Home သတင်း ဒုတိယအကြိမ် တိုင်းရင်းသား ‌တော်လှန်‌ရေးအဖွဲ့များ၏ ကွန်ဖရင့်တွင် ‌ကေအဲန်ယူ ဥက္ကဌ၏ မိန့်ခွန်း

ဒုတိယအကြိမ် တိုင်းရင်းသား ‌တော်လှန်‌ရေးအဖွဲ့များ၏ ကွန်ဖရင့်တွင် ‌ကေအဲန်ယူ ဥက္ကဌ၏ မိန့်ခွန်း

1681

ဇန်နဝါရီ ၂ဝရက်၊ ၂၀၁၄ခုနှစ်။

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်ရာနယ်‌မြေ ‌လော်ခီးလာ (‌လေးဝါး)‌နေရာ၌ ယ‌နေ့ ဇန်နဝါရီ ၂ဝရက်‌နေ့၌ ကျင်းပ‌သော ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ၏ ကွန်ဖရင့်တွင် သဘာပတိအဖြစ် ‌ဆောင်ရွက်‌နေသည့် ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူး‌စေးဖိုး ‌ပြောဆိုခဲ့‌သော မိန့်ခွန်းကို ‌ကေအိုင်စီမှ ပြန်လည်‌ဖော်ပြလိုက်ပါသည်။

‌ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး
ဗဟိုဌာနချုပ်
‌ကော်သူး‌လေ

‌လေးစားအပ်ပါ‌သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း‌ခေါင်း‌ဆောင်ကြီးများ၊ ကွန်ဖရင့် ကိုယ်စား လှယ်‌တော်များ၊ အဖွဲ့အစည်းအသီးသီးမှ‌ခေါင်း‌ဆောင်များ၊ ကိုယ်စားလှယ်‌တော်များနှင့် ‌လေ့လာသူအဖြစ် တက်‌ရောက်လာ‌သော ကိုယ်စားလှယ်များခင်ဗျား –

ယ‌နေ့ထူးမြတ်တဲ့ အခါသမယမှာ မဂင်္လာအ‌ပေါင်းနဲ့ ပြည့်ဝလျက် ကိုယ်စိတ်နှစ်ဖြာ ချမ်း‌မြေ့ပါ‌စေလို့ ဦးစွာ ဆန္ဒပြုပါတယ်။ တဆက်တည်းမှာလည်း ‌ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးကိုယ်စား ကရင်ပြည် နယ်၊ ‌လော်ခီးလားမှ တိုင်းရင်းသားလက်နက်ကိုင် ‌ခေါင်း‌ဆောင်ကြီးအားလုံးနဲ့တကွ အခြားတက်‌ရောက် လာ‌သော ကိုယ်စားလှယ်‌တော်အားလုံးကို လှိုက်လှဲစွာ ကြိုဆိုနှုတ်ခွန်းဆက်အပ်ပါတယ်။

ယ‌နေ့ ‌လော်ခီးလားမှာ ကျင်းပပြုလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေး ကွန်ဖရင့်ကို ထိပ်သီး‌ခေါင်း‌ဆောင်ကြီးများ လာ‌ရောက်‌တွေ့ဆုံရခြင်းရဲ့ အဓိက အ‌ကြောင်းအရင်းက နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှုများနဲ့ စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်း‌ရေး တည်‌ဆောက်နိုင်ရန် အ‌ရေးကြီးဆုံး ‌ခြေလှမ်းတစ်ရပ်ဖြစ်တဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှုမှာ ပါသင့်တဲ့ နှစ်ဘက်တပ်‌တွေ ပဋိပက္ခမဖြစ်‌အောင် ဘယ်လိုထိန်းညှိကြမယ်။ လိုအပ်တဲ့ ယန္တရား‌တွေကို ဘယ်လိုတည်‌ဆောက်ရမယ်၊ စတဲ့ ကိစ္စရပ်များအပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေး တည်‌ဆောက်ဖို့အတွက် ဘယ်လိုဘုံသ‌ဘောတူညီချက်‌တွေ ချမှတ်ထားမယ်ဆိုတာ ကို ညှိနှိုင်းဖို့ပဲ ဖြစ်ပါတယ်။ ဒီအ‌ကြောင်းအရာ‌တွေဟာ ပြင်ဆင်‌ပြောင်းလဲရန် လိုအပ်‌နေတဲ့ အနာဂတ် ဖွဲ့စည်းတည်‌ဆောက်ပုံ အ‌ခြေခံဥပ‌ဒေ အတွင်းမှာ ထည့်သွင်းရမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထည့်သွင်းပြင်ဆင်မှုများလည်း ဖြစ်ပါတယ်။

ဒီပြင်ဆင်ချက်များကို ရရှိ‌အောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့ချင်းစီရဲ့ဆန္ဒနဲ့ သ‌ဘောထား အမှန်များ ဖလှယ်ကြခြင်း၊ စိုးရိမ်မှုများကိုအပြန်အလှန် ‌ပြောဆိုခြင်း၊ အပြန်အလှန် နား‌ထောင်ခြင်းနှင့် တိုင်းရင်းသားအားလုံးရဲ့ ဘုံအကျိုးစီးပွားများကို ‌လေး‌လေးနက်နက် ‌ဖော်ထုတ်ကြခြင်းပဲ ဖြစ်ပါတယ်။ ‌ဆွေး‌နွေးညှိနှိုင်းမှုကို ပုံပမာဖြင့် နှိုင်းရပါလျှင် စာသင်ခန်းတစ်ခုတည်းအတွင်း စစ်မှန်သည့် ငြိမ်းချမ်း‌ရေး ဆိုင်ရာ နိုင်ငံ‌ရေးပညာများ အတူတကွ ဆည်းပူး‌နေကြခြင်းနှင့် အလားသဏ္ဍန်တူပါတယ်။ ငြိမ်းချမ်း‌ရေး ဆိုင်ရာ နိုင်ငံ‌ရေးပညာ သင်ယူသူများအဖြစ် သ‌ဘောထားကြလျက် အချင်းချင်းအ‌တွေ့အကြုံနှင့် အမြင်များ ကို လွတ်လွတ်လပ်လပ် ဖလှယ်ကြခြင်း၊ အချင်းချင်းအကြား မတူကွဲပြားမှု သင်ခန်းစာများ ရယူကြခြင်း၊ အမြင်များကို ‌ပေါင်းစပ်ခြင်းမှတဆင့် အပြန်အလှန် နားလည်မှုများကို တိုးမြှင့်‌စေလျက် ဘုံသ‌ဘောတူညီမှု များ ရယူကြပြီး အတည်ပြုကြပါစို့ဟု နိုး‌ဆော်ချင်ပါတယ်။

ညီလာခံအတွင်း ရရှိလာတဲ့ ဘုံသ‌ဘောတူညီချက်များနဲ့ အတည်ပြုချက်များကို ဘားအံမှာ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး‌ကော်မတီနဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေး ညှိနှိုင်း‌ရေးအဖွဲ့ (Nationwide Ceasefire Coordination Team)တို့ ဆက်လက်‌တွေ့ဆုံ ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ယခုအချိန်အထိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ ‌တွေ့ဆုံမှု အကြိမ်ကြိမ်မှတဆင့် ရရှိခဲ့တဲ့ သ‌ဘောတူညီချက်များကို အ‌ကောင်အထည်‌ဖော်နိုင်ရန် ဆင့်ကဲဆင့် သယ်‌ဆောင်သွားဖို့ အလွန်တရာ အ‌ရေးကြီးပါတယ်။

‌လေးစားအပ်တဲ့ ‌ခေါင်း‌ဆောင်ကြီးများနဲ့ ကိုယ်စားလှယ်‌တော်ကြီးများ ခင်ဗျား –
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက် လက်မှတ်‌ရေးထိုးခြင်း အဆင့်က‌နေ ဖြစ်‌ပေါ်လာတဲ့ ‌နောက်ဆက်တွဲ အကျိုးဆက်အချို့ကို အ‌လေးထား မီး‌မောင်းထိုး ‌ဖော်ပြလိုပါတယ်။
၁။ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု ဖြစ်‌မြောက်‌ရေးကို အာမခံချက် ရရှိခြင်း
၂။ တစ်ဖွဲ့ချင်းစီနဲ့ ‌ရေးထိုးထားပြီဖြစ်‌သော သ‌ဘောတူညီချက်များကို ထပ်ဆင့်အတည်ပြုနိုင်ခြင်း
၃။ နှစ်ဘက်ပါဝင်‌သော အဆင့်မြင့် လုပ်ငန်း‌ဖော်‌ဆောင်‌ရေး ‌ကော်မတီနဲ့ ပိုမိုကျယ်ပြန့်‌သော ပါဝင်မှု စသည့် ‌ကောင်း‌သောအကျိုးဆက်များ ‌ဆောင်ယူလာမည်ဖြစ်‌ကြောင်း အသိ‌ပေးလိုပါတယ်။

‌လေးစားအပ်တဲ့ ‌ခေါင်း‌ဆောင်ကြီးများနဲ့ ကိုယ်စားလှယ်‌တော်ကြီးများ ခင်ဗျား –
ပြည်သူလူထုအတွက် သိသာမြင်သာတဲ့ ‌ပြောင်းလဲမှုများကို အရှိန်ဟုန်မြင့်တင်လျက် အ‌ကောင်အထည် ‌ဖော် လုပ်‌ဆောင်နိုင်ရန် အချိန်နဲ့ အခွင့်အ‌ရေးကို အမိအရ ဆုပ်ကိုင်ရန်လည်း ထပ်ဆင့်တိုက်တွန်း လိုပါတယ်။

အ‌ကြောင်းအရင်းက‌တော့ –
(၁) အမျိုးသား‌ရေး တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန် လက်နက်စွဲကိုင် ‌တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားများနဲ့အတူ တစ်နိုင်ငံလုံးရှိ သန်း (၆၀)‌သော ပြည်သူပြည်သားများအတွက် အလိုအပ်ဆုံး ‌သော အ‌ခြေခံအချက်များထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ မြန်မာနိုင်ငံ၏ တိုင်းရင်းသားနိုင်ငံ‌ရေးပြဿနာများ ကို လက်နက်စွဲကိုင်လျက် ‌ဖြေရှင်ကြခြင်းမှ စားပွဲဝိုင်းမှာ ‌ဆွေး‌နွေးညှိနှိုင်းပြီး အ‌ဖြေရှာကြခြင်းဖြင့် နိုင်ငံ‌ရေး တည်ငြိမ်မှုမှတဆင့် ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ‌တော်ကြီး ထူ‌ထောင်ခြင်းကို အားလုံးပါဝင်မှုနဲ့ ဖန်တီးလာနိုင်မည့် အတွက်‌ကြောင့်ပဲ ဖြစ်ပါတယ်။
(၂) တိုင်းရင်းသားအခွင့်အ‌ရေးဆိုင်ရာများ ကိုယ်ပိုင်ပြဌာန်းခွင့် ဘုံအကျိုးစီးပွားဆိုင်ရာ သ‌ဘောတူညီမှုများ ရရှိရန် နိုင်ငံ‌ရေးဒီ‌ရေ မြင့်ချိန်ဖြစ်ပါတယ်။

ဒီ‌နေရာမှာ ‌ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဥက္ကဌ တစ်ဦးအ‌နေနဲ့သာမက ကရင်အမျိုးသား ‌တော်လှန်‌ရေး စတင်ခဲ့တဲ့ အချိန်ကတည်းက သာမန်ရဲ‌ဘော်တစ်ဦးအဆင့်က‌နေ လက်‌တွေ့ဖြတ်သန်းခဲ့ရတဲ့ အချက်‌တွေကို ထည့်သွင်း‌ပြောပြချင်ပါတယ်။ ကျ‌နော်ဟာ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ထောင်‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူ‌ရေးအတွက် နှစ်‌ပေါင်း(၆၀)‌ကျော် မနားတမ်း လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီအခွင့်အ‌ရေးဆိုင်ရာ ‌တောင်းဆိုမှုများကို အ‌ဖြေရှာတဲ့အခါ မြန်မာနိုင်ငံရဲ့ စစ်အုပ်ချုပ်မှု အဆက်ဆက်က လက်နက်နဲ့ ငြိမ်းချမ်း‌ရေး လဲလှယ်ရန်နဲ့ ဥပ‌ဒေအတွင်း ဝင်‌ရောက်ရန်ဆိုတဲ့ တဖက်သတ် အမိန့်‌ပေး ရပ်တည်ခြင်းနဲ့သာ တုံ့ပြန်မှုကလွဲလို့ ဘာတစ်ခုမှ အ‌ဖြေမရခဲ့ပါဘူး။

ဒီအ‌ခြေအ‌နေကို ဆန့်ကျင်လျက် ၂၀၁၁ခုနှစ်ကစပြီး သမ္မတ ဦးသိန်းစိန်‌ခေါင်း‌ဆောင်တဲ့ မြန်မာအစိုးရက ငြိမ်းချမ်း‌ရေးတည်‌ေ‌ဆောက်ရာမှာ တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှုကို အ‌ခြေခံထားရန် ငြိမ်းချမ်း‌သော နည်းလမ်းအားဖြင့် ညှိနှိုင်း‌ဆွေး‌နွေးကြပြီး ပြဿာကို ‌ဖြေရှင်းကြရန်၊ လက်‌တွေ့ဆန်သည့် ချဉ်းကပ်မှုဖြင့် အနာဂတ်ဖက်ဒရယ်ပြည်‌ထောင်စုကြီးကို တည်‌ဆောက်ကြရန် စသဖြင့် ‌ပြောဆို‌နေပြီဖြစ်ပါတယ်။ ဒါ‌တွေဟာ လိုအပ်‌သော အတိုင်းအတာရှိတဲ့ ‌ဆွေး‌နွေးညှိနှိုင်းမှုကို အ‌ခြေခံလျက် ဖြစ်‌ပေါ်‌နေသည့် ‌ပြောင်းလဲမှုများကို မ‌ပြောနိုင်‌သေး‌သော်ငြားလည်း နည်းမှန်လမ်းမှန်ဖြင့် အစပြု‌သော ‌ပြောင်းလဲမှုများလို့ ‌ပြောနိုင်ပါမယ်။

ဒီကနဦး ဖြစ်ထွန်းမှု‌တွေ ပိုမိုအား‌ကောင်းလာ‌စေဖို့နဲ့ ‌အောင်မြင်ခြင်းရဖို့ ‌ရှေ့လုပ်ငန်းစဉ်အဆင့်တိုင်းမှာ ဒီက‌နေ့ဟာ အထူးအ‌ရေးကြီးတဲ့ တိုင်းရင်းသား‌တွေက‌နေ ‌ဖော်‌ဆောင်ရမည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကြီးနဲ့ နိုင်ငံ‌ရေးလုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။ တိုက်ကြခိုက်ကြပြီး အ‌ဖြေရှာခြင်းနည်းလမ်းဟာ တိုင်းပြည်နဲ့ ပြည်သူလူထု‌တွေ နစ်နာပါတယ်။ အနာဂတ် မျိုးဆက်‌တွေအတွက် ဆိုး‌မွေသာ ဖြစ်ပါတယ်။ ငြိမ်းချမ်း‌ရေး အ‌မွေအနှစ်ကို ထားရစ်နိုင်ဖို့နဲ့ ‌အောင်မြင်မှုအား‌ကောင်းနိုင်ဖို့ “မိမိ ကံကြမ္မာ မိမိသာ ဖန်တီးရမယ် (We shall decide our own political destiny)” ဆိုတဲ့ လမ်းညွှန်ချက်မူနဲ့ ‌ကေအဲန်ယူ ကရင်အမျိုးသားအစည်း အရုံးကြီးရဲ့ အထင်ကရ အမျိုးသား‌ခေါင်း‌ဆောင်ကြီး ‌စောဘဦးကြီး ချမှတ်‌ပေးခဲ့တဲ့ နိုင်ငံ‌ရေးဆိုင်ရာ ရည်မှန်းချက်များ ‌အောင်မြင်မှုရရှိနိုင်သည့် အ‌ခြေခံအ‌ကြောင်းအရင်း (၃) ချက်ထဲမှ အချက် (၂)ချက်က ဘာ‌ပြောသလဲဆိုရင် –

(၁) ဆန္ဒအ‌လျောက်‌ပေးခြင်းဖြင့် ‌အောင်မြင်မှုရရှိနိုင်ခြင်း၊ (By voluntary gift)
(၂) အ‌ခြေအ‌နေအရပ်ရပ်၏ တွန်းပို့မှု‌ကြောင့် (By force of circumstances) အမျိုးသားနိုင်ငံ‌ရေးဆိုင်ရာ ရည်မှန်းချက်များ ‌အောင်မြင်မှု ရရှိနိုင်ခြင်း‌တွေပဲ ဖြစ်ပါတယ်။

ဒီအချက် (၂)ချက်အ‌ပေါ် အ‌ခြေခံပြီး ‌အောင်မြင်မှု အား‌ကောင်း‌ရေးအတွက် အစပြု ‌ပြောင်းလဲ‌နေသည့် ပကတိမြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးအ‌ခြေအ‌နေကို ထည့်သွင်းစဉ်းစားလျက် ထိလွယ်ရှလွယ် အ‌ခြေအ‌နေကို ရဲရင့်မှု အပြည့်အဝနဲ့ ဖြတ်‌ကျော်နိုင်ရန် အ‌ခြေခံအချက် တချို့ကို မီး‌မောင်းထိုး ‌ဖော်ပြလိုပါတယ်။

– အမှားလုပ်မိမှာ အ‌ကြောက်ကြပါနဲ့။ ‌အောင်မြင်တဲ့ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်ရာမှာ ပါဝင်ရမယ့် ယန္တရား များနဲ့ သ‌ဘောတူညီချက်များကို ကဏ္ဍ‌ပေါင်းစုံနဲ့ ဘက်‌ပေါင်းစုံမှ အသိသက်‌သေများရဲ့ ‌ရှေ့‌မှောက်မှာ ရဲရဲဝံ့ဝံ့ လက်မှတ်ထိုး သမိုင်းတင်ကြပါ

– လက်နက်ကိုင်အဖွဲ့များသည် နိုင်ငံ‌ရေးပြဿနာ ‌ဖြေရှင်း‌နေချိန်အတွင်းမှာ ပြတ်သားတဲ့ နိုင်ငံ‌ရေးဦး‌ဆောင် မှု‌အောက်မှာ နာခံမှု‌ကောင်းသူများအဖြစ် ပြင်ဆင်လျက် အစပြု‌ပြောင်းလဲမှုများအား ကျယ်ပြန့်၍ အဓိပ္ပါယ်ရှိ ‌သော ‌ပြောင်းလဲမှုအားများဖြစ်‌စေရန် ပံ့ပိုး‌ပေးကြပါ။

– ကျ‌နော်တို့ တစ်ဦးစီတိုင်းဟာ မိမိကိုယ်မိမိ ငြိမ်းချမ်း‌ရေးဆိုင်ရာ နိုင်ငံ‌ရေးပညာသင်ယူသူများလို့ ရှုမြင် လျက် “မည်သည့် အ‌နှောင်အဖွဲ့မှ မထားဘဲ၊ လွတ်လွတ်လပ်လပ် ‌တွေး‌ခေါ်‌ပြောဆိုလျက် ‌ကောင်း‌သော အနာဂတ်ကို ဖန်တီးကြပါ”

– စိတ်‌ကောင်း‌စေတနာထားလျက် လုပ်‌ဆောင်ကြပါ၊ တာဝန်ယူမှုနဲ့ တာဝန်ခံမှုမဲ့တဲ့ လုပ်ရပ်များကို ‌ရှောင်ရှားကြပါ။ ပဋိပက္ခကို အကြမ်းဖက် ‌ဖြေရှင်းကြသည့် သမိုင်းဆိုးကို ပြန်ပြီး အသက်မသွင်းကြပါနဲ့။

– ထိ‌တွေ့ဆက်ဆံခြင်း (Engagement)နှင့် ‌ဆွေး‌နွေးညှိနှိုင်းခြင်း (Negotiation)ဖြင့် တစ်ဦးနှင့်တစ်ဦး အမြင်နဲ့ သ‌ဘောထား‌တွေကို ဖလှယ်နိုင်ကြခြင်းမှတဆင့် ယုံကြည်မှုကို တည်‌ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ‌ကြောင့် ‌ကောင်းမွန်သည့် ဆက်သွယ်‌ရေးလမ်း‌ကြောင်းများကို ဖန်တီးလျက် ယုံကြည်မှုရ‌အောင် လုပ်‌ဆောင်ကြပါ။

– နိုင်ငံ‌ရေးရဲ့ ဒီ‌ရေအတက်မှာ အားသွန်ခွန်စိုက်လျက် တိုင်းရင်းသားအားလုံး၏ ဘုံအကျိုးစီးပွား တိုးပွား‌အောင် အခွင့်အ‌ရေးကို အမိအရ ဆုပ်ကိုင်ရယူကြပါ။

– အမျိုးသမီး၊ လူငယ်‌တွေနဲ့တကွ အားလုံးပါဝင်ပြီး လက်‌တွေ့ဆန်‌သော အများသ‌ဘောတူညီမှုနဲ့ စု‌ပေါင်း လုပ်ကိုင်‌ရေး အကန့်အသတ်ရှိတဲ့ လုပ်ငန်း‌ဘောင်အတွင်း တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွှတ်မှုကို တည်‌ဆောက်ကြပါ။

နိဂုံးချုပ်အားဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာကွန်ဖရင့်က ဖွဲ့စည်းခဲ့တဲ့ တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေး ညှိနှိုင်း‌ရေးအဖွဲ့ (Nationwide Ceasefire Coordination Team)က ပြင်ဆင်ထားတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက်မူကြမ်းကို ပွင့်ပွင့်လင်းလင်း နဲ့ ‌လေး‌လေးနက်နက် ‌ဆွေး‌နွေးညှိနှိုင်းကြပြီး “အားလုံးပါဝင်တဲ့ သမိုင်းတွင်ရစ်မည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေး”ကို မဆုပ်မနစ်နဲ့ ‌နောက်‌ကြောင်းပြန်မလှည့်ရန် သန္နိဌာန်ချလျက် ‌တွေ့ဆုံညှိနှိုင်းခြင်း၊ ငြိမ်းချမ်း‌ရေးအတွက် ပကတိအ‌ခြေအ‌နေနဲ့ ကိုက်ညီတဲ့ အနာဂတ် ဖက်ဒရယ်ပြည်‌ထောင်စုကြီးကို ရဲရဲဝံ့ဝံ့နဲ့ အားသွန်ခွန်စိုက် ကြိုးစားတည်‌ဆောက်ကြပါစို့ဟု တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။