Home သတင်း ဖားအံမြို့တွင် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မဂင်္လာပွဲ ခါတိုင်းနှစ်ထက် စည်ကား

ဖားအံမြို့တွင် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မဂင်္လာပွဲ ခါတိုင်းနှစ်ထက် စည်ကား

2263
ဩဂုတ်လ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း (‌ကေအိုင်စီ)

DSC02906-1ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ်တွင် ကျ‌ရောက်သည့် ကရင့်ရိုးရာချည်ဖြူဖွဲ့ မဂင်္လာပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင်ခန်းမ၌ ယမန်‌နေ့ ဩဂုတ်လ ၁၈ရက်‌နေ့က ကျင်းပခဲ့ရာ ယခင်နှစ်များထက် စည်ကားလျှက်ရှိသည်ဟု ကရင့်ရိုးရာချည်ဖြူဖွဲ့မဂင်္လာပွဲ ဖြစ်‌မြောက်‌ရေး‌ကော်မတီအဖွဲ့က ‌ပြောသည်။

၎င်းချည်ဖြူဖွဲ့မဂင်္လာအခမ်းအနားတွင် နိုင်ငံတကာ‌ရောက် ကရင်အမျိုးသားများ ပြန်လာ‌ရောက်ရှိကြသလို ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် ကရင်ပြည်နယ်ဝန် ကြီးချုပ်အဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့များ၊ နိုင်ငံ‌ရေးပါတီများ၊ မြို့ရပ်မိရပ်ဖများနှင့် ဧည့်သည်‌တော်များ စုစု‌ပေါင်း ၁၀ဝ ခန့် တတ်‌ရောက်ခဲ့သည်ဟု ချည်ဖြူဖွဲ့မဂင်္လာပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ‌စောမြင့်သူက ‌ပြောသည်။

‌စောမြင့်သူက “ကျင့်ပပြုလုပ်တဲ့ ချည်ဖြူဖွဲ့ပွဲဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာတာကို ‌တွေ့ရတယ်။ ဒီနှစ်ဆိုရင် အပစ်ရပ်အဖွဲ့ အားလုံး ကိုယ်စားလှယ်များ တတ်‌ရောက်လာတယ်။ ပြည်နယ်အစိုးရအဖွဲ့ အာလုံးလည်း တတ်‌ရောက်တယ်ဆို‌တော့ ပိုစည်ကားသွားတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင့်ရိုးရာချည်ဖြူဖွဲ့ မဂင်္လာအခမ်းအနားကို နံနက် ၉နာရီမှ ၁၁ နာရီအထိ ကျင်းပခဲ့ပြီး အခမ်းအနားတက် ‌ရောက်လာသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်းကလည်း ချည်းဖြူဖွဲ့မဂင်္လာပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ စာတစ်‌စောင် ဖတ်ကြားသွားခဲ့သည်။

ဦး‌ဇော်မင်းက “ကျ‌နော်တို့နိုင်ငံမှာ ကရင်တိုင်းရင်းသားအပါဝင် မြန်မာတိုင်းရင်းသားများသည် မိသားစုဘဝများ ရင်းရင်နှီးနှီးချစ်ချစ်ခင်ခင် ရှိ‌စေချင်သည်မှာ ယ‌နေ့ကမ္ဘာမှာ အလွန်မှ တန်ဖိုးကြီးမှားသည့် အ‌ကြောင်းအရင်း တစ်ခုဖြစ်ပါသည်။ ယဉ်‌ကျေးမှုတစ်ရပ်အ‌နေဖြင့် စု‌ပေါင်းကျင့်ပသည့်အတွက် တစ်မိသားစုသာမက မိသားစု အများအပြား၏ စည်းလုံးညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှုများကို ရရှိလာ‌စေပါသည်”ဟု ဖတ်ကြားခဲ့သည်။

ထို့အပြင် အခမ်းအနားတွင် လက်ချည်ခြင်းမဂင်္လာ အစီအစဉ်အပါအဝင် ကရင်လူမျိုးများ ဆင်းသက်လာပုံ၊ ကရင်ချည်ဖြူဖွဲ့မဂင်္လာပွဲ ဖြစ်‌ပေါ်လာပုံတို့ကို ဖတ်ကြားမှုများရှိခဲ့ပြီး သီချင်း‌ဖျော်‌ဖြေခြင်းနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ချည်ဖြူဖွဲ့မဂင်္လာပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီသို့ ‌ငွေ‌ကြေးလှူဒါန်းခြင်း စသည်တို့ ပါဝင်သည်။
DSC02905-2
ချည်ဖြူဖွဲ့မဂင်္လာပွဲသို့ တက်‌ရောက်ခဲ့သည့် လူငယ်တစ်ဦးဖြစ်သူ ‌နော်အဲ့ဝါးက “အရင်က ကျမထင်တာ ချည်ဖြူ ဖွဲ့မဂင်္လာပွဲကို ဘာသာ‌ရေးပွဲလို့ ထင်ခဲ့တယ်။ အခု‌တော့ ဘာသာ‌ရေးပွဲမဟုတ်ဆိုတာ သိသွားပြီ။ ချစ်မြတ်နိုးစရာ ‌ကောင်းတဲ့ ရိုးရာဓ‌လေ့တစ်ခုပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မဂင်္လာပွဲကို ပြုလုပ်ကျင်းပခဲ့သည်မှာ ၃၆ကြိမ်‌မြောက်ရှိခဲ့ပြီး ကရင့်ရိုးရာချည်ဖြူဖွဲ့မဂင်္လာပွဲကျင်းပသည့်အခါ ကြံ၊ ထမင်းဆုပ်၊ ပန်းခက်၊ ‌ရေ၊ ‌ကောက်ညှင်းဖင်ချွန်၊ အုန်းသီး နှင့် ငှက်‌ပျောသီး စသည့် ပစ္စည်း ၇ခုမျိုး အဓိက ပါဝင်ရမည်ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံပြည်တွင်းအပြင် ပြည်ပနိုင်ငံများသို့ ‌ရောက်ရှိ‌နေကြသည့် ထိုင်း၊ မ‌လေးရှား၊ အ‌မေရိကန်၊ က‌နေဒါနှင့် ဩစ‌တြေးလျား စသည့် ကရင်လူမျိုးများကလည်း ကရင့်ရိုးရာ ချည်ဖြူဖွဲ့မဂင်္လာပွဲကို နှစ်စဉ်ဩဂုတ်လ ‌ရောက်တိုင်း ပြုလုပ်ကျင်းပလျှက်ရှိသည်။

ကရင်လူမျိုးများ ယုံကြည်‌သော အယူအဆအရပြုလုပ်‌သော ချည်ဖြူဖွဲ့ခြင်း အမျိုးမျိုးရှိပြီး က‌လေးများ ‌မွေးဖွား သန့်စင်သည့် အခါဖြစ်‌စေ၊ ရပ်‌ဝေခရီးသွား/ပြန်သည့်အခါဖြစ်‌စေ ပြုလုပ်ကြသလို လက်ထပ်ထိမ်မြားခြင်း၊ စိတ် ‌ခြောက်ခြား‌ကြောက်လန့်ခြင်း၊ နာမကျန်းဖြစ်ခြင်း၊ အသုဘချပြီးသည့်အခါ ကျန်ရှိမိသားစုများအတွက် ချည်ဖြူ ဖွဲ့ခြင်း စသည့်အမျိုးမျိုးရှိသည့်အနက် ကရင်တမျိုးသားလုံးအတွက် စည်းလုံးညီညွှတ်‌စေရန် ဝါ‌ခေါင်လချည်ဖြူဖွဲ့ ခြင်းသည် အကြီးကျယ်ဆုံးဖြစ်သည်။