Home သတင်း မ‌လေးရှားနိုင်ငံ‌ရောက် ဒုက္ခသည်က‌လေးများစွမ်းရည်ပြပြိုင်ပွဲတွင် MKO ‌ကျောင်းသား ၃ဦး ဆုရရှိ

မ‌လေးရှားနိုင်ငံ‌ရောက် ဒုက္ခသည်က‌လေးများစွမ်းရည်ပြပြိုင်ပွဲတွင် MKO ‌ကျောင်းသား ၃ဦး ဆုရရှိ

1577

ဇန်နဝါရီ ၂၇ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

မ‌လေးရှားနိုင်ငံ၌ နိုင်ငံအရပ်ရပ်မှ လာ‌ရောက်ခိုလှုံ‌နေထိုင်ကြသည့် ဒုက္ခသည်က‌လေးများအားလုံးအတွက် ကမ္ဘာ့ကုလသမဂ္ဂ မဟာမင်းကြီးရုံး(UNHCR) ကြီးမှူး၍ ဇန်နဝါရီ ၂၄ရက်‌နေ့က ပြုလုပ်သည့် ဒုက္ခသည်က‌လေး သူငယ်များစွမ်းရည်ပြပြိုင်ပွဲတွင် မ‌လေးရှား‌ရောက်ကရင်အဖွဲ့အစည်း(MKO)‌ကျောင်းသား ၃ဦးက အကစွမ်းရည်ဖြင့် ပထမဆုရရှိသည်ဟု သိရသည်။

ကွာလာလမ်ပူမြို့၌ ကျင်းပသည့် ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ၊ ပါကစ္စတန်၊ ဆိုမာလီယာ စသည့် နိုင်ငံများ၏ ဒုက္ခသည်က‌လေး‌ပေါင်းစုံမှ အကစွမ်းရည်နှင့် အဆိုစွမ်းရည်များ ပါဝင်ယှဉ်ပြိုင်ပြီး MKO ကရင်‌ကျောင်းသား ငယ်များဖြစ်သည့် ‌စော‌ကွေလယ် ၁၂နှစ်၊ ‌စော‌အောင်‌ကျော်မင်း ၁၁နှစ်၊ ‌စောအဲ့ကလူစိုး ၁ဝနှစ်တို့က ‌ခေတ်‌ပေါ် အဖွဲ့လိုက်အကဖြင့် ယှဉ်ပြိုင်သွားခဲ့ရာတွင် ပထမဆုရရှိခဲ့ခြင်းဖြစ်သည်ဟု MKO learning center ‌ကျောင်းအုပ် ဆရာ ‌စောအဲထွန့်က ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ဒီမှာ‌နေတဲ့ က‌လေး‌တွေက လွတ်လွတ်လပ်လပ် အပြင်မှာ သွားကစားဖို့၊ ကဖို့အခွင့်အ‌ရေး ‌တွေ သိပ်မရှိဘူး။ က‌လေး‌တွေက အက‌တွေ ကချင်ရင် ကျ‌နော်တို့ သတ်မှတ်ထားတဲ့ တိုက်ခန်းထဲပဲ ကတယ်။ အပြင်မှာကစားချင်ရင် ကားပါကင်တို့‌နေရာမှာသွားပြီး လုပ်‌ပေးရတယ်။ လွတ်လပ်စွာ လုပ်လို့မရ‌ပေမယ့် အခု ပြိုင်ပွဲမှာ ပထမဆုရတဲ့အတွက် အရမ်းဝမ်းသာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
MKO students got prize1
မ‌လေးရှားနိုင်ငံ အ‌ခြေစိုက် UNHCR မှ ဦးစီး၍ မ‌လေးရှားနိုင်ငံ‌ရောက် ဒုက္ခသည်က‌လေးသူငယ်များစွမ်း ရည်ပြပြိုင်ပွဲကို ပြုလုပ်လာခဲ့သည်မှာ ၅ကြိမ်‌မြောက်ရှိပြီး ယခုနှစ် ယှဉ်ပြိုင်ပွဲတွင် အဖွဲ့‌ပေါင်း ၂ဝ ‌ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့သည်ဟု MKO က ဆိုသည်။

MKO ကို ကိုယ်စားပြုပြီး ဆုရရှိသည့် က‌လေးများထဲမှ ‌ကျောင်းသားမိဘတစ်ဦးဖြစ်သူ ‌နော်‌ဘွေ‌ဖောက “အက ‌တွေကို သူတို့ဆရာ‌တွေက ‌လေ့ကျင့်သင်ကြား‌ပေးတယ်။ သူတို့က‌ကျောင်းမှာပဲ ‌နေတယ်။ ‌သောကြာ‌နေ့‌ရောက် မှ ‌ကျောင်းမှာ သွားကြိုတယ်။ ဝင်ပြိုင်တာ အခုလို ဆုရ‌တော့ အရမ်းဝမ်းသာပီတဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မ‌လေးရှား‌ရောက် က‌လေးငယ်များပညာသင်ကြား နိုင်‌ရေးအတွက် ရည်ရွယ်၍ MKO Learning Center ကို ၂၀၀၈ခုနှစ်၌ စတင်ဖွင့်လှစ်ကာ ကွန်ပျူတာ၊ အဂင်္လိပ်စာ၊ ကရင်စာ စသည့် ဘာသာရပ်များကို သင်ကြား‌ပေး သည့်အပြင် မ‌လေးရှား‌ရောက်ကရင်လူထုများအတွက် အခမဲ့ ကျန်းမာ‌ရေး‌ဆေးဝါးကုသမှုမျိုးလည်း MKO မှ ပြုလုပ်‌ပေးသည်လျှက်ရှိသည်ဟု သိရသည်။