Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့်အညီ ကျန်းမာ‌ရေးလုပ်ငန်း ကြိုးပမ်းမည်ဟု BPHWT ဆုံးဖြတ်

ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့်အညီ ကျန်းမာ‌ရေးလုပ်ငန်း ကြိုးပမ်းမည်ဟု BPHWT ဆုံးဖြတ်

2655
ဩဂုတ်လ ၃၁ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း

BPHWT logoငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့်အညီ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူလူထုများ၏ ကျန်းမာ‌ရေးလုပ်ငန်းများ ကို ကြိုးပမ်းလုပ်‌ဆောင်သွားမည်ဟု နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားဖွဲ့(BPHWT)က ၎င်းတို့၏ ၃ဝကြိမ်‌မြောက် ၆လပတ် လုပ်ငန်း ညှိနှိုင်းအစည်းအ‌ဝေးနှင့် ၆ကြိမ်‌မြောက်ညီလာခံတွင် ဆုံးဖြတ်လိုက်သည်။

ထိုင်း-မြန်မာ နယ်စပ်မဲ‌ဆောက်မြို့တွင် ပြုလုပ်သည့် ၎င်းညီလာခံတွင် BPHWT အတွင်း‌ရေးမှူး ‌စောဝင်း‌ကျော် က “လက်ရှိ ယာယီအပစ်အခတ်ရပ်စဲ‌ရေး အဆင့်က‌နေ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲ‌ရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်း ‌ရေး ဖြစ်‌ပေါ်တိုးတက်မှုအ‌ပေါ် မှုတည်ပြီး လိုအပ်တဲ့‌နေရာ‌တွေကို ‌ရှေ့ဆက် အကူအညီ‌ပေးနိုင်ဖို့ လုပ်‌ဆောင် သွားမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အ‌ခြေခံကျန်းမာ‌ရေး အခွင့်အ‌ရေးများ၊ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ကျန်းမာ‌ရေးမူဝါဒများကို ‌ဖော် ‌ဆောင်နိုင်‌ရေးအ တွက် ကျန်းမာ‌ရေးအဖွဲ့အစည်း အသီးသီးတို့နှင့်လည်း ပူး‌ပေါင်းလုပ်‌ဆောင်သွားမည်ဟု ဩဂုတ်လ ၂၉ရက်‌နေ့ BPHWT ၏ ညီလာခံအပြီးတွင် ‌ကြေညာချက် ထုတ်ပြန်ထားသည်။

၎င်းညီလာခံတွင် BPHWT အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းရင်းသား‌ဒေသအသီးသီးရှိ ကျန်းမာ‌ရေးလုပ်သားများ အပါအဝင် ဦး‌ဆောင်‌ကော်မတီဝင်များ၊ နယ်စပ်အ‌ခြေစိုက် ကျန်းမာ‌ရေးအဖွဲ့အစည်းများမှ ‌ခေါင်း‌ဆောင်များ၊ တိုင်းရင်းသား ကျန်းမာ‌ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစု‌ပေါင်း ၁၂၀‌ကျော် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြ သည်။

ဩဂုတ်လ ၂၂ရက်‌နေ့မှ ၂၇ရက်‌နေ့အထိပြုလုပ်‌သော ယင်းညီလာခံတွင် လုပ်ငန်းအစီရင်ခံစာများ တင်ပြ‌ဆွေး ‌နွေးခြင်း၊ ဖွဲ့စည်းပုံနှင့်လုပ်ထုံးလုပ်နည်းများအား ပြန်လည်သုံးသပ်အတည်ပြုခြင်း၊ ‌ရှေ့လုပ်ငန်းများအတွက် အစီ အစဉ်ချမှတ်ခြင်းအပြင် ဦး‌ဆောင်‌ကော်မတီ ၁၃ ဦးကို‌ရွေးချယ်ခဲ့ပြီး ဥက္ကဌအဖြစ် ‌ဒေါက်တာ စင်သီယာ‌မောင် အား တင်‌မြှောက်ခဲ့သည်။

BPHWT အဖွဲ့ဝင်များသည် ‌ဝေးလံ‌ခေါင်ဖျားပြီး ကျန်းမာ‌ရေးအကူအညီများ လိုအပ်လျက်ရှိ‌သော ‌နေရာများ၊ စစ်‌ဘေးဒဏ်‌ကြောင့် ထွက်‌ပြေးပုန်း‌ရှောင်‌နေရ‌သော တိုင်းရင်းသား‌ဒေသများမှ ပြည်သူလူထုများအား ကူညီ‌ပေး‌နေပြီး လက်ရှိငြိမ်းချမ်း‌ရေး တည်‌ဆောက်‌နေစဉ်ကာလတွင် လုပ်ငန်းလုပ်ရသည်မှာ အနည်းငယ် တိုးတက်လာ‌ကြောင်း ‌စောဝင်း‌ကျော်က ဆိုသည်။

BPHWT အဖွဲ့ဝင်တစ်ခုဖြစ်သည့် ပ‌လောင်‌ဒေသ ကျန်းမာ‌ရေး၊ ပညာ‌ရေးနှင့် ကာကွယ်‌ရေး တာဝန်ခံ မိုင်း‌ဂေါင်း ဂျာက “ငြိမ်းချမ်း‌ရေးကာလာဖြစ်လို့ တချို့‌ဒေသမှာ လူထု‌တွေကို ကျန်းမာ‌ရေးအကူအညီ‌ပေးတဲ့အခါ အဆင်‌ပြေ မှု‌တွေရှိပါတယ်။ ဒါ‌ပေမယ့် ပ‌လောင်‌ဒေသမှာကျ‌တော့ မြန်မာစစ်တပ်ကို ‌ရှောင်ပြီး သွားလာ‌နေရတယ်။ လမ်းမ‌ရှောင်ဘဲ သွားလာ‌နေရင် သူတို့က ကျ‌နော်တို့ မဖမ်းဘူးလို့ မ‌ပြောနိုင်ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိတွင် တိုင်းရင်းသား‌ဒေသများမှ လူဦး‌ရေ နှစ်သိန်း‌ကျော်အတွက် ကျန်း‌ရေး‌စောင့်‌ရှောက်မှုအကူအညီများ လုပ်‌ဆောင်‌ပေး ‌နေသလို သဘာဝ‌ဘေးဒဏ်‌ကြောင့် ဒုက္ခ‌ရောက်‌နေသူများကိုလည်း အ‌ရေး‌ပေါ်ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုများ‌ပေး‌နေသည်ဟု BPHWT ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ပြည်တွင်းရှိ စစ်မက်ဖြစ်ပွား‌နေသည့် တိုင်းရင်းသား‌ဒေသများ အထူးသဖြင့် ကရင်ပြည်နယ်၊ ကရင်နီ(ကယား)နှင့် မွန်ပြည်နယ်အ တွင်းရှိ ပြည်သူလူထုကို ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု အကူအညီများ ‌ပေးနိုင်ရန် ရည်ရွယ်ပြီး ၁၉၉၈ခုနှစ်တွင် BPHWT ကို ကျန်းမာ‌ရေးလုပ်သား ၁၂ဝဦးနှင့် ‌ကျောပိုးအိတ်အဖွဲ့ငယ် ၃၂ဖွဲ့ဖြင့် စတင်ကာ ပဏာမ ကျန်းမာ‌ရေးလုပ်ငန်းများကို ‌ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။

လက်ရှိ BPHWT တွင် ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပ‌လောင်၊ ပအိုဝ်း၊ နာဂ စသည့် တိုင်းရင်းသားများ ပါဝင် လာပြီး ကျန်းမာ‌ရေးလုပ်သား ‌လေးရာခန့်ရှိ‌သော အဖွဲ့ငယ်‌ပေါင်း ၉၅ ဖွဲ့ရှိ‌ကြောင်း သိရသည်။