Home သတင်း ဖားအံတွင် မျိုးဆက်သစ်များအတွက် အစိမ်း‌ရောင်စုစည်းမှု‌တွေ့ဆုံပွဲ ကျင်းပ

ဖားအံတွင် မျိုးဆက်သစ်များအတွက် အစိမ်း‌ရောင်စုစည်းမှု‌တွေ့ဆုံပွဲ ကျင်းပ

2524

ဒီဇင်ဘာ ၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း

မြန်မာနိုင်ငံရှိ အစိမ်း‌ရောင် ကွန်ယက်မှ ဦးစီး၍ ကရင်ပြည်နယ် ဖားအံမြို့၊ သု‌မေဓာရာမ‌ကျောင်းတွင် တတိယအကြိမ်‌မြောက် အစိမ်း‌ရောင်မျိုးဆက်သစ်များအတွက် အစိမ်း‌ရောင်စုစည်းမှု‌တွေ့ဆုံပွဲတစ်ရပ်ကို ဒီဇင်ဘာ ၂ ရက်မှ ၅ ရက်‌နေ့အထိ ပြုလုပ်ကျင်းပလျှက်ရှိသည်။

လက်ရှိ မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးအတွက် အများပြည်သူ သိရှိလာ‌အောင် ရည်ရွယ် ချက်ဖြင့် ယခုလို ‌တွေ့ဆုံပွဲပြုလုပ်ရခြင်းဖြစ်သည်ဟု ‌တွေ့ဆုံပွဲတက်‌ရောက်သူတစ်ဦးဖြစ်သည့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်း‌ရေးပညာရှင် ‌ဒေါ်‌ဒေဝီသန့်စင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျမတို့က ကိုယ့်နိုင်ငံ တိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အခါ အကျိုးရှိ၊ မရှိ အရင်‌လေ့လာရမယ်။ ဒါမှ အစိုးရ‌ရော၊ ပြည်သူအတွက်ပါ အကျိုးရှိမယ်။ ‌နောက် နိုင်ငံ‌တော်ဖွဲ့စည်းပုံမှာ နိုင်ငံသားတိုင်း သဘာဝပတ်ဝန်း ကျင်နှင့် သယံဇာတ ထိမ်းသိမ်းရမယ့် တာဝန်ရှိတယ်လို့ ‌ဖော်ပြထားတယ်။ ဒါ‌တွေကို သိရှိပြီး ပြည်သူအများ သိ‌အောင် လုပ်‌ဆောင်ရမယ်”ဟု ‌ဒေါ်‌ဒေဝီသန့်စင် က ‌ပြောဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများလုပ်‌ဆောင်ရန် လိုအပ်‌နေသဖြင့် ရင်းနှီးမြှပ်နှံမှုများကို မျက်စိမှိတ် ကန့်ကွက်ကြမည့်အစား တတ်သိနားလည်သည့် ပညာရှင်များ၏ လမ်းညွန်မှု များကို ရယူပြီး ထိုမှတဆင့် လာ‌ရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်သင့် မလုပ်သင့် ‌ဒေသခံများက စဉ်းစားနိုင်လိမ့်မည်ဟု ‌ဒေါ်‌ဒေဝီသန့်စင်က ဆိုသည်။

ယင်း‌တွေ့ဆုံပွဲတွင် သက်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ပညာရှင်များ ဖြစ်ကြသည့် ‌ဒေါ်‌ဒေဝီသန့်စင်၊ ‌ဒေါက်တာ ဦးထွန်းလွင်၊ ‌ဒေါက်တာ ‌ဒေါ်ခင်နီနီသိန်း၊ ဦးချိုချို၊ ‌ဒေါက်တာ ‌စောမွန်သိမ့်၊ ဦးစိန်မြင့်၊ ဦး‌စောမိုးမြင့်၊ ‌ဒေါက်တာ ခင်‌မောင်ညိုတို့အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားရှိ အစိမ်း‌ရောင်ကွန်ယက် အဖွဲ့ဝင် စုစု‌ပေါင်း ၂၀ဝ ‌ကျော်တက်ခဲ့ကြသည်ဟု ပွဲဖြစ်‌မြောက်‌ရေး စီစဉ်သူ ‌စောထွန်းထွန်းက ရှင်းပြသည်။

‌တွေ့ဆုံပွဲ တက်‌ရောက်သည့် အစိမ်း‌ရောင်ကွန်ယက်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ‌စောဖိုးမျှင်က “ဒီပွဲမှာ ‌နေရာစုံ၊ ‌ဒေသ စုံများမှ လာကြတယ်။ ဒီလိုမျိုးပွဲ များများလုပ်‌ပေးသင့်တယ်။ ဖြစ်နိုင်ရင် ‌ခြောက်လ တကြိမ် လုပ်သင့် တယ်။ ဒါမှ ‌အောက်‌ခြေပြည်သူ ‌တွေအထိ ပြန်လည်ရှင်းပြနိုင်မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ဆက်လက်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးနှင့် ပတ်သက်၍ အစိမ်း‌ရောင် ကွန်ယက်၏ လှုပ်ရှားမှုများကို အား‌ပေးသင့်ပြီး သဘာဝပတ်ဝန်းကျင် ပညာ‌ပေးမှု နားလည်သည့် လူငယ်များအ‌နေဖြင့် ယခုလို ‌တွေ့ဆုံပွဲကို များများလုပ်‌ပေးရန် လိုအပ်သလို အစိုးရအ‌နေဖြင့်လည်း လုပ်‌ဆောင်သင့်သည်ဟု သူက ဖြည့်စွက်‌ပြောဆိုသည်။

မြန်မာနိုင်ငံ အစိမ်း‌ရောင်ကွန်ယက်သည် ၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး‌နောက် အလားတူ ‌တွေ့ဆုံပွဲကို ပြင်ဦးလွင်၌ တစ်ကြိမ်၊ ပုပ္ပား၌ တစ်ကြိမ် ကျင်းပခဲ့ပြီဖြစ်ပြီး ယခု ဖားအံမြို့တွင် တတိယအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်သည်။