Home သတင်း မ‌ထော်ကူးလယ်သမား များ ‌ချေး‌ငွေမရခင် လယ်ယာ‌မြေမှတ်တမ်းအတွက် ‌ငွေ‌ပေးသွင်း‌နေရ

မ‌ထော်ကူးလယ်သမား များ ‌ချေး‌ငွေမရခင် လယ်ယာ‌မြေမှတ်တမ်းအတွက် ‌ငွေ‌ပေးသွင်း‌နေရ

2075
ဩဂုတ်လ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

DSC00030imgကယားပြည်နယ်၊ မ‌ထောကူး‌ကျေးရွာအုပ်စုရှိ သမဝါယမဝန်ကြီးဌာန၊ သမဝါယမ အသင်းစုက အသင်း ဝင်လယ်သမားများ အား ‌ချေး‌ငွေထုတ်‌ပေးရန် လယ်ယာ‌မြေမှတ်တမ်းယူရာတွင် လယ်သမားများကို ‌ငွေ‌ကြေး‌ပေးသွင်းရန် ‌ကောက်ခံ‌နေန‌ကြောင်း အဆိုပါ အသင်းဝင်လယ်သမားများက ထုတ်‌ဖော်‌ပြောဆိုသည်။

ဩဂုတ်လ ပထမအပတ်အတွင်း၌ သမဝါယမဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် လယ်သမားမှတ်တမ်း အစီရင်ခံစာပြုစုထားရှိရန် သမဝါယမ အသင်းစု‌ကော်မတီဝင်များနှင့် ‌ကျေးရွာအာဏာပိုင်များက မ‌ထော်ကူး ‌ကျေးရွာအုပ်စုရှိ သမဝါယမအသင်းသား ‌တောင်သူလယ်သမား ၁,၀၀၀‌ကျော်အား ‌ငွေ‌ကြေး‌ကောက်ခံကာ အစီရင်ခံစာ စု‌ဆောင်း‌နေကြခြင်း ဖြစ်သည်။

ထိုသို့ မှတ်တမ်းအစီရင်ခံစာ တင်သွင်းရန် အုပ်စုမှုး၊ ရာအိမ်မှုး၊ အိုပ်ချုပ်‌ရေးမှုးများမှ လယ်ယာ‌မြေ အမှန်ပိုင်ဆိုင်‌ကြောင်း ‌ထောက်ခံချက်‌ပေးရန်အတွက် ‌ထောက်ခံစာ တစ်‌စောင်လျှင် ၂၀ဝ ကျပ်ဖြင့် ၃‌စောင်အတွက် ၆၀ဝကျပ်အပြင် မြို့နယ်သမဦးစီး ဌာနအတွက် ၁,၀၀ဝကျပ် ‌ပေးသွင်း‌နေကြရခြင်းဖြစ်သည်။

“အသင်းသား‌တွေကို ရွာအထိ လာ‌ပြောတယ်။ တရုတ်နိုင်ငံနဲ့ ဂျပန်က ‌ချေး‌ငွေ‌တွေရမယ်။ ၂နှစ်အတွင်း အတိုးမဲ့ ‌ချေး‌ငွေများ ဖြစ်တယ်။ ဒါ‌ကြောင့် အသင်းသား‌တွေကလည်း စာရွက်စာတမ်းဖိုး ၁,၆၀ဝကျပ်‌လောက်ကို ဘာမှ မ‌မေးဘဲ ‌ပေးလိုက်ကြတာပါ” ဟု မ‌ထော်ကူး‌ကျေးရွာအုပ်စုရှိ ၄မိုင်စံပြရွာမှ လယ်သမားတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

မှတ်တမ်းထဲတွင် အသင်းသားဖြစ်‌သော ‌တောင်သူလယ်သမားအမည်၊ ‌နေရပ်၊ မိသားစု အမည်များ၊ ပိုင်ဆိုင်သည့် လယ်ဧက များ ထည့်၍‌ရေးသွင်းရပြီး တစ်ဧကလျှင် ‌ချေး‌ငွေမည်မျှရမည်ဟု အသင်းသားများမှ ‌သေချာတိကျစွာ မသိကြရ‌ကြောင်းလည်း သိရသည်။

သို့‌သော် ‌ငွေ‌ကောက်ခံမှုနှင့်ပက်သက်၍ မြို့နယ်သမဦးစီးဌာနရှိ ဌာနစိတ်တစ်ခုမှ အရာရှိတစ်ဦးက “လယ်သမားအစီရင်ခံစာဆို တာ လယ်သမား‌တွေရဲ့ အ‌ခြေအ‌နေမှန်ကို သိချင်လို့ ‌ကောက်တဲ့သ‌ဘောပါ။ ဒီလို ‌ကောက်ယူရာမှာ ‌ငွေ‌ကြေး‌တောင်ခံတာမျိုး မညွှန်ကြားထားပါဘူး”ဟု ‌ပြောသည်။

လက်ရှိ အသင်းသားလယ်သမားများအတွက် ၅၀ဝ ကျပ်‌တောင် ရှာရခက်ခဲသဖြင့် ကုန်ကျစာရိတ်ကို မြို့နယ်သမအသင်းစုက ကျခံ‌ပေးသင့်ပြီး ‌ချေး‌ငွေ‌ပေးရန် စစ်တမ်း‌ကောက်သည်ဆိုရာမှာလည်း ကယားပြည်အတွက် ‌မျှော်လင့်ချက်နည်းပါး‌သော‌ကြောင့် လယ်သမားများအ‌ပေါ် ထိုသို့ မလုပ်သင့်‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

မ‌ထော်ကူး‌ကျေးရွာအုပ်စုတွင် ရွာ‌ပေါင်း ဆယ်ရွာရှိပြီး ပျမ်းမျှခြင်းအားဖြင့် တစ်ရွာလျှင် သမဝါယမ အသင်းသား ‌တောင်သူလယ် သမား‌ပေါင်း ၉ဝဦးရှိ‌ကြောင်း သိရသည်။