Home သတင်း BGF တပ်ပိုင် စက်သုံးဆီသို‌လှောင်ရုံ မီး‌လောင်

BGF တပ်ပိုင် စက်သုံးဆီသို‌လှောင်ရုံ မီး‌လောင်

1830

ဇန်နဝါရီ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ် ဖားအံမြို့နယ်၊ အိန္ဒုဂွင်အတွင်း မိုင်း‌အောင်ရပ်ကွက် ဖားအံ-‌ကောကရိတ်ကားလမ်းမ နံ‌ဘေးရှိ နယ်ခြား‌စောင့်တပ်(ကရင်ပြည်နယ်)-BGF တပ်ပိုင် စက်သုံးဆီသို‌လှောင်ရုံကို ဇန်နဝါရီ ၁၇ ရက်‌နေ့က မီး‌လောင် ကျွမ်းခဲ့သည်ဟု သိရသည်။

၎င်းစက်သုံးဆီသို‌လှောင်ရုံ၌ ဓါတ်ဆီအလုပ်သမားနှစ်ဦးမှ ဓါတ်ဆီပီပါအဖုံး ဖွင့်သည့်အချိန်တွင် ဆီပီပါ အတွင်းရှိ ဆီအ‌ငွေ့ဂစ်များနှင့် ‌လေဖိအား ‌ပေါင်းစပ်‌သော‌ကြောင့် မီး‌လောင်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု မျက်မြင်‌တွေ့ရှိသူများက ‌ပြောသည်။

ကိုယ်တိုင် မျက်မြင်‌တွေ့ခဲ့ရသူ ‌စောအယ်စိုးက “‌နေလယ် ၁၂ နာရီအချိန်‌လောက်မှာ မီးက စ‌လောင်တယ်။ မီးသတ်သမားနဲ့ ‌ဒေသခံ‌တွေ စု‌ပေါင်းမီးဝိုင်းသတ်ကြသဖြင့် ‌နေ့လည် ၁ နာရီ‌ကျော်မှ မီးငြိမ်းသွား‌တော့တယ်။ အဲဒီ‌နေရာက အိမ်နဲ့ မနီးဘူးဆို‌တော့ အခြား‌နေရာ မီးကူးတာ‌တော့ မရှိပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ထိုသို့ မီး‌လောင်ကျွမ်းခဲ့ရာတွင် စက်သုံးဆီ‌ဘောင်စာကားကြီးတစ်စီး၊ ‌ခြောက်ဘီးကားတစ်စီးနှင့် ‌ထော်လာဂျီ ကားတစ်စီးအပါအဝင် ဒီဇယ် ၅ ပီပါနှင့် ဓါတ်ဆီ ၃၅ ပီပါတို့ မီး‌လောင်ကျွမ်းခဲ့သည်ဟု သိရသည်။

မီး‌လောင်ကျွမ်းမှုကိစ္စ‌ကြောင့် စက်သုံးဆီအလုပ်သမား နှစ်ဦးဖြစ်သည့် အသက် ၂၆ နှစ်အရွယ် ‌အောင်‌အောင် (‌ခေါ်)ထိန်လင်း‌အောင်၊ အသက် ၂၉ နှစ်အရွယ် ‌ကျော်ဆန်းဦးတို့ကို အိန္ဒုရဲတပ်ဖွဲ့မှ ‌ပေါ့ဆမှု ဥပ‌ဒေအရ ပုဒ်မ-၂၈၅ ဖြင့် လက်ရှိ တရားစွဲဆိုထား‌ကြောင်း ဖားအံမြို့ မီးသတ်ဌာန၏ မီးသတ်ဦးစီးအရာရှိ ဦး‌အောင်ရဲမင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဦး‌အောင်ရဲမင်းက “မီး‌လောင်ရတာက သူတို့ ဆီအဖုံးဖွင့်တဲ့အခါ ဆီအ‌ငွေ့ဂစ်များ အားပြင်းပြင်းနဲ့ဖွင့်‌တော့ ‌လေဖိအားနဲ့ အ‌ငွေ့ဂစ်တို့ ထိပြီး မီးစ‌လောင်သွားတယ်လို့ သိရတယ်။ ဒါ‌ကြောင့် သူတို့ကို ‌ပေါ့ဆမှုနဲ့ သူတို့ကို တရားစွဲဆိုထားရတာပါ။”ဟု ‌ပြောသည်။

အဆိုပါ မီး‌လောင်မှုတွင် ဆုံးရှုံးသွားသည့် ပစ္စည်းတန်ဖိုး စုစု‌ပေါင်း ကျပ်သိန်း (၃)ရာ‌ကျော်ရှိသည်ဟု ဦး‌အောင်ရဲမင်းက ဖြည့်စွက်‌ပြောဆိုသည်။

မီး‌လောင်ကျွမ်းသွားခဲ့သည့် စက်သုံးဆီ‌လှောင်ရုံသည် BGF တပ်ဖွဲ့အားလုံးမှ ပိုင်ဆိုင်ထားသည့် စက်သုံးဆီ ‌လှောင်ရုံဖြစ်ပြီး ပြီးခဲ့သည့် သုံးနှစ်ခန့်က စတင်တည်‌ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။