Home သတင်း OKRSO အ‌ထွေ‌ထွေ ဗဟိုအလုပ်အမှု‌ဆောင်အသစ် ‌ရွေးချယ်တင်‌မြှောက်ပွဲ ပြုလုပ်ပြီးစီး

OKRSO အ‌ထွေ‌ထွေ ဗဟိုအလုပ်အမှု‌ဆောင်အသစ် ‌ရွေးချယ်တင်‌မြှောက်ပွဲ ပြုလုပ်ပြီးစီး

2014

ဇန်နဝါရီ ၂၆ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

တစ်နှစ်တစ်ကြိမ် ပုံမှန် ပြုလုပ်လျှက်ရှိသည့် ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့တွင် အ‌ခြေစိုက်သည့် ပြည်ပ‌ရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက် ‌ရေးအဖွဲ့(OKRSO)၏ အ‌ထွေ‌ထွေ ဗဟိုအလုပ်အမှု‌ဆောင်အသစ် ‌ရွေးချယ်တင်‌မြှောက်ပွဲကို ဇန်နဝါရီ ၂၅ ရက်‌နေ့က ပြုလုပ်ပြီးစီးခဲ့သည်။

အဖွဲ့ဝင်ဦး‌ရေ ၅ဝ ခန့် တက်‌ရောက်‌သော ၎င်း‌ရွေးချယ်တင်‌မြှောက်ပွဲတွင် (OKRSO)၏ ဥက္ကဌအဖြစ် ‌စောထွန်းနိုင်သန်း၊ ဒုတိယ ဥက္ကဌ ‌စောရှား‌မောင်ခူးဒါနှင့် မန်းမျိုးမြင့်၊ အတွင်း‌ရေးမှူး နန်းသ‌မော့ခလိန်းဆန်၊ တွဲဖက်အတွင်း‌ရေးမှူး ‌စောအယ်သို တို့ကို အသီးသီး‌ရွေးချယ်ခဲ့ကြသည်ဟု (OKRSO) ၏ နာယက တစ်ဦးဖြစ်သူ ‌စောစိပ်ပ‌လောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောစိပ်ပ‌လောင်က “စနစ်တကျ မဲစနစ်နဲ့ ပြန်လည်‌ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ သူ(‌စောထွန်းနိုင်သန်း)က လူငယ်‌တွေအ‌ပေါ်မှာ စည်းရုံး စုစည်းနိုင်တဲ့အတွက် အခုလို ပြန်လည်အ‌ရွေးခံရတာဖြစ်ပါတယ်။‌ရှေ့ဆက်လည်း အဖွဲ့အတွက် အ‌ကောင်းဆုံးဖြစ်‌အောင် လုပ်နိုင်မယ်လို့ ‌မျှော်လင့်ပါတယ်”ဟု ‌ပြောသည်။

၎င်းအပြင် ‌ရွေးချယ်တင်‌မြှောက်ပွဲတွင် OKRSO ၏ စည်းရုံး‌ရေးဌာန၊ လူမှုကယ်ဆယ်‌ရေးဌာန၊ ဘဏ္ဍာ‌ရေးဌာန၊ စာ‌ပေနှင့် ယဉ်‌ကျေးမှုဌာန၊ ပညာ‌ရေးဌာန၊ ကျန်းမာ‌ရေးဌာန စသည့် ဌာန (၆)ခု၏ တာဝန်ခံများကိုလည်း အသီးသီး ပြန်လည်‌ရွေးချယ်တင်‌မြှောက်ခဲ့ကြသည်။

OKRSO သည် ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့တွင် ‌ရောက်ရှိ‌နေကြ‌သော ကရင်လူငယ်များအတွက် အ‌ရှေ့ပိုး ကရင်စာ‌ပေသင်တန်း၊ ကွန်ပြူတာ သင်တန်း၊ အဂင်္လိပ်စာသင်တန်းများကို (၄)လလျှင် တစ်ကြိမ် ဖွင့်လှစ်‌ပေး လျှက်ရှိပြီး ပုံမှန်အားဖြင့် သင်တန်းတစ်ခုတွင် တက်‌ရောက်သူ ၂၀ဝ ဝန်းကျင်ရှိ‌ကြောင်း သိရသည်။

OKRSO ၏ တွဲဖက်အတွင်း‌ရေးမှူးဖြစ်လာသည့် ‌စောအယ်သိုက “ကျ‌နော်တို့က လူမှု‌ရေးအဖွဲ့အစည်းဖြစ်တဲ့ အတွက် ကိုယ့်ကရင်လူမျိုး‌တွေရဲ့လူမှုဒုက္ခ‌တွေအတွက် လက်လှမ်းမှီသ‌လောက် လုပ်‌နေပါတယ်။ ‌ရှေ့ဆက်ပြီး ဒီထက်မက လုပ်နိုင်‌အောင် ကြိုးစားသွားရမှာဖြစ်တယ်။ ‌နောက်လာမည့်နှစ်‌တွေမှာလည်း လူငယ်များ စံပြအတု ယူနိုင်ဖို့ ရည်ရွယ်ပြီး ထူးချွန်တဲ့ ကရင်လူငယ်‌မောင်မယ်များကို ကရင်လူငယ်စံပြဆုအဖြစ် OKRSO က ‌ပေးအပ်သွားဖို့ အစီအစဉ်ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုုလို OKRSO ၏ အ‌ထွေ‌ထွေ ဗဟိုအလုပ်အမှု‌ဆောင်အသစ်‌ရွေးချယ်ပွဲကို ၂၀၀၇ မှစတင်ကာ တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန်‌ရွေးချယ်ခဲ့ပြီး ယခင်နှစ်က OKRSO ဥက္ကဌအဖြစ် ‌စောထွန်းနိုင်သန်း၊ ဒုတိယ ဥက္ကဌ မန်းမျိုးမြင့် နှင့် အတွင်း‌ရေးမှူး ‌စောအယ်သိုတို့က အသီးသီးတာဝန်ယူခဲ့ကြသည်။

OKRSO ကို ၁၉၉၂ ခုနှစ်၌ ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့တွင် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ကရင်လူမျိုးများ၏ ရိုးရာယဉ်‌ကျေးမှု၊ ဘာသာစကားများ ‌ဖော်ထုတ်ခြင်း၊ သင်ကြား‌ပေးခြင်းများ ပြုလုပ်သည်သာမက ပညာ‌ရေးဆိုင်ရာ အသိပညာ‌ပေးသင်တန်းများနှင့် စွမ်းရည်မြှင့်သင်တန်းများကို လုပ်‌ဆောင်လျှက်ရှိသည်။