Home သတင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် လူထုသ‌ဘောထားများ ထည့်သွင်း‌ဆွေး‌နွေးသွားမည်ဟု ‌ကေအဲန်ယူ‌ပြောဆို

နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် လူထုသ‌ဘောထားများ ထည့်သွင်း‌ဆွေး‌နွေးသွားမည်ဟု ‌ကေအဲန်ယူ‌ပြောဆို

1297

‌မေ ၈ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း၊ နန်း‌ချောင်‌ဖော့။

မြန်မာအစိုးရနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးသည့်အခါ ကရင်ပြည်သူလူထုတို့၏ ဆန္ဒသ‌ဘောထားများကို ထည့်သွင်း‌ဆွေး‌နွေးသွားမည် ဟု ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ပြည်လမ်း‌ပေါ်ရှိ မြန်မာနိုင်ငံ ခရစ်ယာန်‌ကောင်စီရုံးခမ်းမ၌ ‌မေ ၇ရက်‌နေ့(ယမန် ‌နေ့)၊ ည‌နေ ၅နာရီ၌ လူထုနှင့်‌တွေ့ဆုံရာတွင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)က ‌ပြောဆိုလိုက်သည်။

၎င်းလူထု‌တွေ့ဆုံပွဲတွင် ပါဝင်သည့် ‌ကေအဲန်ယူ ဗဟိုစည်းရုံး‌ရေးဌာန တာဝန်ခံ ပဒို‌စောလှထွန်းက “ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ စည်း လုံး‌ရေးလုပ်ငန်း‌တွေကို ကျ‌နော်တို့ အသိ‌ပေးပြီး‌တော့ ‌နေရာ‌ဒေသအသီးသီးက ‌ပြောတဲ့ ပြည်သူလူထု‌တွေရဲ့ ‌တောင်းဆိုချက်၊ တင်ပြချက်၊ အကြံပြုချက်၊ စိုးရိမ်ချက်‌တွေကို ရယူသွားမယ်။ အဲဒီက အချက်အလက်‌တွေကို ရယူပြီး‌တော့ လက်ရှိ ကျ‌နော်တို့ ‌ဆောင်ရွက်သွားရမယ့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု ထဲမှာ ပြည်သူ‌တွေရဲ့ တင်ပြချက်‌တွေကို ‌ဆွေး‌နွေးသွားဖို့ ဖြစ်ပါတယ်”ဟု ပဒို‌စောလှ ထွန်းက ‌ပြောသည်။

နှစ်နာရီကြာမြင့်‌သော ယင်း‌တွေ့ဆုံပွဲသို့ ရန်ကုန်မြို့ရှိ ကရင်လူထု ၁၅ဝဦး‌ကျော် တက်‌ရောက်ခဲ့ပြီး ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီ ဖိုးရာစိန်၊ ပဒို‌စောလှထွန်း၊ ပဒို‌စောလစ္စတန်နှင့် ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ ‌နော်ဘလူးမင်းနိုက်ဇန်တို့က လက်ရှိ အစိုးရနှင့်လုပ်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်၊ ကရင်အမျိုးသားများစည်းလုံး‌ရေးလုပ်ငန်းစဉ်၊ လူငယ်နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍများအ‌ပေါ် ‌ဆွေး‌နွေး‌မေးမြန်းချက်များကို ပြန်လည်‌ဖြေကြားခဲ့ကြသည်။

‌တွေ့ဆုံပွဲ တက်‌ရောက်ခဲ့သူ လူငယ်ဖွံ့ဖြိုး‌ရေးအစီအစဉ်များ လုပ်ကိုင်‌နေသည့် ‌စောလင်းထက်က “‌ကေအဲန်ယူဟာ အခုလို လူထု နဲ့ ‌တွေ့ဆုံရှင်းလင်းတဲ့အတွက် ‌ကောင်းမွန်တဲ့လုပ်ငန်းစဉ်ဖြစ်တယ်။ ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ လူငယ်များအ‌နေနဲ့လည်း ဘယ်ကဏ္ဍ ‌တွေမှာ ပါဝင်ရမယ်ဆိုတာ ‌ဆွေး‌နွေး‌ပြောဆိုနိုင်တဲ့အတွက် ကျ‌နော်တို့ စိတ်အားတက်ကြွလာတယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အတူ အခမ်းအနားတက်‌ရောက်ခဲ့သည့် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်ကလည်း ကရင်အမျိုးသား များအ‌နေဖြင့် မိမိတို့ရည်မှန်းချက် တန်းတူအခွင့်အ‌ရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူး‌ပေါင်းလုပ်‌ဆောင်သွားကြရန် အကြံပြု တိုက်တွန်း‌ပြောဆိုခဲ့သည်။

‌ကေအဲန်ယူသည် လက်နက်ကိုင်‌တော်လှန်‌ရေးလမ်းစဉ်ကို လုပ်‌ဆောင်ရင်း ‌ခေတ်အဆက်ဆက် အစိုးရနှင့် ငြိမ်းချမ်း‌ရေး‌ဆွေး ‌နွေးပွဲများ ၅ကြိမ်တိုင် ပြုလုပ်ခဲ့‌သော်လည်း ‌အောင်မြင်မှု မရရှိခဲ့‌ကြောင်း၊ ထိုသို့ မ‌အောင်မြင်ရခြင်းမှာ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် တွင် လူထုပါဝင်မှုအားနည်းခြင်း‌ကြောင့်လည်း ပါဝင်‌ကြောင်းနှင့် လက်ရှိ ၆ကြိမ်‌မြောက် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် စစ်မှန် သည့် ငြိမ်းချမ်း‌ရေးရရန် လူထုပါဝင်မှသာ ခိုင်မြဲမည်ဟု ခံယူ‌ကြောင်း ပဒို‌စောလှထွန်းက ဖြည့်စွက်‌ပြောဆိုသည်။

အဆိုပါ ‌ကေအဲန်ယူကိုယ်စားလှယ်အဖွဲ့သည် ဧရာဝတီတိုင်း‌ဒေသကြီးနှင့် ရန်ကုန်တိုင်း‌ဒေသကြီးတို့တွင် လူထု‌တွေ့ဆုံပွဲများ ကျင်းပပြီးစီးဖြစ်သလို ဆက်လက်၍ ပဲခူးတိုင်း‌ဒေသကြီးနှင့် ကရင်ပြည်နယ်တို့၌လည်း လူထု‌တွေ့ဆုံပွဲများ ဆက်လက် ပြုလုပ် သွားမည်ဖြစ်‌ကြောင်း သိရသည်။