Home ကဗျာ နှစ်သစ်အ‌တွေး

နှစ်သစ်အ‌တွေး

2030

(လကင်္ာဒီပ)

(ဒီဇင်ဘာ ၂၅၊ ၂၀၁၃။)

အ‌တွေ့အသစ် အ‌ငွေ့သစ်
နှစ်သစ်တဖြစ်လည်း
စစ်ပွဲ‌တွေမလိုချင်ဘူး တကယ်
ဘယ်ဗျူဟာ ဘယ်မာယာ
ယတြာအစုတ်အပြတ်
မဟုတ်မဟတ် လုပ်ဇာတ်အညစ်
ရပ်တန်းရစ်ကြ‌စေ
‌နေ့သစ်‌တွေကို ‌ရွှေ့မပစ်ချင်ကြစမ်းပါနဲ့။

မ‌မေ့‌လျော့ခြင်း
‌ပေါ့ဆခြင်းကင်းစွာ
သစ်ကမ္ဘာ နှစ်တရာကို ထုဆစ်
လုံ့လသစ်နဲ့မာန်တင်
ကြာချင်ကြာမယ် နာချင်နာမယ်
အလွယ်တကူမပြီး
လမ်းကြမ်းကြီးများစွာနဲ့
ခရီးကား မနီးလှ‌ပေဘူး‌လေ။

အငြိမ်းစား ဘချုပ်‌တွေ
‌နေပြည်‌တော်မှာ စာဖတ်ကြကာ‌နေ
‌ကော်သူး‌လေ ကရင်‌တွေ
ရီ‌ဝေ‌ဝေ ‌ထွေလီ‌နေဆဲ
သမိုင်းလည်း ဝိုးတိုးဝါးတား
မှတ်မထား သညှာ
ကဗျာမတတ် စာမတတ်
အနာဂတ်မဲ့‌အောင်ကို
အလိုလိုပြု‌နေကြ‌ရော့သလား
ဝါးလုံး‌ခေါင်းထဲ “လ”‌တွေ မသာသင့်‌နေ
‌အောက်‌ခြေလူထုအတွက် ဆင်ခြင်
လမ်းစဉ်နဲ့မူ‌ဘောင်ကို ရူး‌ကြောင်‌ကြောင် မလုပ်ကြနဲ့။

ငြိမ်းချမ်း‌ရေးစကားလုံး
မက်လုံးကားပါမစ်
မစစ်မှန်တဲ့ ‌စေတနာ‌တွေ
ကရင်‌တွေ ပြည်တွင်းစစ် ပြည်ပစစ်
ဘယ်စစ်မှ မဖြစ်ချင်ခဲ့ကြပါဘူး။

နိုင်ငံ‌ရေး အကြပ်အတည်း
လိပ်ခဲတည်းလည်း ပြဿနာ
ဒဏ်ရာနဲ့အနာ‌ဆေး
ဖွံ့ဖြိုး‌ရေးမဟုတ်ဘူး
ဖူးပွင့်ဖို့ ပန်းက‌လေး
‌နွေး‌ထွေးလန်းဆန်း‌တောက်ပ
ဘဝလုံခြုံမဲ့ ‌ရောင်နီပြို
ကိုယ်ပိုင်ပြဌာန်းခွင့် အလင်းတန်း
တို့ ‌မျှော်မှန်းခဲ့တာ လွတ်လပ်ခြင်းလမ်းမကြီး‌ပေါ့။