Home သတင်း ကရင်တက္ကသိုလ်‌ကျောင်းသားများဖလား ‌ဘောလုံးပြိုင်ပွဲ စတင်ကျင်းပ

ကရင်တက္ကသိုလ်‌ကျောင်းသားများဖလား ‌ဘောလုံးပြိုင်ပွဲ စတင်ကျင်းပ

1784

ဇွန် ၂၁ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

ကရင်တိုင်းရင်းသားများ စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ (တက္ကသိုလ်များ ရန်ကုန်)က ဦးစီးကျင်းပသည့် ဒုတိယအကြိမ် ကရင် တက္ကသိုလ်‌ကျောင်းသားများဖလား ‌ဘောလုံးပြိုင်ပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်ပညာ‌ရေးတက္က သိုလ်‌ဘောလုံးကွင်း၌ ဇွန်လ ၂ဝရက်၊ မွန်းလွဲ ၂နာရီတွင် စတင် ကျင်းပခဲ့သည်။

ပြိုင်ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီ ဥက္ကဋ္ဌ၊ ပထဝီဝင်ဌာန ရန်ကုန်အ‌ရှေ့ပိုင်းတက္ကသိုလ် ပါ‌မောက္ခ(ဋ္ဌာနမှူး) ‌ဒေါက်တာ‌နော်ဟယ်လင် က “ပညာ‌ရေးမှာသာမက အားကစားမှာလည်း တက်တက်ကြွကြွ ပါဝင်တဲ့ ‌ကျောင်းသူ‌ကျောင်းသားများရဲ့ စိတ်ဓါတ်ကို တီချယ့် အ‌နေနဲ့ ဂုဏ်ယူမှတ်တမ်းတင်ပါတယ်။ အားကစားစိတ်ဓါတ်နဲ့ ပါဝင်ကစားကြပါလု့ိ တီချယ့်အ‌နေနဲ့ တိုက်တွန်းချင်တယ်”ဟု ဖွင့် ပွဲအခမ်းအနား၌ အမှာစကား‌ပြောရာတွင် ထည့်သွင်း‌ပြောကြားခဲ့သည်။

အဆိုပါ‌ဘောလုံးပြိုင်ပွဲမှာ ကရင်တက္ကသိုလ် ‌ကျောင်းသူ‌ကျောင်းသားများ တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးမှုရှိရန်၊ ကရင်တက္ကသိုလ် ‌ကျောင်းသူ‌ကျောင်းသားများကို ကရင်တစ်မျိုးသားလုံးက မည်သို့‌မျှော်မှန်းအားထားသည်ကို သိရှိပြီး တက္ကသိုလ် စာယဉ်လှုပ်ရှား မှုများတွင် အားလုံး တက်တက်ကြွကြွ ပါဝင်လုပ်‌ဆောင်နိုင်ရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်သည်ဟု ပြိုင်ပွဲဖြစ်‌မြောက်‌ရေး‌ကော်မ တီ အတွင်း‌ရေးမှူး၊ ရန်ကုန်ပညာ‌ရေးတက္ကသိုလ် စတုတ္ထနှစ်‌ကျောင်းသား စဇွန်မိုးဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဇွန်လ ၂ဝရက်‌နေ့မှ ဇူလိုင်လ ၁၂ရက်‌နေ့အထိ ကျင်းပမည့် ယင်း‌ဘောလုံးပွဲကို အသင်း‌ခြောက်သင်း၊ အုပ်စုနှစ်စုဖြင့် ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး အုပ်စု(က)တွင် ‌မှော်ဘီနည်းပညာတက္ကသိုလ်၊ ရန်ကုန်ပညာ‌ရေးတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ် ‌ဘောလုံးအ သင်းတို့ ပါဝင်သည်။
IMG_1567
အလားတူ အုပ်စု(ခ)တွင် ပြည်‌ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုး‌ရေး ဒီဂရီ‌ကောလိပ်အသင်း၊ နည်းပညာတက္က သိုလ်(သန်လျင်)နှင့် သမဝါယမတက္ကသိုလ်(သန်လျင်)တို့ဖြင့် စုဖွဲ့ထားသည့် ညွန့်‌ပေါင်းအသင်းနှင့် ရန်ကုန်အ‌နောက်ပိုင်း နည်း ပညာတက္ကသိုလ်(လှိုင်သာယာ)အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယမန်‌နေ့ ဖွင့်ပွဲအခမ်းအနားသို့ ပြိုင်ပွဲဝင်‌ဘောလုံးအသင်းများမှ အားကစားသမားများ၊ ဆရာဆရာမများ၊ ‌ကျောင်းသူ‌ကျောင်း သားများ စုစု‌ပေါင်း ၂ဝဝဦးခန့် တက်‌ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် အုပ်စု(က)ပထမ ပွဲစဉ်အဖြစ် နည်းပညာတက္ကသိုလ် (‌မှော်ဘီ)အသင်းနှင့် ရန်ကုန်ပညာ‌ရေးတက္ကသိုလ် ‌ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်ပညာ‌ရေးတက္ကသိုလ်အ သင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။

ယင်း‌ဘောလုံးပွဲ လာ‌ရောက်အား‌ပေးခဲ့သည့် ရန်ကုန်ပညာ‌ရေးတက္ကသိုလ်၊ တတိယနှစ်‌ကျောင်းသူ နန်းသင်းကလျာကိုက “အခု လို ကရင်‌ကျောင်းသူ‌ကျောင်းသား‌တွေ အတူတကွ အားကစားပြိုင်ပွဲ ပြုလုပ်နိုင်တာ ဂုဏ်ယူတယ်။ ဒီလိုပဲ တက္ကသိုလ် စာယဉ်အ လုပ်‌တွေကိုလည်း အတူတကွ တက်တက်ကြွကြွ ဝိုင်းလုပ်‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်တိုင်းရင်းသားများ စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ(တက္ကလိုလ်များ-ရန်ကုန်)အ‌နေဖြင့် တက္ကသိုလ်ကရင်မဂ္ဂဇင်း၊ ပြက္ခဒိန် ထုတ်‌ဝေခြင်း၊ ‌မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ တက္ကသိုလ်ဒုံးအဖွဲ့ ဖွဲ့စည်းကာ အခမ်းအနားများတွင် ပါဝင်ကပြခြင်းများ ပြုလုပ်‌လေ့ရှိ သလို ပထမအကြိမ် ကရင်တက္ကသိုလ်‌ကျောင်သားများ ‌ဘောလုံးပွဲကို ၂၀၁၄ခုနှစ်၊ ဇွန်လ ၂၈ရက်‌နေ့မှ ဇူလိုင်လ ၂ဝရက်‌နေ့အ ထိ ပြုလုပ်ခဲ့ပြီး ပြည်‌ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုး‌ရေး ဒီဂရီ‌ကောလိပ်အသင်းက ဗိုလ်စွဲခဲ့သည်။