Home သတင်း စက်တင်ဘာလတွင် ကရင်သူရိယစာ‌စောင် ထွက်မည်

စက်တင်ဘာလတွင် ကရင်သူရိယစာ‌စောင် ထွက်မည်

1508
ဩဂုတ်လ ၃၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း

PSDP Newsကရင်ပြည်နယ်၊ ဖားအံမြို့၌ ရုံးအ‌ခြေစိုက်သည့် ကရင်နိုင်ငံ‌ရေးပါတီတစ်ပါတီဖြစ်သည့် စက်တင်ဘာလတွင် ကရင်သူရိယစာ ‌စောင် ထုတ်‌ဝေသွားမည်ဟု ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(ပီအက်စ်ဒီပီ)က ယမန်‌နေ့က ‌ပြောကြားလိုက်သည်။

ထုတ်‌ဝေသွားမည့် ၎င်းစာ‌စောင်ကို ‌စောင်‌ရေ (၂)‌ထောင် ဖြန့်ချိသွားမည်ဖြစ်ပြီး ယခုလက်ရှိတွင် ‌ဈေးနှုန်းမသတ်မှတ်ရ‌သေး ‌ကြောင်း ပီအက်စ်ဒီပီ ဒုတိယ ဥက္ကဋ္ဌမန်း‌အောင်ပြည်စိုးက ယခုလို ‌ပြောသည်။

“ပါတီနှစ်ပတ်လည် အထိမ်းအမှတ်အ‌နေနဲ့ ထုတ်တာဖြစ်ပါတယ်။ ‌နောက် ကရင်လူထု ‌နောင်မျိုးဆက်သစ် လူငယ်‌တွေ ကရင့် သမိုင်း‌ကြောင်း၊ ယဉ်‌ကျေးမှုနှင့် ကရင့်နိုင်ငံ‌ရေးအ‌ကြောင်း‌တွေကို သိရှိဖို့ဖြစ်ပါတယ်”ဟု မန်း‌အောင်ပြည်စိုးက ‌ပြောဆိုသည်။

ကရင်သူရိယစာ‌စောင်ကို စက်တင်ဘာလမှစ၍ စတင်ထုတ်‌ဝေသွားပြီး‌နောက် ‌ရှေ့ဆက် ထုတ်‌ဝေသွားနိုင်ရန် ကြိုးပမ်းလုပ် ‌ဆောင်သွားမည်ဖြစ်ပြီး စာ‌စောင်ထဲတွင် ကာတွန်း၊ ‌ဆောင်းပါး၊ ကဗျာ၊ ပီအက်စ်ဒီပီ၏ နိုင်ငံ‌ရေး မူဝါဒ၊ ကရင့်နိုင်ငံ‌ရေးအ‌ကြောင်း၊ စာ‌ပေ၊ ယဉ်‌ကျေးမှုအ‌ကြောင်းများနှင့် ကရင့်နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်ကြီးများ အ‌ကြောင်း စသည်တို့ပါဝင်သည်ဟု ပီအက်စ်ဒီပီက ဆိုသည်။

ထိုအ‌ကြောင်းအရာများ ထည့်သွင်းထား‌သော‌ကြောင့် ဖတ်သည့် ကရင်လူငယ်‌မောင်မယ်များ အသိအမြင် ကျယ်ပြန့်လာမည်ဟု ‌မျှော်လင့်ထားသလို အနာဂတ်တွင် ကရင်လူငယ်များသည် မျိုးချစ်စိတ်နှင့် အမျိုးသား‌ရေးအတွက် တာဝန်ထမ်း‌ဆောင်သွားနိုင် ကြရန် ပီအက်စ်ဒီပီက ‌မျှော်လင့်ထား‌ကြောင်း သိရသည်။

ဖားအံမြို့ရှိ ကရင်လူငယ်တစ်ဦးဖြစ်သည့် ‌စောဝဏ္ဏထွန်းက”ဒီစာ‌စောင်ရဲ့အမည်က ကရင်သူရိယဆို‌တော့ သူရိယဆိုတာ ‌နေမင်းကြီးဖြစ်တယ်။ ဒီစာ‌စောင်ဟာ ‌နေမင်းကြီးလိုပဲ ကရင်လူထု‌တွေကို အလင်း‌ပေးနိုင်မယ်လို့ ‌မျှော်လင့်ပါတယ်။ စာ‌စောင်မှာ ပါမယ့် နိုင်ငံ‌ရေးအ‌ကြောင်း‌တွေ၊ ကရင်နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်အ‌ကြောင်း‌တွေ လူငယ်‌တွေ သိခွင့်ရတဲ့အတွက် အကျိုးရှိမယ်လို့လည်း ‌မျှော်လင့်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်သူရိယစာ‌စောင်ထုတ်‌ဝေနိုင်‌ရေးအတွက် ကြိုးပမ်းလုပ်‌ဆောင်သူများမှာ ပီအက်စ်ဒီပီ ပါတီဝင်များဖြစ်ကြ ပြီး လက်ရှိ စာ‌စောင်ဖြစ်‌မြောက်‌ရေးအဖွဲ့ဝင် (၁၀)ဦး‌ကျော် ပါဝင်ကာ အယ်ဒီတာချုပ်အဖြစ် ‌စောယှား‌မောက်ခူးဒါ က တာဝန်ယူထား‌ကြောင်း သိရသည်။

မန်း‌အောင်ပြည်စိုးက “သူရိယစာ‌စောင်ကို ဆက်လက်ထုတ်‌ဝေသွားဖို့ စဉ်းစားတာရှိတယ်။ ဒါ‌ပေမယ့် လစဉ် ထုတ်‌ဝေသွားဖို့က‌တော့ ကျ‌နော်တို့ ပါတီအဖွဲ့ဝင်‌တွေ အားလုံးက ‌တွေ့ဆုံပြီး ဆုံးဖြတ်တာ မရှိ‌သေးပါဘူး”ဟု ဖြည့်စွက်‌ပြောဆိုသည်။

ပီအက်စ်ဒီပီပါတီသည် ပြီးခဲ့သည် ၂၀၁၁ခုနှစ်မှစ၍ ကရင်သူရိယာစာ‌စောင်ကို စတင်ထုတ်‌ဝေရန် ကြိုးပမ်းခဲ့ ‌သော်လည်း အခက် အခဲအမျိုးမျိုး‌ကြောင့် မထုတ်‌ဝေနိုင်ဘဲ ယခုနှစ် စက်တင်ဘာလမှသာ ထုတ်‌ဝေလာနိုင် မည်ဖြစ်သည်။