Home သတင်း ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ အချိန်ယူပြင်ဆင်သွားမည်ဟု KNU အား ကာချုပ်‌ပြောဆို

၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ အချိန်ယူပြင်ဆင်သွားမည်ဟု KNU အား ကာချုပ်‌ပြောဆို

2167

ဒီဇင်ဘာ ၃ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွန့်‌သောင်း

၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးအတွက် ပြင်ဆင်သင့်သည့်အချက်များကို ပြင်ဆင်သွားပြီး မပြင်သင့်‌သေးသည့် အချက်များကို အချိန်ယူ ပြင်ဆင်သွားမည်ဟု မြန်မာအစိုးရ၏ တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင် လှိုင်က ၎င်းတို့အား ‌ပြောဆိုခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီဇင်ဘာ ၁ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြော သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ရက်‌နေ့ မွန်းလွဲ ၂နာရီတွင် ‌နေပြည်‌တော်ရှိ ဘုရင့်‌နောင်ရိပ်သာ ဧည့်ခမ်းမ‌ဆောင်၌ KNU ဘက်က ဥက္ကဌ ‌စောမူတူး‌စေးဖိုး၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒိုကွယ်ထူးဝင်း၊ ပဒိုမန်းငြိမ်း‌မောင်၊ ပဒို‌စော‌ရောဂျာခင်၊ စစ်‌ထောက်ချုပ် ‌စောအိုင်းဇက်၊ ‌စောထူးထူး‌လေးနှင့် ပဒို‌ရွှေ‌မောင်းတို့ပါဝင်‌သောအဖွဲ့နှင့် ‌တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“၂၀၀၈ အ‌ခြေခံဥပ‌ဒေပြင်ဆင်ဖို့က အများ‌ပြော‌နေကြတာက‌တော့ လုံခြုံ‌ရေးအရ ပြင်လို့မရ၊ ထိလို့မရ ‌ပြော‌နေကြတယ်။ အဲလို ‌တော့ မဟုတ်ဘူး။ သ‌ဘောက ပြင်လို့ရတဲ့ဟာ‌တွေကို ပြင်ဆင်သွားပြီး ပြင်လို့မရ‌သေးတဲ့ဟာ‌တွေကို‌တော့ ကြည့်ပြီး အချိန်ယူ ပြင်ဆင်သွားမယ်လို့‌တော့ တပ်ချုပ်က ကျ‌နော်တို့ကို ‌ပြောတယ်”ဟု ပဒို‌စော‌ရောဂျာခင်က ‌ပြောသည်။

KNU နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ မူသ‌ဘောထားသည် စစ်မှန်သည့် ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေး ဖြစ်ပြီး ထိုသို့ တည်‌ဆောက်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေအား ပြင်ဆင်လိုသည်ဟု ပဒို‌စော‌ရောဂျာခင်က ဆက်‌ပြော သည်။

၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို အစိုးရတပ်မ‌တော်မှ ပြင်ဆင်ရန် ‌ပြောဆိုလာခြင်းအ‌ပေါ် ကြိုဆို‌ထောက်ခံပြီး မည်မျှမည်သို့ ပြင် ဆင်သွားမည်ကို ‌စောင့်ကြည့်ရဦးမည်ဟု ကရင်ပြည်နယ်၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မ တီဝင် နန်းခင်‌ထွေးမြင့်က ယခုလို ‌ပြောဆိုသည်။

“အခု ဖွဲ့စည်းပုံမှာပါတဲ့ ၄၃၆ ကို တပ်မ‌တော်က ပြင်ဆင်သင့်ပြင်ဆင်ထိုက်တာ‌တွေ ပြင်ဆင်သွားမယ်ဆိုတာက‌တော့ ပဏာမ အ‌နေနဲ့ အ‌နော(ကျမ)တို့ ကြိုဆိုပါတယ်။ သူတို့လိုချင်တဲ့အချက်‌တွေကိုပဲ ပြင်မလား‌ပေါ့။ အများက လိုချင်တဲ့အချက်‌တွေ ပြင် ‌ပေးမလား။ သူတို့လိုချင်တဲ့ အချက်‌တွေပဲ ပြင်ဆင်သွားမယ်ဆိုရင် တပ်မ‌တော်တစ်ခုလုံးရဲ့ သိက္ခာ‌တွေ ကျဆင်းဦးမှာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေတွင် ပါရှိသည့် ပုဒ်မ ၄၃၆ ကို နိုင်ငံ‌ရေးပါတီအချို့နှင့် ပြည်သူလူထုက ပြန်လည်ပြင်ဆင် ရန် ‌တောင်းဆို‌နေကြသည့်အချိန်တွင် ပြည်‌ထောင်စုလွှတ်‌တော်နာယကဖြစ်သူ သူရဦး‌ရွှေမန်းက ၂၀၁၅ ‌ရွေး‌ကောက်ပွဲ ကျင်းပ ပြီးဆုံးမှသာ ပြင်ဆင်သွားမည်ဟု နိုဝင်ဘာ ၁၈ရက်‌နေ့က မီဒီယာများအား ‌ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်စ၍ KNU နှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု ရရှိပြီး‌နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်နှင့် ‌တွေ့ဆုံခဲ့ရာ ယခုအကြိမ်မှာ ခုနှစ်ကြိမ်‌မြောက်ဖြစ်သည်။