Home သတင်း ‌ဒေါက်တာစင်သီယာ‌မောင်ကို ဆစ်ဒနီငြိမ်းချမ်း‌ရေးဆု ‌ရွေး ချယ်ချီးမြှင့်

‌ဒေါက်တာစင်သီယာ‌မောင်ကို ဆစ်ဒနီငြိမ်းချမ်း‌ရေးဆု ‌ရွေး ချယ်ချီးမြှင့်

1998
ဩဂုတ်လ ၁၉ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း(‌ကေအိုင်စီ)

Dr Cynthia Maung
ဩစ‌တြေးလျားနိုင်ငံရှိ ဆစ်ဒနီငြိမ်း ချမ်း‌ရေး‌ဖောင်‌ဒေးရှင်းက ‌ပေးအပ်‌သော ဆစ်ဒနီငြိမ်းချမ်း‌ရေးဆုကို ၂၀၁၃ ခုနှစ်အတွက် ထိုင်း-မြန်မာနယ်စပ်တ‌လျှောက် ကျန်းမာ‌ရေးနှင့် လူမှု‌ရေးအကူအညီများကို အခမဲ့ကူညီ‌ပေး‌နေ သည့် မယ်‌တော်‌ဆေးခန်းထူ‌ထောင်သူ ‌ဒေါက်တာ စင်သီယာ‌မောင်အား ‌ရွေးချယ်ချီးမြှင့်လိုက်သည်။

ယခုလို ဆုမျိုးမှာ ငြိမ်းချမ်း‌ရေး၊ တရားမျှတ‌ရေးနှင့် လူသားအကျိုးပြုလုပ်ငန်းများလုပ်‌ဆောင်‌နေသူပုဂ္ဂိုလ်များကို ၁၉၉၈ ခုနှစ်မှစ၍ နှစ်စဉ်စတင်‌ရွေးချယ်ဆုချီးမြင့်ခဲ့ပြီး ယခု ၂၀၁၃ခုနှစ် ငြိမ်းချမ်း‌ရေးဆုအတွက် ‌ဒေါက်တာစင်သီ ယာ‌မောင်အား ၁၆ ဦး‌မြောက်အဖြစ် ‌ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဆုချီးမြှင့်ခံရခြင်းနှင့် ပတ်သက်၍ ‌ဒေါက်တာစင်သီယာ‌မောင်က “အဓိက‌တော့ အခုကျမတို့ လုပ်‌ဆောင်‌နေတဲ့ ကျန်းမာ‌ရေးလုပ်ငန်း‌တွေ၊ လူမှု‌ရေးလုပ်ငန်း‌တွေအ‌ပေါ်မှာ အ‌ခြေခံပြီး‌တော့ ‌ပေးအပ်တာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေါက်တာစင်သီယာ‌မောင်သည် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်တွင် အ‌ခြေစိုက်ပြီး ကျန်းမာ‌ရေး၊ လှုမှု‌ရေး၊ ပညာ‌ရေး၊ ကူညီကယ်ဆယ်‌ရေးလုပ်ငန်းများကို ဦး‌ဆောင်ကာ လုပ်‌ဆောင်‌နေသည့်အပြင် အခြား‌သောလူမှု အဖွဲ့အစည်းများနှင့်လည်း ပူး‌ပေါင်းလုပ်‌ဆောင်‌နေသည့်ပုဂ္ဂိုလ် ဖြစ်သည်။

ဆစ်ဒနီငြိမ်းချမ်း‌ရေးဆုကို နိုဝင်ဘာ ၇ ရက်‌နေ့၊ ဩစ‌တြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ မြို့‌တော်ခန်းမတွင် အခမ်း အနားပြုလုပ်၍ ချီးမြှင့်သွားရန်ရှိပြီး ဆု‌ကြေး‌ငွေအဖြစ် ဩစ‌တြေးလျား‌ဒေါ်လာ ၅ ‌သောင်းကိုလည်း ရရှိမည် ဖြစ်‌ကြောင်း၊ ရရှိလာ‌သောဆု‌ငွေများကို လက်ရှိလုပ်‌ဆောင်‌နေသည့် လူမှုအကျိုးပြုလုပ်ငန်းများအတွက် အသုံး ပြုသွားမည်ဟု ‌ဒေါက်တာစင်သီယာ‌မောင်က ‌ပြောသည်။

ဆက်လက်၍ ‌ဒေါက်တာစင်သီယာ‌မောင်က “ဒီဆုက‌နေ ရတဲ့‌ငွေပမာဏနဲ့ အသုံးပြုပြီး‌တော့ ကျမတို့ တတ်စွမ်း သမျှ လုပ်ငန်း‌တွေကို ဆက်လက်ကြိုးစား လုပ်‌ဆောင်သွားမယ်။ အခုလို ကျမတို့ကို အသိအမှတ်ပြု‌ပေးတာကို လည်း ‌ကျေနပ်မိပါတယ်။ ‌နောက်ပြီး‌တော့ လူထု‌တွေအတွက် တကယ်လိုမယ့် လုပ်ငန်း‌တွေကို ဆက်လက်လုပ် ‌ဆောင်နိုင်ဖို့လည်း ခွန်အားဖြစ်‌စေပါတယ်”ဟု ဖြည့်စွက်‌ပြောသည်။

ဩစ‌တြေးလျားနိုင်ငံ ဆစ်ဒနီငြိမ်းချမ်း‌ရေး‌ဖောင်‌ဒေးရှင်းမှ ‌ပေးအပ်သည့် ဆစ်ဒနီငြိမ်းချမ်း‌ရေးဆုသည် ‌တောင် အာဖရိကနိုင်ငံမှ နိုဘဲလ်ငြိမ်းချမ်း‌ရေးဆုရှင် ဘုန်း‌တော်ကြီး တက်စမန်တူးတူး၊ အိုင်ယာလန် သမ္မတ‌ဟောင်း Mary Robinson နဲ့ ဘဂင်္လား‌ဒေ့ရှ်နိုင်ငံက ပါ‌မောက္ခ Muhammad Yunus တို့အား ‌ပေးအပ်ခဲ့ပြီးဖြစ်သည်။

လူမှုကူညီ‌ရေးလုပ်ငန်းများကို ‌ခေါင်း‌ဆောင်မှုပြုလုပ်နိုင်သည့်အတွက် ‌ဒေါက်တာ စင်သီယာ‌မောင်သည် အ‌ရှေ့‌တောင်အာရှ ‌ရေမွန် မာဂါ‌ဆေး‌ဆေး (Southeast Asia’s Ramon Magsaysay Award)ဆုနှင့် ယခု ဆစ်ဒနီငြိမ်းချမ်း‌ရေးဆု အပါအဝင် နိုင်ငံတကာမှ ‌ပေးအပ်ချီးမြှင့်သည့် ဆု‌ပေါင်း ၁၆ ခု ရှိပြီဖြစ်‌ကြောင်း သိရသည်။