Home သတင်း နိုင်ငံခြားသား ၃ဦး မဲ‌ဆောက်-မြဝတီဂိတ်ကို စက်ဘီးဖြင့်ဖြတ်၍ မြန်မာနိုင်ငံသို့ လည်ပတ်

နိုင်ငံခြားသား ၃ဦး မဲ‌ဆောက်-မြဝတီဂိတ်ကို စက်ဘီးဖြင့်ဖြတ်၍ မြန်မာနိုင်ငံသို့ လည်ပတ်

2218
(မြန်မာပြည်သို့ စက်ဘီးဖြင့်သွားလာရန် ဝင်‌ရောက်လာသူသုံးဦး)

နိုဝင်ဘာ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ဘယ်လ်ဂျီယံနိုင်ငံသားနှစ်ဦးနှင့် နယ်လ်သာလန်နိုင်ငံသားတစ်ဦးတို့သည် မြန်မာနိုင်ငံအတွင်း လည်ပတ်သွားလာရန် ထိုင်း-မြန် မာနယ်စပ် မဲ‌ဆောက်-မြဝတီဂိတ်ကို စက်ဘီးဖြင့်ဖြတ်၍ နိုဝင်ဘာ ၂၇ရက်‌နေ့က ကရင်ပြည်နယ်မှတဆင့် ‌မော်လမြိုင်သို့ ‌ရောက် ရှိလာခဲ့သည်။

၎င်းတို့သုံးဦးမှာ ဘယ်လ်ဂျီယံနိုင်ငံသား Mr. Ard Duits, Ms. Stephanie Swinkels နှင့် နယ်လ်သာလန်နိုင်ငံသား Mr. Timo Duits တို့ဖြစ်ကြပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူး၊ မန္တ‌လေး၊ ပုဂံ‌ဒေသများသို့ စက်ဘီးဖြင့် လှည့်လည်သွားမည်ပြီး အပြန် ခရီးကို ရှမ်းပြည်နယ်၊ တာချီလိတ် နယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ ပြန်ဝင်‌ရောက်မည်ဟု Mr. Ard Duits က ‌ပြောသည်။

“ကျ‌နော်တို့က ‌လေးပတ် အချိန်ရပါတယ်။ မြန်မာပြည်မှာ‌တော့ သုံးပတ်‌နေမယ်။ ပြီးရင် ထိုင်းမှာ တစ်ပတ်‌နေဖို့ အစီအစဉ်ရှိပါ တယ်။ မဲ‌ဆောက်က‌နေ မြဝတီ၊ ဖားအံ၊ ‌မော်လမြိုင်မှာ အိပ်တယ်။ ကျ‌နော်တို့ နယ်စပ်က‌နေ ဖြတ်ပြီးသွားမယ်ဆိုရင် အခက်အခဲ ရှိမယ်လို့ ‌တွေးထား‌ပေမယ့် တကယ်တမ်းကျ‌တော့ အဆင်‌ပြေပါတယ်။”ဟု သူက ‌ပြောဆိုသည်။

လက်ရှိ ‌မော်လမြိုင်တွင် ‌ရောက်ရှိ‌နေသည့် ၎င်းတို့သည် မြန်မာပြည်တွင်းသို့ မဝင်မီ နယ်စပ်ဂိတ်ဖြတ်သန်းရာ၌ နိုင်ငံကူးလက် မှတ်၊ ဖီဇာတို့ကို ‌လေယာဉ်လမ်း‌ကြောင်း ခရီးစဉ်ကဲ့သို့ပင် စီစဉ်ရခြင်းဖြစ်‌ကြောင်း သိရသည်။

ဘယ်လ်ဂျီယံအမျိုးသမီး Stephanie Swinkels ကလည်း “ကျမတို့က စက်ဘီးနဲ့ လည်ပတ်ရတဲ့ ရည်ရွယ်ချက်က‌တော့ မြန်မာ နိုင်ငံက သာယာလှပတဲ့ ရှုခင်း‌တွေကို သွား‌ရောက်နိုင်တဲ့ ‌နေရာအားလုံး ရှုမြင်သွားချင်လို့ ဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ထိုင်းခရီးသွားများအပြင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကမာ္ဘလှည့် ခရီးသွားများ မြန်မာနိုင်ငံသို့ လာ‌ရောက်လည်ပတ်နိုင်ရန် လူဝင်မှု ကြီးကြပ်‌ရေးဌာနက ထိုင်း-မြန်မာနယ်စပ်ဂိတ်များဖြစ်ကြ‌သော မြဝတီ-မဲ‌ဆောက်၊ တာချီလိတ်-မယ်ဆိုင်၊ ‌ကော့‌သောင်း-ရ‌နောင်း ဂိတ်နှင့် ထီးခီး-ပူနာရွန်ဂိတ်တို့ကို ၂၀၁၃ခုနှစ်၊ ဩဂုတ်လကုန်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

ထို့အပြင် ထိုင်းနယ်စပ်ဂိတ်များမှ မြန်မာနိုင်ငံသို့ ဝင်‌ရောက်လာ‌သော ပြည်ပခရီးသည်များသည် နိုင်ငံကူးလက်မှတ်နှင့် ဗီဇာပါရှိရ မည်ဖြစ်ပြီး ပြန်ထွက်ခွါသည့်အခါ မည်သည့်ထွက်‌ပေါက်ဂိတ်မဆို ပြန်ထွက်နိုင်‌ကြောင်း နယ်စပ်ဂိတ်များတွင် တာဝန်ကျသူ မြန်မာဝန်ထမ်းများက ‌ပြောသည်။

မြဝတီဘက်တွင် နယ်စပ်ဖြတ် တံတားထိပ်၌ တာဝန်ကျသူ မြန်မာရဲအရာရှိတစ်ဦးက “သူတို့က တရားဝင် နိုင်ငံကူး လည်ပတ် ဗီဇာနဲ့ လာတာ‌လေ။ မြဝတီအထိပဲ လာတာရှိသလို အဲသလို ဗမာပြည်ရဲ့ အခြား‌နေရာအထိ သူတို့ဖာသာ သွားကြတယ်ဆို လည်း လုံခြုံမှုရှိ‌အောင် ကျ‌နော်တို့က ထပ်ပြီး လှမ်းသတင်း‌ပေးရတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို မြန်မာနိုင်ငံအတွင်းသို့ ‌လေယာဉ်လမ်းများဖြင့်သာမက နယ်စပ်ဂိတ်‌ပေါက်ဝများမှလည်း ကမ္ဘာလှည့်ခရီးသွားများ လာ ‌ရောက်လည်ပတ်နိုင်သည့်အတွက် လတ်တ‌လော နယ်‌ဒေသများတွင် ခရီးသွားဧည့်သည်များ လာ‌ရောက်မှု ပိုများလာမည်ဟု ‌မော်လမြိုင်ခရီးသွားလုပ်ငန်းရှင်များက ခန့်မှန်း‌ပြောဆို‌နေကြသည်။