Home သတင်း တွံ‌တေးမြို့နယ်တွင် စိုက်ပျိုး စပါးများကို မြန်မာစစ်တပ် ဖျက်ဆီး

တွံ‌တေးမြို့နယ်တွင် စိုက်ပျိုး စပါးများကို မြန်မာစစ်တပ် ဖျက်ဆီး

2084
ဩဂုတ်လ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

2013-08-19
တွံ‌တေးမြို့နယ် ‌ရေတွင်းကုန်း‌ကျေးရွာအုပ်စုရှိ ထွန်တုံး တိုက်ပွဲဆင်နွှဲ၍ ပြန်လည်သိမ်းယူ စိုက်ပျိုးထား‌သော လယ်‌မြေများ‌ပေါ်တွင် စိုက်ပျိုးထားသည့် စပါးပင်များ ကို မြန်မာ အစိုးရစစ်တပ်၏ သီးစားခရထားသူများမှ ဖျက်ဆီးသဖြင့် ပိုင်ရှင်လယ်သမားများက မြို့ နယ်တရားရုံးသို့ ဦးတိုက်‌လျှောက်ထားလိုက်‌ကြောင်း သိရသည်။

သီးစားခရရှိထား‌သော ဦးတင်ဝင်း(ခ) ဦးပိန်တုံး၊ ဦးငနိုင်၊ ဦးတင်‌ဇော်၊ ဦးတာတီး၊ ဦးမျိုးနိုင်၊ ဦးဝင်း‌ကျော်၊ ဦးသာခွတို့နှင့် ၎င်းတို့ ၏ အလုပ်သမားများက လယ်ယာဧက ၁ဝ ‌ကျော်ရှိ စပါးသက်တမ်း ၂ လသာရှိ‌သေး‌သော အပင်များကို ဂိုက်ဖြင့် ဆွဲချဖျက်ဆီး ပစ်‌သော‌ကြောင့် မူလပိုင်ရှင်လယ်သမားများက အကျိုးစီးပွားပျက်‌စေမှု ပုဒ်မ-၄၂၇ ဖြင့် ဩဂုတ်လ ၁၅ရက်‌နေ့တွင် တရားစွဲဆို လိုက်ခြင်းဖြစ်သည်။

ထိုသို့ တရားစွဲဆိုတိုင်ကြားရာတွင် မူလပိုင်ရှင် လယ်သမား ၁၃ဦး၏ ကိုယ်စားအဖြစ် ‌စောစံထွန်းက တရားလို ပြုလုပ်တိုင်ကြား ခြင်းဖြစ်ပြီး ထိုလယ်‌မြေများမှာ ပြီးခဲ့သည့် ၂၀၁၃ခုနှစ် မတ်လ ၃ရက်‌နေ့က ‌ကျေးရွာအုပ်ချုပ်‌ရေးမှုး၏ ‌ထောက်ခံချက်ဖြင့် မြို့နယ် ‌မြေစာရင်းသို့ လယ်ယာ‌မြေလုပ်ပိုင်ခွင့် ‌လျှောက်ထားစာများကိုပါ ပူးတွဲတင်ပြသွားမည်ဟု စပါးပင်ဖျက်ဆီးခံရသူ လယ်သမား များက ဆိုသည်။

အမည်အ‌ဖော်လိုသူ စပါးပင်ဖျက်ဆီးခံရသည့် လယ်သမားတစ်ဦးက “‌ရေတွင်းကုန်း‌ကျေးရွာအုပ်စုရဲ့ ရွာပုံက ရာအိမ်မှူး ‌စော ‌အောင်ဝင်းကို သွားပြီးဖြစ်‌ကြောင်း‌တွေ ‌ပြောပြပါတယ်။ သူကလည်း ဂိုက်ဆွဲဖျက်ဆီးတဲ့ ဦးတင်ဝင်းတို့လူစုကို သွား‌ပြောပြတယ်။ ဦးတင်ဝင်းကလည်း မြန်မာနိုင်ငံ‌တောင်သူလယ်သမားများ ဖွံဖြိုးတိုးတက်‌ရေး မြို့နယ်ဥက္ကဌ ‌ဒေါ်ခင်ခင်လင်းက လုပ်ခိုင်းလို့ လုပ် တာပါလို့ ‌ဖြေပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ စပါးဖျက်ဆီးခံရ‌သော လယ်‌မြေဧက ၁၀‌ကျော်အတွင်းရှိ စပါးပင်များမှာ ဇွန်လ ၂ရက်‌နေ့က ထွန်ယက်ပျိုးကြဲကာ ပျိုးကြဲ ကုန်ကျစာရိတ်အဖြစ် တစ်ဧကလျှင် မြန်မာကျပ်‌ငွေ ၄‌သောင်း ကုန်ကျခဲ့‌ကြောင်းလည်း လယ်သမားများက ‌ပြောဆို‌နေကြသည်။

မူလပိုင်ရှင် လယ်သမားများ၏ တိုင်ကြားချက်ကို တွံ‌တေးမြို့နယ် တရားရုံးမှ အမှုတွဲလက်ခံထားပြီး ယခု လာမည့် ဩဂုတ်လ ၂၂ ရက်‌နေ့တွင် အမှုစတင်ကြားနာစစ်‌ဆေးသွားမည်ဟု သိရသည်။

ယခုတရားလိုပြုလုပ်တိုင်ကြား‌သော လယ်သမားများမှာ ထွန်တုံးတိုက်ပွဲဝင်၍ ကရင်အလံစိုက်ထူခဲ့ကြ‌သော‌ကြောင့် ပြီးခဲ့သည့် ဇွန်လအတွင်းက ရန်ကုန်တိုင်း၊ စစ်ဌာနချုပ်လက်‌အောက်ခံ တပ်ရင်း (၇၀)နှင့် တပ်ထိန်း တပ်မ (၈)တို့မှ ပိုင်နက်ကျူးလွန်မှု ပုဒ်မ (၄၄၇)ဖြင့် ၎င်းတို့ကို တွံ‌တေးမြို့နယ်ရှိ ခ‌လောက်ချိုက် ရဲစခန်းတွင် အမှုဖွင့် ခံခဲ့ရ‌သေးသည်။