Home သတင်း မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း (၄၀)‌ကျော်မှ နိုင်ငံတကာ က‌လေးများ‌နေ့ စု‌ပေါင်းကျင်းပ

မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း (၄၀)‌ကျော်မှ နိုင်ငံတကာ က‌လေးများ‌နေ့ စု‌ပေါင်းကျင်းပ

2293

ဇန်နဝါရီ ၁၇ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ မြန်မာ‌ရွှေ့‌ပြောင်း စာသင်‌ကျောင်း (၄၀)‌ကျော်မှ ‌ကျောင်းသူ‌ကျောင်းသား များသည် ဇန်နဝါရီလ ၁ဝရက်‌နေ့က ကျ‌ရောက်သည့် နိုင်ငံတကာ က‌လေးများ‌နေ့ကို ‘‌ရွှေ့‌ပြောင်းက‌လေးများ အ‌ရေး ဝိုင်းဝန်းအ‌လေးထား ‌ဆောင်ရွက်‌ပေး’‌ခေါင်းစဉ်ဖြင့် မဲ‌ဆောက်မြို့ရှိ ခွဲက‌ဘောင် ‌ရွှေ့‌ပြောင်းစာသင် ‌ကျောင်းတွင် ယ‌နေ့ စု‌ပေါင်းကျင်းပကြသည်။

အခမ်းအနားကို ဦး‌ဆောင်ကျင်းပသူ တစ်ဦးဖြစ်သူ က‌လေးများဖွံ့ဖြိုး‌ရေးစင်တာ(စီဒီစီ)‌ကျောင်းအုပ် မန်း‌ရွှေနှင်း က “က‌လေး‌တွေရဲ့ အခွင့်အ‌ရေးနဲ့ပတ်သက်ပြီး‌တော့ သက်ဆိုင်တာဝန်ရှိသူ‌တွေ၊ အာဏာပိုင်‌တွေ၊ နိုင်ငံတကာ က အစ ပိုပြီး‌တော့ အ‌လေးထားလာဖို့ရယ်။ အလှူရှင်‌လျော့နည်းလာတာ‌ကြောင့် ‌ရွှေ့‌ပြောင်းက‌လေး ‌တွေရဲ့ စာသင်‌ကျောင်း‌တွေ ‌လျော့နည်းသွားတာရယ်။ ကျ‌နော်တို့ က‌လေး‌တွေကို ပစ်ထားလို့ မရ‌သေးဘူးဆိုတာကို မီး‌မောင်းထိုးပြချင်လို့ ကျင်းပတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာ့နိုင်ငံ‌ရေး ‌ပြောင်းလဲလာမှုကို အ‌ခြေခံပြီး အလှူအရှင်များစုသည် ပြည်တွင်းသို့ ဝင်သွားသည့်အ‌ပေါ် နယ်စပ်‌ဒေသရှိ ‌ရွှေ့‌ပြောင်း‌လေးငယ်များ၏ ပညာ‌ရေးကို များစွာရိုက်ခတ်လာသဖြင့် နှစ်နိုင်ငံအတွက် အကျိုး ဖြစ်ထွန်း‌စေမည့် မြန်မာ‌ရွှေ့‌ပြောင်းက‌လေးငယ်များကို ပစ်မထားသင့်‌ကြောင်း ‌ဖော်ပြခြင်းလည်းဖြစ်သည်ဟု မန်း‌ရွှေနှင်းက ဆက်‌ပြောသည်။

ယ‌နေ့ ကျင်းပပြုလုပ်သည့် နိုင်ငံတကာ က‌လေးများ‌နေ့အခမ်းအနားသို့ မယ်‌တော်‌ဆေးခန်း တည်‌ထောင်သူ ‌ဒေါက်တာစင်သီ‌မောင်အပါအဝင် မဲ‌ဆောက်အ‌ခြေအစိုက် အစိုးရမဟုတ်‌သောအဖွဲ့အစည်းများ၊ လူထုအ‌ခြေပြု အဖွဲ့အစည်းများ၊ တာ့ခ်ခရိုင်ရှိ မဲ‌ဆောက်၊ ထာ့‌ဆောင်ယန်း၊ မယ်ရမတ်နှင့် ဖုတ်ဖရစသည့်မြို့နယ်များမှ မြန်မာ ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း (၄၀)‌ကျော်မှ ‌ကျောင်းသူ‌ကျောင်းသားများအပါအဝင် စုစု‌ပေါင်း ၂၀၀ဝ ခန့် တက်‌ရောက်ခဲ့ကြသည်။
IMG_5435
အခမ်းအနားသို့ တက်‌ရောက်သည့် ‌ဒေါက်တာစင်သီယာ‌မောင်က “အာစီယံနိုင်ငံဖြစ်‌စေ၊ နိုင်ငံတကာမှာဖြစ်‌စေ လူ‌တွေက ‌ရွှေ့‌ပြောင်း‌နေထိုင်မှုများလာတယ်။ အဲသလို ‌ရွှေ့‌ပြောင်း‌နေထိုင်တဲ့အချိန်မှာဆိုလို့ရှိရင် ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှု၊ ပညာအခွင့်အလမ်းစ‌တွေကို အခက်အခဲ‌တွေ ပိုပြီးကြုံရတတ်တယ်။ ‌ရွှေ့‌ပြောင်း‌ဒေသမှာ ‌မွေးဖွားလာတဲ့ က‌လေးများနဲ့ ပတ်သက်တဲ့အ‌ရေးဟာ အာစီယံနိုင်ငံမှာရှိတဲ့ ‌ခေါင်း‌ဆောင်‌တွေကို ပိုပြီး‌တော့ အ‌လေးထား‌ဆောင်ယူလာဖို့ ဒီက‌လေးများ‌နေ့က‌နေပြီး‌တော့ မြှင့်တင်နှိုး‌ဆော်‌ပေးဖို့က လိုအပ်ပါတယ်” ဟု ‌ပြောကြားခဲ့သည်။

နံနက် ၉နာရီခွဲမှ ည‌နေပိုင်းအထိ အစီအစဉ် ၂ပိုင်းခွဲ၍ ကျင်းပသည့် ယင်းနိုင်ငံတကာ က‌လေးများ‌နေ့တွင် က‌လေးများ‌နေ့နှင့် ပတ်သက်သည့် ကပြ‌ဖျော်‌ဖြေမှုများ၊ မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်းများ၏ ‌ကျောင်းလည် ပတ်မှုအ‌ခြေအ‌နေများ တင်ပြခြင်း၊ ‌ရွှေ့‌ပြောင်းက‌လေးငယ်များ၏ အခွင့်အ‌ရေး၊ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု အ‌ခြေအ‌နေများကို တင်ပြခြင်းနှင့် က‌လေးများအတွက် အားကစားမျိုးစုံ၊ ပ‌ဟေဠိဉာဏ်စမ်း‌မေးခွန်း၊ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတို့ကိုလည်း ပြုလုပ်ကျင်းပ‌ပေးခဲ့သည်။

SAW မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းမှ အဋ္ဌမ‌ကျောင်းသူ မဂျူဂျူ‌လေးက “နိုင်ငံတကာ က‌လေးများ‌နေ့မှာ သမီး ‌တောင်းဆိုချင်တာက က‌လေး‌တွေ တန်းတူ ပညာသင်ခွင့်ရချင်တယ်။ သူများနိုင်ငံမှာ လာ‌နေအတွက် သူများ ရတဲ့ အခွင့်အ‌ရေးလို သမီးတို့ မရဘူး။

ဒီလိုပွဲမျိုးလုပ်‌ပေးတဲ့အတွက် ‌ကျောင်းမ‌နေရတဲ့က‌လေး‌တွေ ဒီအစီအစဉ်ကို မြင်ပြီး ‌ကျောင်း‌နေချင်တဲ့စိတ်‌တွေ ‌ပေါ်လာမယ်လို့ ယုံကြည်တယ်”ဟု ‌ပြောသည်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မြို့နယ် (၄)မြို့နယ်တွင် ယခင်က မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း (၇၄)‌ကျောင်း ရှိရာမှ ၂၀၁၄-၁၅ ပညာသင်နှစ်မှစ၍ အလှူရှင်အများစုက အလှူ‌ငွေ ဖြတ်‌တောက်သွားသဖြင့် ယခုအချိန်တွင် စာသင်‌ကျောင်း (၆၉)သာ ကျန်ရှိပြီး ‌ကျောင်းသားဦး‌ရေကမူ ၁၃,၀၀ဝ သာ ရှိသည်ဟု မြန်မာ‌ရွှေ့‌ပြောင်း ပညာ‌ရေး‌ဆောင်ရွက်သူများက ‌ပြောသည်။