Home သတင်း နိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ် ကရင်လူငယ်များ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ကရင်ပြည်နယ်တွင် ကျင်းပမည်

နိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ် ကရင်လူငယ်များ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ကရင်ပြည်နယ်တွင် ကျင်းပမည်

1538

ဇန်နဝါရီ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်လူငယ်များကွန်ယက်(KYN) မှ ဦး‌ဆောင်ပြီး “ကရင်လူငယ်များ၏ အခန်းကဏ္ဍ၊ အကူးအ‌ပြောင်းကာလ နှင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်” ‌ခေါင်းစဉ်ဖြင့် နိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ် ကရင်လူငယ်များ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ဇန်နဝါရီ ၂၈-၃ဝ ရက်‌နေ့၌ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ‌ကောင်းမှုရွာတွင် ကျင်းပမည်ဖြစ်သည်။

KYN အဖွဲ့ဝင်တစ်ဦးဖြစ်သူ ‌စောထွန်းထွန်းက “ဒီ‌တွေ့ဆုံပွဲဟာ ကရင်လူငယ်များကွန်ယက် တစ်နှစ်ပြည့်လည်း ဟုတ်တယ်။ ပြီး‌တော့ ဒီ‌ဆွေး‌နွေးပွဲမှာ ကရင်လူငယ်များရဲ့ သ‌ဘောထား‌ကြေညာချက် ထုတ်ပြန်မယ်။ ကရင် လူမျိုးရဲ့ သန်း‌ခေါင်စာရင်းနဲ့ ပတ်သက်တဲ့ အမြင်သ‌ဘောထား‌တွေကို တက်‌ရောက်လာတဲ့ ကရင်လူငယ်‌တွေ က‌နေ ‌ဆွေး‌နွေးကြမယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဆက်လက်၍ အကူးအ‌ပြောင်းကာလနှင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ကရင်လူငယ်များအ‌နေဖြင့် ကရင်အဖွဲ့အစည်း များနှင့် အစိုးရတို့ ‌တွေ့ဆုံ‌ဆွေး‌နွေးချိန်မှာ ‌လေ့လာ‌စောင့်ကြည့်ပြီးမှ ပြန်လည်သုံးသပ်ကာ အကြံပြု‌ပေးသည့် အခန်းကဏ္ဍကို တာဝန်ယူ ‌ဆောင်ရွက်သွားမည်ဟုလည်း ‌စောထွန်းထွန်းက ‌ပြောသည်။

အဆိုပါ‌ဆွေး‌နွေးပွဲတွင် နယ်စပ်‌ဒေသ၊ ရန်ကုန်တိုင်း‌ဒေသကြီး၊ ဘာအံ၊ ပဲခူးတိုင်း‌ဒေသကြီး၊ ဧရာဝတီတိုင်း‌ဒေသ ကြီး၊ တနသင်္ာရီတိုင်း‌ဒေသကြီး၊ အထက်မြန်မာပြည်၊ မွန်ပြည်နယ်တို့မှ ကရင်လူငယ်ကိုယ်စားလှယ် စုစု‌ပေါင်း (၃၀၀) ‌ကျော် တက်‌ရောက်သွားရန် ရှိသည်ဟု သိရသည်။

KYN အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)မှ ဗိုလ်မှူးတစ်ဦးလည်းဖြစ်သည့် ‌စောသရီတူးက “တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျ‌နော်တို့ ဆီမှာ ဒီ‌ဆွေး‌နွေးပွဲကို လာလုပ်တဲ့အတွက် ပီတိလည်းဖြစ်တယ်။ ကျ‌နော်တို့အ‌နေနဲ့ကလည်း အခုလို တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်‌တွေနဲ့ ပူး‌ပေါင်းခွင့်ရတာ အတိုင်းမသိ ဝမ်းသာမိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အပစ်အခတ်ရမ်စဲချိန်ဖြစ်သည့် ယခုကာလတွင် လူငယ်များအ‌နေဖြင့် ‌နေရာ‌ဒေသအစုံမှ ‌တွေ့ဆုံနိုင်ကြသလို အချင်းချင်းအကြား အ‌တွေ့အကြုံ ဗဟုသုတုများ မျှ‌ဝေနိုင်ကြသည့်အတွက် အကျိုးရလဒ်‌ကောင်း တစ်ခုဖြစ် ‌ကြောင်း ရန်ကုန်တိုင်း‌ဒေသကြီးမှ ကရင်လူငယ်တစ်ဦးဖြစ်သူ ‌စော‌ယောင့်သာအဲဆန်ကလည်း ‌ပြောဆိုသည်။

အလားတူ ဇန်နဝါရီ ၃၁ ရက်‌နေ့၌လည်း ကရင်လူငယ်များ (ရန်ကုန်)မှ ဦး‌ဆောင်ပြီး ကရင်သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် ကရင်လူငယ်များ‌တွေ့ဆုံပွဲတစ်ရပ်ကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်၊ ယုဒသန်ရိပ်သာတွင် ကျင်းပရန် ရှိသည်ဟု သိရသည်။

ပြည်တွင်းပြည်ပရှိ ကရင်လူငယ်များသည် အမျိုးသား‌ရေးလုပ်ငန်းများတွင် ကွန်ယက်ချိတ်ဆက်ပြီး စု‌ပေါင်းပါဝင် လုပ်‌ဆောင်ကြရန် ရည်ရွယ်၍ KYN ကို ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ‌နောင်နိုင်း‌ကျေးရွာ၌ ပြုလုပ်သည့် ကရင်လူငယ်များ ညီလာခံတွင် စတင်ဖွဲစည်းခဲ့ပြီး‌နောက် ပထမဆုံးအကြိမ် တစ်နိုင်ငံလုံးဆိုင်ရာ လူငယ်‌တွေ့ဆုံ ပွဲကို ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့နယ်တွင် ပြုလုပ်ကျင်းပခဲ့သည်။