Home သတင်း ‌ကော့ကရိတ်မြို့နယ်၌ အစိုးရ ကားလမ်း‌ဖောက်လုပ်မှု‌ကြောင့် ‌ဒေသခံများ၏ ရာဘာခြံများ ဆုံးရှုံးမှုရှိ

‌ကော့ကရိတ်မြို့နယ်၌ အစိုးရ ကားလမ်း‌ဖောက်လုပ်မှု‌ကြောင့် ‌ဒေသခံများ၏ ရာဘာခြံများ ဆုံးရှုံးမှုရှိ

2028

‌ဖေ‌ဖော်ဝါရီ ၁ဝရက်၊ ၂၀၁၅ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်တွင် ‌တောင်ကြားအင်း၊ ‌လောင်းကိုင်၊ ဖားကျ‌ကျေးရွာအထိ အရှည် ၃မိုင် ရှိ‌သောလမ်းကို အစိုးရ ‌ဆောက်လုပ်‌ရေးအထူးအဖွဲ့(၁)မှ ကားလမ်း‌ဖောက်လုပ်မှု‌ကြောင့် ‌ဒေသခံများ ၏ ရာဘာခြံများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိ‌ကြောင်း သိရှိရသည်။

ယင်းလမ်းကို ‌ဖေ‌ဖော်ဝါရီ ၁ရက်‌နေ့က ‌လောင်းကိုင်‌ကျေးရွာ၌ စတင်‌ဖောက်လုပ်ခဲ့ပြီး‌နောက် ‌ဒေသခံ၏ ရာဘာခြံ ၂ဝ ‌ကျော်မှ ခြံစည်းရုံးများ၊ ရာဘာပင်များ ပျက်စီးဆုံးရှုံးမှုများရှိသလို လက်ရှိတွင် ‌ကျေးရွာများ အတွင်းသို့ လမ်း‌ဖောက်လုပ်လာရာတွင် သတ်မှတ်ချက် လမ်းဧရိယာတွင် ရှိသည့် ‌ဈေးဆိုင်နှင့် လူ‌နေအိမ် အချို့ ‌ပြောင်း‌ရွှေ့ထား‌ကြောင်း ‌လောင်းကိုင်‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး မန်းချစ်‌အေးက ‌ပြောဆိုသည်။

မန်းချစ်‌အေးက “အခုလိုမျိုး သူတို့လုပ်တာက‌တော့ ‌ဒေသခံလူထု‌တွေအတွက် အခက်အခဲဖြစ်‌နေတာ‌ပေါ့ ‌နော်။ ‌ပြောထားတာနဲ့ ကွဲလွဲမှုရှိ‌နေအခါကျ‌တော့ ‌ဒေသခံ‌တွေလည်း အသံထွက်လာပြီ။ အခု လမ်း‌ဖောက် တာလည်း တရာဝင်စာနဲ့ လာအ‌ကြောင်းကြားတာလည်း မရှိဘူး။ ‌နောက်ပြီး လမ်းလာ‌ဖောက်တာ ‌ဒေသခံ ‌တွေရဲ့ ‌မြေ‌တွေ၊ အိမ်‌တွေထိရင်လည်း ဘာ‌လျော်‌ကြေးမှ မရဘူးလို့ သူတို့‌ပြောထားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

အစိုးရ အာဏာပိုင်များသည် ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၌ လမ်း‌ဖောက်လုပ်ရန်အတွက် ‌ဒေသခံအုပ်ချုပ်‌ရေးမှူး နှင့် လာ‌ရောက်ညှိနှိုင်းစဉ်က ‌ကျေးရွာအပြင် လမ်းအကျယ် ‌ပေ ၅ဝ နှင့် ‌ကျေးရွာအတွင်း လမ်းအကျယ် ၃၄ ‌ပေ ‌ဖောက်လုပ်ရန် ကနဦးသ‌ဘောတူထား‌သော်လည်း လုပ်ငန်းလက်‌တွေ့အ‌ကောင်အထည်‌ဖော်သည့်အခါ ‌ကျေးရွာအပြင် ‌ပေ ၁၅ဝ နှင့် ‌ကျေးရွာအတွင်း ‌ပေ ၅ဝ အထိ ‌ဖောက်လုပ်‌နေ‌ကြောင်း သိရသည်။

လမ်း‌ဖောက်လုပ်ရာတွင် ရာဘာခြံထိသွားသည့် ‌လောင်းကိုင်‌ကျေးရွာမှ ‌နော်လှတင်က “သူတို့ လမ်း‌ဖောက် မယ်ဆိုတာ ဘာမှ မ‌ပြောဘူး။ ရာဘာက‌တော့ ၃ တန်းပါသွားတယ်။ အပင် ၄၀‌ကျော် ပျက်စီးသွားတယ်။ သံဆူးကြိုး‌တွေ ‌ပျောက်ကုန်ပြီး။ ကျမတို့လည်း ဘာမှ မတတ်နိုင်ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ် ဥက္ကဌ ‌စော‌ကျော်‌ကော့က “အစိုးရဘက်က ကျ‌နော်တို့ကို ပြီးခဲ့တဲ့နှစ်က တစ်ကြိမ်၊ ဒီ‌နွေပိုင်းမှာ တစ်ကြိမ် လာ‌ပြောတယ်။ ဒီလမ်း‌ဖောက်ဖို့ အခု လာ‌ဖောက်‌နေပြီးဆိုတာလည်း ကျ‌နော်တို့ ဘာမှ မသိရ ဘူး။ ဒီကိစ္စက ပြန်ညှိနှိုင်းရမယ်။ ညှိနှိုင်းလို့ မပြီးမချင်း‌တော့ ဆက်မလုပ်ဖို့ သွား‌ပြောရမယ်”ဟု ‌ပြောဆိုသည်။

‌ကေအဲန်ယူနှင့် အစိုးရတို့အကြား အပစ်အခတ်ရပ်စဲ‌ရေး ယူပြီးသည့်‌နောက်ပိုင်း ၎င်း‌ဒေသအတွင်းသို့ ‌ဒေသဖွံ့ဖြိုး‌ရေးအတွက် တံတား၊ စာသင်‌ကျောင်း၊ စာကြည့်တိုက်၊ ‌ဆေး‌ပေးခန်းများ ‌ဆောက်လုပ်‌ပေး‌နေ ခြင်းများရှိသည့်အပြင် လက်ရှိတွင် တိုက်နယ်‌ဆေးရုံပါ ‌ဆောက်လုပ်လျှက်ရှိ‌ကြောင်း သိရသည်။