေးဘူး။ စခန်းမှာ ‌နေတဲ့ အချိန်မှာ အလှူရှင်‌တွေက ကျမတို့ကို ‌ကျွေး‌မွေးရမှာပဲ။ မ‌ကျွေးရင် ကျမတို့ ဘာနဲ့သွားစားရမလဲ။ အပြင်လည်း ထွက်ခွင့်မ‌ပေး ဘူး။ အ‌ခြေအ‌နေအားလုံး‌ကောင်းသွားရင် ကျမတို့ကို ပြန်ပို့စရာ‌တောင် မလိုအပ်ဘူး။ ကိုယ့်ဖာသာကိုယ် တန်းပြန်လို့ရပါတယ်״ ဟု ‌ပြောသည်။

မြန်မာအစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအ‌နေဖြင့် ထိုင်း-မြန်မာ နယ်စပ်တ‌လျှောက်ရှိ ဒုက္ခသည်များ၏ အခွင့်အ‌ရေးကို ကာ ကွယ်ရန်နှင့် အချိန်မတန်ဘဲ ‌နေရပ်ရင်းသို့ ပြန်လည်ပို့‌ဆောင်မှုများ မပြုလုပ်ရန် ဇွန်လ ၂ဝရက်‌နေ့က ကျ‌ရောက်‌သော ကမ္ဘာ့ ဒုက္ခသည်များ‌နေ့တွင် ကရင်အမျိုးသမီးအစည်းအရုံးက ‌ကြေညာချက်ထုတ်ပြန်၍ ‌တောင်းဆိုခဲ့သည်။

၂၀၁၂ခုနှစ်မှစ၍ မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူလက်မှတ်‌ရေးထိုးပြီးသည့်‌နောက်ပိုင်း နယ်စပ်‌ဒေသရှိ ဒုက္ခသည်များအား ပြန်လည်ပို့‌ဆောင်‌ရေးကို ‌ပြောဆိုမှုမျိုးစုံ ထွက်‌ပေါ်လာခဲ့သည့်အ‌ပေါ် မိမိသ‌ဘောဖြင့် ‌နေရပ်ပြန်သွားသူများမှာ ၂၀၁၅၊ မတ်လအထိ တစ်‌သောင်းခန့်ရှိ‌ကြောင်း UNHCR က မှတ်တမ်းပြုစုထားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ပဋိပက္ခ‌ကြောင့် ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ဒုက္ခသည်စခန်း (၉)ခုတွင် ဆယ်စုနှစ် သုံးခု ကြာ ခိုလှုံ‌နေကြသည့် ဒုက္ခသည်ဦး‌ရေမှာ လက်ရှိတွင် တစ်သိန်းတစ်‌သောင်း (၁၁၀,၀၀၀)‌ကျော်ရှိသည်ဟု ဒုက္ခသည်များအ‌ရေး ‌ဆောင်ရွက်သူများ၏ စာရင်းမှတ်တမ်းအရ သိရသည်။