Home သတင်း နိုင်ငံ‌ရေးအ‌ခြေအ‌နေနှင့် လိုက်‌လျောညီ‌ထွေမှုရှိ‌သော ‌ရှေ့လုပ်ငန်းစဉ်ချမှတ်‌ကြောင်း ‌ကေအဲန်ယူ ထုတ်ပြန်

နိုင်ငံ‌ရေးအ‌ခြေအ‌နေနှင့် လိုက်‌လျောညီ‌ထွေမှုရှိ‌သော ‌ရှေ့လုပ်ငန်းစဉ်ချမှတ်‌ကြောင်း ‌ကေအဲန်ယူ ထုတ်ပြန်

1687

‌ဖေ‌ဖော်ဝါရီ ၁ဝရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) တပ်မဟာ(၇)‌လေးဝါးစခန်း၌ ‌ဖေ‌ဖော်ဝါရီ ၃ မှ ၇ရက်‌နေ့အထိ ကျင်းပသည့် ‌ကေအဲန်ယူ (၁၅)ကြိမ်‌မြောက် ကွန်ဂရက်အပြီး သုံးကြိမ်‌မြောက် ဗဟိုအမြဲတမ်း‌ကော်မတီအစည်းအ‌ဝေးတွင် နိုင်ငံ‌ရေးအ‌ခြေအ‌နေနှင့် လိုက်‌လျောညီ‌ထွေမှုရှိ‌သော ‌ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့‌ကြောင်း ‌ကေအဲန်ယူက ထုတ်ပြန်လိုက်သည်။

နိုင်ငံ‌ရေးဖြစ်စဉ်များကို ‌ဆောင်ရွက်သည့်‌နေရာတွင် လက်‌အောက်ခံ ဋ္ဌာနဆိုင်ရာလုပ်ငန်းများနှင့် အပြန်အလှန် အ‌ထောက်အကူပြု‌စေရန် ‌ရှေးရှုပြီး အစည်းအ‌ဝေး တက်‌ရောက်ခဲ့သည့် ‌ကေအဲန်ယူ ‌ကော်မတီဝင် (၄၇)ဦးက ‌ဆွေး‌နွေးမှုပြုလုပ်ခဲ့ကြပြီး‌နောက် ယင်းလုပ်ငန်းစဉ်များကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ‌ဖေ‌ဖော်ဝါရီ ၉ ရက်‌နေ့က ထုတ်ပြန်သည့် ‌ကေအဲန်ယူ ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

‌ကေအဲန်ယူ တွဲဘက်အတွင်း‌ရေးမှူး(၁) ပဒိုမန်းမန်းမန်းက “ဋ္ဌာနဆိုင်ရာ လုပ်ငန်း‌တွေဖြစ်တဲ့ ကျန်းမာ‌ရေး၊ ပညာ‌ရေး စသဖြင့် ‌ဆောင်ရွက်တဲ့‌နေရာမှာ ဒီငြိမ်းချမ်း‌ရေး သွား‌နေတဲ့ Process(ဖြစ်စဉ်)‌ပေါ်မှာ ဘယ်လို သဟဇာတ ဖြစ်မလဲ‌ပေါ့။ ထို့နည်းတူစွာ ငြိမ်းချမ်း‌ရေး Process သွားတဲ့ ‌နေရာမှာလည်းပဲ ဋ္ဌာနဆိုင်ရာ လုပ်ငန်း အ‌နေနဲ့လည်းပဲ အပြန်အလှန်အားဖြင့် ဘယ်လိုအ‌ထောက်အကူပြုမလဲ‌ပေါ့။ အဲဒါပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ချမှတ်မှုအ‌ပေါ် တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထား‌သော နယ်လှည့် ‌ကျောပိုး အိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့(BPHWT)မှ ဒါရိုက်တာ ‌စောဝင်း‌ကျော်က “အခုလို ‌ရှေ့လုပ်ငန်းစဉ်ချတာ ကျ‌နော်တို့ အ‌နေနဲ့ ‌ထောက်ခံတယ်။ ကျ‌နော်တို့ ကျန်းမာ‌ရေးလုပ်ငန်းအ‌နေနဲ့လည်း မဟာဗျူဟာ နည်းဗျူဟာနဲ့ ပတ်သက်လို့ လမ်း‌ကြောင်း ချမှတ်ထားတာရှိပါတယ်။ အခုလည်း ကျ‌နော်တို့ ဝိုင်းပြီး လုပ်‌ဆောင်‌နေပါတယ်”ဟု ‌ပြောသည်။

(၅)ရက်ကြာ ကျင်းပသည့် ‌ကေအဲန်ယူ၏ အမြဲတမ်း ‌ကော်မတီအစည်းအ‌ဝေးတွင် တစ်နှစ်တာအတွင်း လုပ်ငန်းများ၊ နိုင်ငံ‌ရေးဆိုင်ရာလုပ်ငန်းများနှင့် ဘဏ္ဍာ‌ရေးဆိုင်ရာလုပ်ငန်းများကို ပြန်လည်သုံးသပ်ခဲ့သလို လတ်တ‌လော အစိုးရနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက်စာချုပ်ကို ပြန်လည် သုံးသပ်ခဲ့ကြပြီး အမြင်သ‌ဘောထားများကိုလည်း တင်ပြခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် ‌ဖေ‌ဖော်ဝါရီ ၁၂ရက်‌နေ့တွင် ‌နေပြည်‌တော်၌ ကျင်းပမည့် ပြည်‌ထောင်စု‌နေ့အခမ်းအနားသို့ တက်‌ရောက်မည့် ကိုယ်စားလှယ်ကို ‌ရွေးချယ်‌စေလွှတ်ပြီး အကယ်၍ ‌ကြေညာချက်တစုံတရာ ထုတ်ပြန် ‌ကြေညာခဲ့ပါက ‌ကေအဲန်ယူ၏ ‌ပေါ်လစီနှင့် ရပ်တည်ချက်များကို ‌သွေဖယ်ဆန့်ကျင်မှုမရှိဘဲ အခြား‌သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူး‌ပေါင်းလုပ်‌ဆောင်သွားမည်ဟု အစည်းအ‌ဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

‌ကေအဲန်ယူသည် ကွန်ဂရက်တစ်ကြိမ်ပြုလုပ်ပြီးတိုင်း အသစ်‌ရွေးချယ်တင်‌မြှောက်ခံရ‌သော ဗဟိုအမြဲတမ်း ‌ကော်မတီဝင်များက တစ်နှစ်လျှင် တစ်ကြိမ်ဖြင့် ဗဟိုအမြဲတမ်း‌ကော်မတီအစည်းအ‌ဝေးကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။