Home သတင်း UPWC နှင့် ‌တွေ့ဆုံခဲ့မှုအ‌ပေါ် UNFC ‌ကြေညာချက်ထုတ်ပြန်

UPWC နှင့် ‌တွေ့ဆုံခဲ့မှုအ‌ပေါ် UNFC ‌ကြေညာချက်ထုတ်ပြန်

1761
စက်တင်ဘာ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

UNFCညီညွှတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)သည် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီ (UPWC)နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုပြုလုပ်ပြီး‌နောက် ယမန်‌နေ့ စက်တင်ဘာလ ၁ဝရက်‌နေ့တွင် ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလ ၈ရက်‌နေ့က နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် ပြုလုပ်ခဲ့သည့် ၎င်းဒုတိယအကြိမ်အကြိုညှိနှိုင်း‌ဆွေး‌နွေးပွဲတွင် ပွဲအပြီး နှစ်ဖက်တို့ ပူးတွဲ‌ကြေညာချက် ထုတ်ပြန်ထားပြီဖြစ်‌သော်လည်း ‌ဆွေး‌နွေးပွဲအတွင်း ‌ပြောဆိုခဲ့ကြသည့် အ‌ကြောင်းအရာများနှင့် ပတ်သက်၍ အများပြည်သူများ ပိုမိုသိရ‌စေရန် ယခုလို ‌ကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု UNFC က ‌ပြောသည်။

‌ဆွေး‌နွေးပွဲတွင် အစိုးရက ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲ‌ရေးထိုးရန် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် မူ‌ဘောင်နှင့် အချိန်လျာထားသတ်မှတ်ချက်တို့ကို တင်ပြခဲ့ပြီး UNFC ဘက်က ငြိမ်းချမ်း‌ရေးဆိုင်ရာ နိုင်ငံ‌ရေးလုပ်ငန်းစဉ်၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမူ‌ဘောင်ဆိုင်ရာ UNFC ၏ သ‌ဘောထား၊ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲ‌ရေးကိစ္စအ‌ပေါ် ကြိုတင်လိုအပ်မှုနှင့် တိုင်းရင်းသားလူမျိုးများ ကွန်ဖရင့်မှ ထွက်‌ပေါ်လာသည့် အဓိကရလဒ် စသည်တို့ကို တင်ပြခဲ့ကြသည်ဟု UNFC ၏ ‌ကြေညာချက်တွင် ပါရှိသည်။

UNFC ၏ ဒုက္ကဌ ပဒို‌စော‌ဒေးဗစ်သာ့က‌ပေါက “ကျ‌နော်တို့ ‌ဆွေး‌နွေးခဲ့တဲ့ အ‌ကြောင်းအရာ‌တွေ အများပြည်သူ သိဖို့ UNFC အ‌နေနဲ့ ထုတ်လိုက်တာပါ။ ‌ဆွေး‌နွေးပွဲမှာ သူတို့(အစိုးရ)ဘက်က တတိုင်းပြည်လုံး လက်မှတ်ထိုးဖို့ တဖွဲ့ချင်း ထိုးဖို့။ ကျ‌နော်တို့ဘက်က တဖွဲ့ချင်းမဟုတ်ဘဲ UNFC တဖွဲ့လုံးအ‌နေဖြင့် ထိုးမှာ‌ပေါ့။ လက်မှတ်ထိုးတဲ့ အဆင့်ထိ နှစ်ဖက်သ‌ဘောတူညီမှု‌တော့ မရခဲ့ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရအ‌နေဖြင့် ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲ‌ရေး လုပ်‌ဆောင်လိုသည်ဆိုပါက တိုက်ပွဲများ ထပ်မံဖြစ်ပွားမှု မဖြစ်‌စေရန် တိုင်းရင်းသား‌ဒေသများရှိ ၎င်းတို့၏ စစ်တပ်များကို ဆုပ်ခွါ‌ပေးရန် လို‌ကြောင်းလည်း ပဒို ‌စော‌ဒေးဗစ်သာ့က‌ပေါက ဆက်‌ပြောသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲတွင် အစိုးရဘက်မှ UPWC ဒုက္ကဌ ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် အဖွဲ့ဝင် ၉ဦးနှင့် UNFC ဘက်မှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး နိုင်ဟံသာ ဦး‌ဆောင်သည့် အဖွဲ့ဝင် ၁၂ဦးတို့ ‌တွေ့ဆုံ ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲသို့ ‌လေ့လာသူများအဖြစ် ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့် မြတ်‌ရေးဆိုင် အထူးကိုယ်စားလှယ် H.E မစ္စတာ ဆာဆာကာဝါ၊ နီပွန်‌ဖောင်‌ဒေးရှင်းမှ တာဝန်ရှိသူများ၊ ညီညွှတ် ‌သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ABSDF)မှ ကိုယ်စားလှယ်အချို့တို့က တက်‌ရောက်ခဲ့ကြသည်။

၎င်း‌ဆွေး‌နွေးပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တို့အ‌နေဖြင့် နိုင်ငံ‌ရေးအရ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲသို့ ဦးတည်နိုင်ရန် ရင်းနှီးပွင့်လင်းစွာ ‌ဆွေး‌နွေးခဲ့ကြသလို ‌ဆွေး‌နွေးပွဲအပြီးတွင် အချက် ၄ချက်ပါသည့် ‌ကြေညာချက် တစ်‌စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

ပူးတွဲ‌ကြေချက်အရ အဓိကအ‌နေဖြင့် နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ‌ပေါ်‌ပေါက်သည်အထိ နှစ်ဖက်အလုပ် အဖွဲ့များ (Technical Team)အ‌နေဖြင့် အခါအား‌လျော်စွာ ဆက်လက်ညှိနှိုင်းကြရန်နှင့် ‌နောက်တစ်ကြိမ် ညှိနှိုင်းအစည်း အ‌ဝေးကို သင့်‌လျော်သည့် အချိန်နှင့်‌နေရာတွင် ကျင်းပသွားရန် စသည့်တို့ ပါဝင်သည်။

ဆက်လက်၍ လာမည့် ‌တွေ့ဆုံညှိနှိုင်းပွဲများတွင် အစိုးရနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု အဆင်‌ပြေ‌ချော‌မွေ့‌စေ‌ရေး အတွက် အ‌ခြေခံကျသည့် တိုင်းရင်းသား လူမျိုးများ၏ မူ(၆)ချက်ပါ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး လမ်းပြ‌မြေပုံ နှင့် အစိုးရ၏ မူ (၈)ချက်ပါ ငြိမ်းချမ်းလမ်းပြ ‌မြေပုံတို့ကို ဆက်လက်ညှိနှိုင်းသွားရန် လိုအပ်‌နေဆဲဖြစ်‌ကြောင်း လည်း UNFC က ဆိုသည်။