Home သတင်း ကရင်အမျိုးသမီးများ ဦး‌ဆောင်မှုအပိုင်း၌ ပါဝင်‌ရေး စွမ်းရည်မြှင့်တင်ရန်လိုအပ်ဟု KWO ဥက္ကဋ္ဌ‌ပြော

ကရင်အမျိုးသမီးများ ဦး‌ဆောင်မှုအပိုင်း၌ ပါဝင်‌ရေး စွမ်းရည်မြှင့်တင်ရန်လိုအပ်ဟု KWO ဥက္ကဋ္ဌ‌ပြော

1560

ဇွန် ၂ဝရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသမီးများအ‌နေဖြင့် အမျိုးသားအ‌ရေးနှင့် နိုင်ငံ့အ‌ရေးအရာများတွင် အဓိကအခန်းကဏ္ဍများမှ ဦး‌ဆောင်ပါဝင်နိုင်ရ မည်ဖြစ်ပြီး ယင်းအတွက် စွမ်းရည်မြှင့်တင်မှုများ ပြုလုပ်သွားရန် လိုအပ်‌ကြောင်း ဇွန်လ ၈ရက်မှ ၁၉ရက်‌နေ့အထိ ကရင်ပြည် နယ်ရှိ KNU ထိန်းချုပ်နယ်‌မြေတစ်‌နေရာတွင် ကျင်းပခဲ့သည့် အမျိုးသမီးစွမ်းရည်မြှင့်တင်မှုဆိုင်ရာ နှီး‌နှောဖလှယ်ပွဲအပြီးတွင် ကရင်အမျိုးသမီးအစည်းအရုံး-KWO ဥက္ကဋ္ဌ နန်းဒါးအဲ့ကလယ်က ‌ပြောကြားလို်က်သည်။

သူမက “ကျမတို့ ကရင်အမျိုးသမီး‌ခေါင်း‌ဆောင်‌တွေကိုယ်တိုင် မိမိအဖွဲ့အစည်းအတွင်း စီမံအုပ်ချုပ်နိုင်ရုံမကဘဲ အဲဒီက‌နေတစ် ဆင့် အမျိုးသား‌ရေးနဲ့ နိုင်ငံအ‌ရေး‌တွေမှာ ဦး‌ဆောင်နိုင်ပြီး အဓိကကျတဲ့ ဆုံးဖြတ်ချက်‌တွေမှာ ပါဝင်ဦး‌ဆောင်တဲ့ အရည်အ‌သွေး ‌တွေ ရှိလာဖို့အတွက် စွမ်းရည်မြှင့်တင်မှု‌တွေ လိုအပ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့က ပြီးစီးခဲ့‌သော အဆိုပါစွမ်းရည်မြှင့်တင်မှုဆိုင်ရာ နှီး‌နှောဖလှယ်ပွဲတွင်လည်း အစည်းအရုံး၏ လုပ်ငန်းပိုင်းဆိုင်ရာများ ကို ပြန်လည်‌ဆွေး‌နွေးခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအ‌ပေါ် ‌လေ့လာသုံးသပ်ခြင်း၊ ဖက်ဒရယ်ပြည်‌ထောင်စုစနစ်ကို ‌လေ့လာခြင်း၊ ငြိမ်းချမ်း ‌ရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်နိုင်သည့် အခန်းကဏ္ဍများ၊ သတင်းမီဒီယာနှင့် ဆက်စပ်‌ဆောင်ရွက်နိုင်သည့် အ‌ခြေ အ‌နေများကို ‌ဆွေး‌နွေးဖလှယ်ခဲ့ကြသည်ဟု သိရသည်။

ထိုမှတဆင့် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ပြုလုပ်‌သော ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များမှ ‌ဒေသအ လိုက် အဆင့်ဆင့်‌သော ‌ဆွေး‌နွေးမှုများတွင် အမျိုးသမီးများ၏အသံ၊ အမျိုးသမီးများ၏ လိုအပ်ချက်များကို အနည်းဆုံး ကိုယ်စား ပြုနိုင်သည်အထိ ‌မျှော်လင့်‌ကြောင်းလည်း သူမက ဆက်‌ပြောသည်။
DSC00566
အဆိုပါနှီး‌နှောဖလှယ်ပွဲကို ကရင်ဒုက္ခသည်စခန်း (၇)ခုနှင့် ခရိုင်(၇)ခုမှ KWO ဗဟိုအမြဲတမ်း‌ကော်မတီဝင် (၄၀)ဦးတို့ တက် ‌ရောက်ခဲ့ကြပြီး ကရင်အမျိုးသားအစည်းအရုံး-KNU ‌ခေါင်း‌ဆောင်တစ်ချို့၊ ဥပ‌ဒေအ‌ထောက်အကူပြုကွန်ရက် တည်‌ထောင်သူ Founder of Legal Aid Network (LAN)မှ ‌ရှေ့‌နေ ဦး‌အောင်ထူး၊ မြန်မာ့အ‌ရေးပူး‌ပေါင်း‌ဆောင်ရွက်သူများအဖွဲ့ Burma Partnership တာဝန်ခံ ‌ဒေါ်ခင်ဥမ္မာ၊ ကရင်သတင်းဋ္ဌာနမှ နန်း‌ဖော့‌ဂေတို့ ပါဝင်‌ဆွေး‌နွေးဖလှယ်ခဲ့ကြသည်။

ယခုပြုလုပ်ခဲ့‌သော နှိး‌နှောဖလှယ်ပွဲကို ပါဝင်တက်‌ရောက်ခဲ့သူ ‌နော်ထီးမူး‌ဖောက “ဒီနှီး‌နှောဖလှယ်ပွဲ‌တွေက‌နေတဆင့် ‌ဆွေး‌နွေး ဖလှယ်ခဲ့ရတဲ့ အ‌ကြောင်းအရာ‌တွေအားလုံးက ကျမတစ်‌ယောက်အ‌နေနဲ့ ဗဟုသုတ အများကြီးရခဲ့တာ‌ပေါ့။ ဒီအသိ‌တွေကိုလည်း ကျမတို့အ‌နေနဲ့ ကိုယ်စားပြုပြီး တက်‌ရောက်ရတဲ့အတွက် ကျန်ခဲ့တဲ့လူ‌တွေကို ပြန်လည်မျှ‌ဝေ‌ပေးဖို့ လုပ်သွားမှာပါ။ လုပ်သွားဖို့အ တွက်လည်း တာဝန်ရှိပါတယ်”ဟု ဆိုသည်။

KWO အ‌နေဖြင့် အမျိုးသမီးများစွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာ နှီး‌နှောဖလှယ်ပွဲကို ၂၀၁၅ခုနှစ်အတွင်း ပြုလုပ်ခဲ့သည်မှာ ဒုတိယအ ကြိမ်‌မြောက်ဖြစ်ပြီး အမျိုးသမီးများ၏ ပညာ‌ရေး၊ စွမ်းရည်မြှင့်တင်ခြင်းသင်တန်းများ၊ အမျိုးသမီး‌ခေါင်း‌ဆောင်မှုသင်တန်း‌ကျောင်း များ ဖွင့်လှစ်‌ပေးခြင်း စသည့်ကရင်အမျိုးသမီးများဆိုင်ရာ လုပ်ငန်းများကို လုပ်‌ဆောင်လျှက်ရှိသည်။