Home သတင်း ကြားဖြတ်‌ရွေး‌ကောက်ပွဲ ကျင်းပ‌ရေး ဖျက်သိမ်းလိုက်သည့်အ‌ပေါ် PSDP အ‌ကောင်းမြင်

ကြားဖြတ်‌ရွေး‌ကောက်ပွဲ ကျင်းပ‌ရေး ဖျက်သိမ်းလိုက်သည့်အ‌ပေါ် PSDP အ‌ကောင်းမြင်

1847

စက်တင်ဘာ ၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွန့်‌သောင်း

ယခုနှစ် ကုန်ပိုင်း၌ ကျင်းပရန် ပြင်ဆင်ထားသည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲ ကျင်းပ‌ရေး ဖျက်သိမ်း‌ကြောင်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ ‌ပြောကြားချက်အ‌ပေါ် အ‌ကောင်းမြင်‌ကြောင်း အကြီးဆုံး ကရင်နိုင်ငံ‌ရေး ပါတီတစ်ခုဖြစ်သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက် တစ်ပါတီ(PSDP)၏ ဒုတိယ ဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌ပြောဆိုလိုက်သည်။

“၂၀၁၄ ကြားဖြတ်‌ရွေး‌ကောက်ပွဲ ဖျက်သိမ်းတာ ‌ကောင်းတယ်။ ကုန်ကျစရိတ်များပြီး‌တော့ အကျိုးသိပ်မရှိ ဘူး။ ၂၀၁၅ လည်း သိပ်မ‌ဝေး‌တော့ဘူး‌လေ။ ကိုယ်စားလှယ်‌နေရာ ၃၁ ရာ ဆို‌ပေမယ့် သက်တမ်းနည်း‌တော့ နိုင်ငံ‌တော်အတွက် ထိထိ‌ရောက်‌ရောက် အကျိုးမရှိဘူးလို့မြင်တယ်”ဟု မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

ကြားဖြတ်‌ရွေး‌ကောက်ပွဲသည် ပါတီ၏ ကုန်ကျမည့်စရိတ်များသလို ကိုယ်စားလှယ်၏ သက်တမ်း အလွန် နည်းပါးသဖြင့် ပါတီအတွက်၊ ပြည်နယ်အတွက်နှင့် နိုင်ငံ‌တော်အတွက် ထိထိ‌ရောက်‌ရောက် လုပ်‌ဆောင်နိုင်မှု အားနည်း‌နေမည်ဖြစ်သည်ဟု PSDP က ဆိုသည်။
ကြားဖြတ်‌ရွေး‌ကောက်ပွဲ မကျင်းပ‌တော့‌ကြောင်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥက္ကဌ ဦးတင်‌အေးမှ စက်တင်ဘာ ၇ရက်‌နေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်း‌ရေးစင်တာတွင် နိုင်ငံ‌ရေးပါတီ ၃၅ ပါတီနှင့် ‌တွေ့ဆုံပွဲအပြီး ‌ပြောကြားခဲ့ပြီး‌နောက် PSDP က ယခုလို သ‌ဘောထားအမြင်‌ပေးခဲ့ခြင်းဖြစ်သည်။
အလားတူ ဖားအံအ‌ခြေစိုက် ကရင်ပြည်နယ်တိုးတက်‌ရေး ဒီမိုကရက်တစ်ပါတီ (KSDDP)မှ တွဲဘက်အတွင်း ‌ရေးမှူး ‌စောချစ်သန်းကလည်း “ကြားဖြတ်‌ရွေး‌ကောက်ပွဲပြုလုပ်ဖို့ မဲဆွယ်လုပ်ဖို့ ‌ခြောက်လ အချိန်‌ပေးရမယ်။ ရလာမယ့်ကိုယ်စားလှယ် သက်တမ်းကနည်း‌တော့ ဖျက်လိုက်တာကို ‌ကောင်းပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် ၂၀၁၄ ကြားဖြတ်‌ရွေး‌ကောက်ပွဲ ဖျက်သိမ်းမှုသည် အနိုင်ရရှိ‌ရေးအတွက် ကြိုတင်ပြင်ဆင်လုပ် ‌ဆောင်ထားသည့် ပါတီများအ‌နေဖြင့် အလွန်နစ်နာမှုရှိသလို လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် PR စနစ်ကျင့်သုံးနိုင်ရန် ကြိုတင်ပြင်ဆင်မှုတစ်ခု ဖြစ်နိုင်သည်ဟု ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၏ ယာယီ ဥက္ကဌ ‌စောရဲဝင်းနိုင်က ‌ပြောသည်။

“ကျ‌နော်တို့ ပါတီအ‌နေနဲ့‌တော့ နစ်နာမှု‌တွေရှိတယ်။ ဒီကြားဖြတ်မှာအနိုင်ရဖို့ အားလုံးကို ကြိုတင်ပြင်ဆင် ထားတယ်။ ‌ဒေသခံလူထု‌တွေနဲ့လည်း အမြဲကွင်းဆင်းသွား‌တွေ့တယ်။ ဝင်ပြိုင်ဖို့ အားခဲပြီးမှ အခုလိုဖြစ်တာ PR စနစ်ကျင့်သုံးဖို့အတွက်ပဲ ထင်တယ်”ဟု ‌စောရဲဝင်းနိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်တွင် လစ်လပ်‌နေသည့် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နယ်ခွဲ အမှတ်(၂) မဲန္ဒနယ်‌မြေ၊ ပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ်‌နေရာကို ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)အပါအဝင် ကရင်ဒီမိုကရက်တစ် ပါတီ(KDP)၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)နှင့် ပြည်‌ထောင်စုကြံခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ (USDP) တို့က ဝင်‌ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်‌နေချိန်တွင် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ကြားဖြတ် ‌ရွေး‌ကောက်ပွဲကျင်းပ‌ရေး ဖျက်သိမ်း‌ကြောင်း ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။