Home သတင်း ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ၏ ကွန်ဖရင့် စတင်

ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ၏ ကွန်ဖရင့် စတင်

1562

ဇန်နဝါရီ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ (‌ကေအိုင်စီ)

ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ၏ ကွန်ဖရင့်ကို ကရင်ပြည်နယ်၊ ဖားအံ မြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်ရာနယ်‌မြေ ‌လော်ခီးလာ (‌လေးဝါး)‌နေရာ၌ ယ‌နေ့ မြန်မာစံ‌တော်ချိန် နံနက်(၉းဝ၀)နာရီအချိန်တွင် စတင်ကျင်းပ‌နေပြီဖြစ်သည်။

သုံးရက်ကြာ ကျင်းပသွားမည့် ၎င်းညီလာခံသို့ KNU၊ ကချင်လွတ်‌မြောက်‌ရေး‌ရေးတပ်မ‌တော်(KIA)၊ ကရင်နီ အမျိုးသားတိုးတက်‌ရေးပါတီ(KNPP)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)၊ ရခိုင်တပ်မ‌တော် (AA)၊ သျှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ(RCSS)၊ သျှမ်းပြည်တိုးတက်‌ရေးပါတီ(SSPP)၊ ချင်းအမျိုး သားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်သမဂ္ဂ(LDU)၊ ပအိုဝ်းအမျိုးသား လွတ်‌မြောက်‌ရေးအဖွဲ့ချုပ်(PNLO)များအပါအဝင် တိုင်းရင်းသားအဖွဲ့ ၁၈ ဖွဲ့မှ ကိုယ်စားလှယ်‌ခေါင်း‌ဆောင်များ၊ NCCT ‌ကော်မတီဝင်များနှင့် ‌လေ့လာသူများ စုစု‌ပေါင်း ၁၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ယ‌နေ့ ပထမ‌နေ့တွင် သဘာသပတိအဖြစ် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူး‌စေးဖိုး၊ အရံသဘာပတိ (၁) PNLO ဥက္ကဌ ခွန်မြင့်ထွန်း၊ အရံသဘာပတိ (၂) (PSIF/TNLA)ဥက္ကဌ တာ့အိုက်ဖုန်းတို့ တာဝန်ယူခဲ့ကြသည်။

သဘာပတိ ဗိုလ်ချုပ်ကြီး မူတူး‌စေးဖိုးက “‌လော်ခီးလာမှာ ကျင်းပပြုလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေး ကွန်ဖရင့်ကို ထိပ်သီး‌ခေါင်း‌ဆောင်ကြီးများ လာ‌ရောက်‌တွေ့ဆုံရခြင်းရဲ့ အဓိက အ‌ကြောင်းအရင်းမှာ နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှုနဲ့ စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်း‌ရေးတည်‌ဆောက်နိုင်ရန် အ‌ရေးကြီးဆုံး‌ခြေလှမ်းတစ်ရပ်ဖြစ်တဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲ‌ရေး သ‌ဘောတူညီမှုမှာ ပါသင့်တဲ့ နှစ်ဘက်တပ်‌တွေ ပဋိပက္ခမဖြစ်‌အောင် ဘယ်လိုထိန်းညှိကြမယ်။ လိုအပ်တဲ့ ယန္တယား‌တွေကို ဘယ်လိုတည်‌ဆောက်ရမယ် စတဲ့ ကိစ္စရပ်များအပြင် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများအကြား စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေး တည်‌ဆောက်ဖို့အတွက် ဘယ်လို ဘုံသ‌ဘောတူညီ ချက်‌တွေ ချမှတ်ထားမယ်ဆိုတာကို ညှိနှိုင်းဖို့ပဲ ဖြစ်ပါတယ်။”ဟု ‌ပြောကြားသည်။

ယ‌နေ့ ကျင်းပပြုသည့် အစီအစဉ်အရ ကွန်ဖရင့်ကျင်းပ‌ရေး‌ကော်မတီမှ အစီရင်ခံခြင်း၊ သဝဏ်လွှာဖတ်ကြား ခြင်း၊ လိုင်ဇာကွန်ဖရင့်နှင့် ‌လော်ခီးလာကွန်ဖရင့်အကြား ဖြစ်စဉ်ကို အကျိုး‌ဆောင်မှ ရှင်းလင်းတင်ပြခြင်း၊ NCCT ၏ လုပ်ငန်းအစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ တစ်နိုင်လုံးအပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူ စာချုပ်(မူကြမ်း)ကို ရှင်းလင်းတင်ပြီး တက်‌ရောက်လာသည့် ကိုယ်စားလှယ်များမှ အပြန်အလှန်‌ဆွေး‌နွေးကြမည် ဖြစ်သည်။