Home သတင်း သံ‌တောင်မြို့သစ်တွင် ပထမဦးဆုံးအကြိမ် ကျင်းပမည့် ကရင်အမျိုးသား‌နေ့ကို စတင်အ‌ကောင်အထည်‌ဖော်

သံ‌တောင်မြို့သစ်တွင် ပထမဦးဆုံးအကြိမ် ကျင်းပမည့် ကရင်အမျိုးသား‌နေ့ကို စတင်အ‌ကောင်အထည်‌ဖော်

2245

ဇန်နဝါရီ ၁၆ရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ သံ‌တောင်မြို့သစ်၊ ၁၃မိုင်‌ကျေးရွာတွင် ပထမဦးဆုံးအကြိမ် ကျင်းပမည့် ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့၌ ကျ‌ရောက်သည့် ၆၇ကြိမ်‌မြောက် ကရင်အမျိုးသား‌နေ့ကို ပွဲဖြစ်‌မြောက်‌ရေး ‌ကော်မတီ တို့က ဇန်နဝါရီ ၁၅ရက်‌နေ့တွင် အစည်းအ‌ဝေးပြုလုပ်ပြီး ပွဲအစီအစဉ်များကို စတင်အ‌ကောင်အထည်‌ဖော် ‌ဆောင်‌နေပြီဖြစ်သည်ဟု ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီက ‌ပြောသည်။

ပွဲဖြစ်‌မြောက်‌ရေး ‌ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ‌တောင်ငူခရိုင် ဥက္ကဋ္ဌ ပဒို‌စောအယ်ဝါးက “အစည်းအ‌ဝေးမှာ အခမ်အနားအစီအစဉ် အ‌သေးစိပ်ကို ‌ရေးဆွဲတာရယ်။ ‌ကော်မတီနဲ့ ဆပ်‌ကော်မီတီက ပြန်ကြား‌ရေး၊ အားကစား ‌ကျွေး‌မွေးဧည့်ခံ စာ‌ပေ၊ ‌ဖျော်‌ဖြေ‌ရေး အဲဒါ‌တွေကို သူ့အပိုင်းနဲ့သူ ‌ဆောင်ရွက်‌နေပြီ။ ပြီး‌တော့ အလံတိုင်၊ စတိတ်စင်၊ မုဒ်ဦး‌တွေကို လုပ်‌ဆောင်‌နေပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသား‌နေ့ကျင်းပပြီး ယင်း‌ဒေသရှိ ကရင်လူမျိုးစုများသည် မိမိသမိုင်းကို သိရှိကာ စည်းလုံးညီညွတ် မှုဖြင့် လက်တွဲနိုင်ရန်နှင့် စာ‌ပေ၊ ရိုးရာဓ‌လေ့များကို တန်ဘိုးထားတတ်ရန် ရည်ရွယ်၍ ယခင်နှစ်၊ နိုဝင်ဘာလ ဆန်းပိုင်းက ‌ကေအဲန်ယူ ‌တောင်ငူခရိုင်၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ ကရင်နိုင်ငံ‌ရေးပါတီများနှင့် ‌ဒေသခံရွာ သားတို့ ပါဝင်သည့် ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီဖွဲ့စည်းပြီး‌နောက် ယခုလို အ‌ကောင်အထည်မှု စတင်လာခြင်းဖြစ် သည်ဟု ပဒို‌စောအယ်ဝါးက ဆက်‌ပြောသည်။

လာမည့် ‌ဖေ‌ဖော်ဝါရီလ ၇ရက်‌နေ့မှ ၁၁ရက်‌နေ့အထိ ကျင်းပမည့် (၆၇)ကြိမ်‌မြောက် ကရင်အမျိုးသား‌နေ့ အခမ်းအနားအတွင် ကရင်မျိုးနွယ်စုအလိုက် ယဉ်‌ကျေးမှုပြခန်းများ၊ ကရင်အမျိုးသားနှင့်ဆိုင်‌သော ကဗျာ၊ ‌ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲ၊ အမျိုးသားအမျိုးသမီး ‌ဘော်လီ‌ဘောပြိုင်ပွဲနှင့် ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်တို့ ထည့်သည့်ကျင်းပသွားမည်ဟုလည်း ပွဲကျင်းပ‌ရေး‌ကော်မတီက ‌ပြောသည်။

သံ‌တောင်မြို့သစ်၊ ၁၃မိုင်‌ကျေးရွတွင် ပထမဦးဆုံးအကြိမ် ကရင်အမျိုးသား‌နေ့ ကျင်းပမည့်အ‌ပေါ် သံ‌တောင်ကြီး တွင် ‌နေထိုင်သူ ‌နော်‌ဟေစိုးက “ဒီက လူငယ်အများစုက ကရင်‌နေ့ထူး‌နေ့မြတ်အ‌ကြောင်းကို ‌လေ့လာတာ သိပ်မရှိတဲ့အတွက် သိပ်ပြီး နားမလည်ကြဘူး။ အခုလို ကရင်အမျိုးသား‌နေ့ကို လာကျင်းပ‌ပေးတာ‌ကောင်းတယ် ‌လေ။ လူငယ်‌တွေလည်း စိတ်ပါဝင်စားမယ်”ဟု ‌ပြောသည်။

ယခု ကျင်းပရန်စီစဉ်‌နေသည့် ကရင်အမျိုးသား‌နေ့အခမ်းအနားသို့ KNU ဗဟိုနှင့် ခရိုင်အသီးသီးမှ ‌ခေါင်း‌ဆောင် များ၊ ဋ္ဌာနဆိုင်ရာ အစိုးရအဖွဲ့များ၊ ကရင်နိုင်ငံ‌ရေးပါတီ‌ခေါင်း‌ဆောင်များ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များနှင့် ‌ဒေသအသီးသီးမှ ကရင်လူမျိုးများအပါအဝင် ပရိဿတ် ၁‌ထောင်ခန့် ဖိတ်ကြားသွားရန် စီစဉ်ထားသည်ဟု ပွဲဖြစ်‌မြောက်‌ရေး ‌ကော်မတီက ‌ပြောသည်။

မြန်မာတပြည်လုံးရှိ ကရင်အမျိုးသားများသည် ၁၉၄၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့၌ ဖဆပလအစိုးရထံသို့ ကရင်ပြည်‌ပေးရန် စာ‌ရေး‌တောင်းဆို ဆန္ဒပြ‌သော‌နေ့ကို အစွဲပြု၍ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ မှ ၂၅ ရက်‌နေ့ အထိ ဖာပွန်မြို့တွင် ကျင်းပ‌သော ‌ကောသူး‌လေ ပြည်လုံးဆိုင်ရာ ကွန်ကရက်တွင် ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့ကို ကရင်အမျိုးသား‌နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။