Home သတင်း မိုးဦးကာလ မယ်‌တော်‌ဆေးခန်းတွင် တုပ်‌ကွေးလူနာ များပြားလာ

မိုးဦးကာလ မယ်‌တော်‌ဆေးခန်းတွင် တုပ်‌ကွေးလူနာ များပြားလာ

1476

ဇွန် ၂၂ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအား ကျန်းမာ‌ရေးပံ့ပိုး‌ပေး‌နေသည့် မယ်‌တော်‌ဆေးခန်းတွင် ယခုလ ဆန်းပိုင်းမှစ၍ တုပ်‌ကွေး‌ရောဂါဖြစ်ပွားသူ ‌ဝေဒနာရှင်လူနာ သိသိသာသာများလာသည်ဟု ‌ဆေးခန်း၏ တုပ်‌ကွေး‌ရောဂါ ကာ ကွယ်မှုဆိုင်ရာ ပညာ‌ပေး‌ရေးအဖွဲ့က ‌ပြောသည်။

ယခင်က တုပ်‌ကွေး‌ရောဂါဖြစ်ပွားသူ လူနာ အနည်းငယ်သာရှိခဲ့ရာမှ ယခု မိုးဦးရာသီ အကူးအ‌ပြောင်းကာလတွင် ‌ရောဂါဖြစ်ပွား သူလူနာ ၁၅နှစ်‌အောက် က‌လေး ၄၈ဦးနှင့် ၁၅နှစ်အထက် လူကြီး ၂၃ဦး စုစု‌ပေါင်း ၇၁ဦးအထိ ‌တွေ့ရှိရသည်ဟု တုပ်‌ကွေး‌ရောဂါ ကာကွယ်မှုဆိုင်ရာ ပညာ‌ပေး‌ရေးအဖွဲ့မှ ‌စောစံမြင့်ထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “တုပ်‌ကွေး‌ရောဂါဆိုတာက ခြင်‌ကြောင့် ကူးတယ်။ ဒီမိုးရာသီမှာ ခြင်း‌တွေ ‌ပေါက်ဖွားတဲ့ရာသီဖြစ်‌တော့ ဒီရာသီကူး‌ပြောင်း အစမှာ ‌ပေါက်ဖွားလာတဲ့ခြင်‌တွေ‌ကြောင့်ပဲ ထင်ပါတယ်။ ဖြစ်တဲ့‌နေရာက‌တော့ နယ်စပ်‌ဒေသမှာရှိတဲ့ ‌ရွှေ့‌ပြောင်းအလုပ်သမား ‌တွေမှာပဲ အဖြစ်များပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တုပ်‌ကွေး‌ရောဂါသည် ခြင်ကိုက်ခြင်းမှတစ်ဆင့် ကူးစက်တတ်‌သော ‌ရောဂါဖြစ်၍ ခြင်‌ထောင်ဖြင့် အိပ်စက်ခြင်း၊ ခြင်‌ဆေးလိမ်း‌ပေး ခြင်း၊ အိမ်ပတ်ဝန်းကျင်ရှိ ချုံပုတ်များကို ရှင်းလင်းခြင်းဖြင့် တုပ်‌ကွေး‌ရောဂါ မဖြစ်ပွား‌အောင် ကြိုတင်ကာကွယ်ထားနိုင်သည်ဟု ‌စောစံမြင့်ထွန်းက ‌ပြောသည်။

‌ဆေးကုသမှုခံရသူ မြဝတီမြို့မှ က‌လေးလူနာ မိခင်တစ်ဦးက “စစချင်းက ကိုယ်လည်း မသိဘူး။ ဒီလိုဖြစ်သွားတာ‌ပေါ့‌နော်။ စားဖို့ ‌သောက်ဖို့ အလုပ်ကိုပဲ လုံးပမ်းအားစိုက်‌နေရတယ်။ က‌လေးကို‌တော့ လုံးဝ ဂရုမစိုက်ခဲ့ဘူး။ အခု တာရှည်သွားတာ‌ပေါ့။ စိတ် လည်း မ‌ကောင်းဘူး။ က‌လေးက သနားပါတယ်״ဟု ‌ပြောသည်။

တုပ်‌ကွေး‌ရောဂါမှာ အဖျားတက်ခြင်း၊ ‌ခေါင်းကိုက်ခြင်း၊ အရိုးအဆစ်ကိုက်ခဲခြင်း၊ ခန္ဓာကိုယ်တွင် အနီစက်များ ထွက်‌ပေါ်လာခြင်း စသည့် ‌ရောဂါလက္ခဏာများကို ‌တွေ့ရှိရသည့်အပြင် ‌သွေးအန်သည်အထိ အ‌ခြေအ‌နေ ဆိုးရွားလာပါက အသက်အန္တရာယ်ပါ ခြိမ်း‌ခြောက်လာနိုင်‌ကြောင်း ကျန်းမာ‌ရေးဝန်ထမ်းများ၏ ‌ပြောပြချက်အရ သိရသည်။

ထို်င်း-မြန်မာနယ်စပ်‌ဒေသရှိ မြန်မာဒုက္ခသည်စခန်းအချို့၌လည်း ယခုရက်ပိုင်းအတွင်း ငှက်ဖျား‌ရောဂါဖြစ်ပွားမှု အလားတူ တိုး များလာသလို မယ်‌တော်‌ဆေးခန်း၌ ယခုလဆန်းပိုင်းမှစ၍ တစ်ရက်ကို လူနာ (၄၀၀)ခန့် လာ‌ရောက် ‌ဆေးကုသမှုခံယူခဲ့ရာတွင် တုပ်‌ကွေး‌ရောဂါဖြစ်ပွားသူ လူနာ (၁၀)ဦးထက်မနည်း ပါဝင်သည်ဟု ‌ဆေးခန်း၏ လူနာမှတ်တမ်းအရ သိရသည်။