Home သတင်း တိုင်းရင်းသားမီဒီယာအခွင့် အ‌ရေးအတွက် ဘီအဲန်အိုင် တိုးမြှင့်‌ဆောင်ရွက်မည်

တိုင်းရင်းသားမီဒီယာအခွင့် အ‌ရေးအတွက် ဘီအဲန်အိုင် တိုးမြှင့်‌ဆောင်ရွက်မည်

1561
ဩဂုတ်လ ၁၉ရက်။ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)

DSC07941
တိုင်းရင်းသားမီဒီယာများ၏ အခွင့်အ‌ရေး ကာကွယ်မြှင့်တင်‌ရေးအတွက် နိုင်ငံ တကာမြန်မာ့သတင်း(ဘီအဲန်အိုင်)က တိုးမြှင့် ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့်အကြိမ် ၂၀‌မြောက် ဘီအဲန်အိုင် နှစ်ပတ်လည်အစည်းအ‌ဝေးအပြီး ယ‌နေ့ ဩဂုတ်လ ၁၉ရက်‌နေ့တွင် သတင်းထုတ်ပြန် လိုက်သည်။

တိုင်းရင်းသားသတင်းဌာနအများစုဖြင့် စုဖွဲ့ထားသည့် ဘီအဲန်အိုင်သည် ယခုလ ၁၅ရက်မှ ၁၉ရက်‌နေ့အထိ ကျင်းပသည့် အစည်း အ‌ဝေးတွင် အဖွဲ့ဝင်များ၏ သတင်းအရည်အ‌သွေး မြှင့်မား‌ရေးအတွက် နိုင်ငံတကာ စံညွှန်းနှင့်အညီ သတင်းကျင့်ဝတ်ဆိုင်ရာ မူဝါဒ‌ရေးဆွဲ‌ရေး၊ အဖွဲ့ဝင်သစ် လက်ခံ‌ရေးမူဝါဒများ၊ ‌ရှေ့လုပ်ငန်းစဉ်များ စနစ်တကျ ‌ဆောင်ရွက်နိုင်‌ရေးနှင့် မီဒီယာဥပ‌ဒေများတွင် တိုင်းရင်းမီဒီယာများ အခွင့်အ‌ရေး ပါဝင်‌ရေး စသည်တို့ကို ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

ဘီအဲန်အိုင် ဖွံ့ဖြိုး‌ရေးအရာရှိ နန်း‌ဖော့‌ဂေက “အစည်းအ‌ဝေးမှာ မီဒီယာဥပ‌ဒေနဲ ့ပတ်သက်လို့ရှိရင် အထူးသဖြင့် တိုင်းရင်းသား ဘာသာစကားနဲ ့ထုတ်‌ဝေနိုင်ဖို့၊ သတင်းလုပ်ငန်းအရ ဘယ်ပုဂိ္ဂုလ်၊ ဘယ်အဖွဲ့အစည်းနဲ့မဆို ဆက်သွယ်‌မေးမြန်းတဲ့အခါ ဥပ‌ဒေ အရ အ‌ရေးယူမှု ကင်းလွှတ်ခွင့်ရှိဖို့ကိုလည်း ‌ဆွေး‌နွေးခဲ့ပါတယ်”ဟု ‌ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိအငြင်းပွား‌နေသည့် မီဒီယာဥပ‌ဒေကြမ်းတွင် တိုင်းရင်းသားမီဒီယာများ၏ လိုအပ်ချက်များ ပါဝင်‌ရေးအ တွက် တိုက်တွန်းလုပ်‌ဆောင် သွားရန် ‌ဆွေး‌နွေးဆုံးဖြတ်ခဲ့‌ကြောင်းလည်း နန်း‌ဖော့‌ဂေက ဆက်‌ပြောသည်။

IMG_6976
ယခုပြုလုပ်သည့် အစည်းအ‌ဝေးတွင် ဘီအဲန်အိုင်၏ အဖွဲ့ဝင်များ၊ ‌လေ့လာသူအဖွဲ့များအဖြစ် သံလွင်တိုင်းဂျာနယ်နှင့် ချင်း‌ဝေါလ် ဂျာနယ်တို့မှ ကိုယ်စားလှယ်များလည်း ပါဝင်ကာ စုစု‌ပေါင်း ကိုယ်စားလှယ် ၃၆ဦး တက်‌ရောက်ခဲ့ကြသည်။

ထို့အပြင် အစည်းအ‌ဝေးတွင် မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့အ‌ခြေစိုက် သံလွင်တိုင်းဂျာနယ်ကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံလိုက်သ ဖြင့် ယခုဆိုလျှင် ဘီအဲန်အိုင်မှာ သတင်းဌာန ၁၂ဖွဲ့ဖြင့် စုဖွဲ့ထားသည့်ကွန်ယက် ဖြစ်လာသည်။

သံလွင်တိုင်းဂျာနယ် အုပ်ချုပ်‌ရေးအယ်ဒီတာ ကိုမင်းမင်းနွယ်က “ဘီအဲန်အိုင်မှာ အဖွဲ့ဝင်အဖြစ် လက်ခံတဲ့အတွက် ဝမ်းသာ တယ်။ အခုလို ပါဝင်ခြင်းအားဖြင့် အတူတူလုပ်‌ဆောင်သွားနိုင်မယ့် အခွင့်အလမ်း‌တွေ ရှိလာမှာဖြစ်သလို ‌ရှေ့ဆက် မီဒီယာလုပ် ငန်း‌တွေမှာလည်း ဘီအဲန်အိုင်ရဲ့ အခန်းကဏ္ဍဟာ အ‌ရေးကြီး‌နေပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောကြားသည်။

ဘီအဲန်အိုင်အဖွဲ့ကို ၂၀၀၃ခုနှစ်တွင် စတင်ဖွဲ ့စည်းခဲ့ပြီး လက်ရှိတွင် ကချင်သတင်းဌာန၊ ကရင်သတင်းဌာန၊ ကုလားတန်သတင်းဌာန၊ သျှမ်းသံ‌တော်ဆင့် သတင်းဌာန၊ ‌ရွှေဟသင်္ာသတင်းဌာန၊ လွတ်လပ်‌သော မွန်သတင်း‌အေဂျင်စီ၊ သတင်းနှင့်မီဒီယာကွန်ယက်၊ မဇ္ဈိမ၊ ကန္တာရဝတီတိုင်း၊ ခိုနုမ်းထုန်၊ နိရဉ်စရာနှင့် သံလွင်တိုင်းဂျာနယ် စသည့်သတင်းဌာန ၁၂ခု ဖြစ်လာသည်။