Home သတင်း ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ မျက်နှာစုံညီပွဲ‌တော်ကျင်းပမည်

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ မျက်နှာစုံညီပွဲ‌တော်ကျင်းပမည်

2289

ဒီဇင်ဘာ ၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့အ‌ခြေစိုက် ကရင်ပါတီကြီးတစ်ခုဖြစ်သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) သည် ကရင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် လာမည့် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၁၈ မှ ၂ဝ ရက်‌နေ့အထိ မျက်နှာစုံညီပွဲ‌တော်တစ်ရပ် ပြုလုပ်ကျင်းပမည်ဖြစ်သည်။

ဒီဇင်ဘာ ၂ရက်‌နေ့က PSDP သည် ဖားအံမြို့အနီး ‌တောင်က‌လေးဘုန်း‌တော်ကြီး‌ကျောင်း၌ ဖားအံမြို့နယ်ရှိ ရပ်မိရပ်ဖနှင့် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများ ပါဝင်သည့် အကြို‌တွေ့ဆုံပွဲပြုလုပ်ကာ ပါတီစည်းလုံးညီညွှတ်မှုအတွက် ရည်ရွယ်၍ ကျပ်‌ငွေ ၁၅ သိန်းအကုန်ကျခံမည့် မျက်နှာစုံညီပွဲ‌တော်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

PSDP ၏ ဒု-ဥက္ကဌ မန်း‌အောင်ပြည်စိုးက “မျက်နှာစုံညီပွဲ‌တော်ကို ‌တောင်က‌လေးကွင်းမှာ ကျင်းပဖို့ ကျ‌နော်တို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီပွဲ‌တော်လုပ်ရတာက ပါတီဝင်‌တွေ ပါတီဖွဲ့စည်းပြီး သုံးနှစ်ထဲမှာ တစ်ဦးနှင့်တစ်ဦး ‌တွေ့ဆုံမှု အားနည်းခဲ့တယ်။ ဒါ‌ကြောင့် ပါတီရဲ့ ‌ရှေ့လုပ်ငန်းစဉ်အတွက် အ‌ထောက်အကူပြုဖို့ အခုပွဲ‌တော်ကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ”ဟု ‌ပြောသည်။

‌တောင်က‌လေးဘုန်းကြီး‌ကျောင်းတွင် ပြုလုပ်သည့် ယင်း‌တွေ့ဆုံပွဲတွင် PSDP ဥက္ကဌ ‌စောသိန်း‌အောင်၊ ဒု-ဥက္ကဌ မန်း‌အောင်ပြည်စိုး၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး စဘင်ကျင်ဦးနှင့် အခြား PSDP ၏ အဖွဲ့ဝင်များ အပါအဝင် ဖားအံမြို့နယ်ရှိ ရပ်မိရပ်ဖများ၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများ စုစု‌ပေါင်း ၈ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ထို့အပြင် PSDP မှ ပြုလုပ်သွားမည် ၎င်းမျက်နှာစုံညီပွဲ‌တော်တွင် ကရင်ဇာတ်သဘင်၊ ကရင်ရိုးရာပြခန်းများ၊ ကရင်အ‌ကြောင်း စာအုပ်အ‌ရောင်းဆိုင်များ၊ ‌ပျော်ပွဲရွှင်ပွဲနှင့် ပြခန်းများသာ ပါဝင်ပြီး our day ‌ခေါ် ‌လောင်းကစား ပွဲများ လက်မခံဟု PSDP ဥက္ကဌလည်းဖြစ်၊ ပြည်သူ့လွှတ်‌တော်အမတ်တစ်ဦးလည်းဖြစ်သူ ‌စောသိန်း‌အောင်က ‌တောင်က‌လေးဘုန်းကြီး‌ကျောင်း အကြို‌တွေ့ဆုံပွဲတွင် ‌ပြောကြားခဲ့သည်။

“ကျ‌နော်ကိုယ်တိုင်လွှတ်‌တော်မှာ ‌လောင်းကစားပ‌ပျောက်ဖို့ ‌တောင်းဆိုခဲ့တယ်။ ဒါ‌ကြောင့် ပါတီမျက်နှာဆုံ ညီပွဲမှာ ‌လောင်းကစားပါဖို့ ကျ‌နော်လက်မခံဘူး။ ‌လောင်းကစားပါမယ်ဆိုရင် ပါတီဥက္ကဌအဖြစ်က‌နေ ကျ‌နော်နှုတ်ထွက်မယ်”ဟု ‌စောသိန်း‌အောင်က ‌ပြောဆိုခဲ့သည်။

ဆက်လက်၍ ‌တောင်က‌လေး‌ကျေးရွာအုပ်ချုပ်‌ရေးမှူး နန်းသက်မာဝင်းကလည်း “ကျမတို့အ‌နေဖြင့် ‌လောင်းကစားပွဲကို လက်ခံဖို့ မရှိဘူး။ အရင်က မ‌ကောင်းတဲ့ လုပ်ရပ်‌တွေကို အခုပွင့်လင်းမှု ရှိလာတဲ့အချိန်မှာ ချန်ထားလို့ရပြီ”ဟု နန်းသက်မာဝင်းက ‌ပြောသည်။

PSDP ကို ပြီးခဲ့သည့် ၂၀၁ဝခုနှစ်၊ ဇွန်လ ၄ရက်‌နေ့၌ စတင်ဖွဲ့စည်းတည်‌တောင်ခဲ့ပြီး‌နောက် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် မဲဆန္ဒနယ် ၁၈ ‌နေရာ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ ၉ ‌နေရာ အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။