Home သတင်း “‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်တိုင်း လူထုအသံကို နားစွင့်ဖို့၊ ပူး‌ပေါင်းပြီး ပြတ်သား ရဲရင့်ကြဖို့” ‌တောင်က‌လေးဆရာ‌တော် မိန့်ဆိုမြွက်ကြား

“‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်တိုင်း လူထုအသံကို နားစွင့်ဖို့၊ ပူး‌ပေါင်းပြီး ပြတ်သား ရဲရင့်ကြဖို့” ‌တောင်က‌လေးဆရာ‌တော် မိန့်ဆိုမြွက်ကြား

2025
နိုဝင်ဘာလ ၁ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)


ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ ‌တောင်က‌လေးဆရာ‌တော် ဦးပညာသာမိအား လက်ရှိ ‌ကေအဲန်ယူအ‌ပေါ် အမြင်သ‌ဘောထား ကို ‌ကေအိုင်စီမှ သွား‌ရောက်‌တွေ့ဆုံ ‌မေးမြန်းထားခြင်းဖြစ်သည်။

‌မေး – ဆရာ‌တော်အ‌နေနဲ့ KNU ရဲ့ လက်ရှိ အ‌ခြေအ‌နေ၊ လုပ်‌ဆောင်ချက်၊ ရပ်တည်ချက်‌တွေကို ဘယ်လိုမြင်ပါသလဲ။ ဆရာ ‌တော်ရဲ့ အမြင်သ‌ဘောထားကို သိချင်ပါတယ်။
‌ဖြေ – KNU ရဲ့ လုပ်‌ဆောင်ချက်‌တွေနဲ့ ပတ်သက်ပြီး ဦးဇင်းရဲ့ သ‌ဘောထားအမြင်ကို ‌ပြောရမယ်ဆိုရင် KNU ‌ခေါင်း‌ဆောင်တိုင်း ဟာ ကရင်လူထုရဲ့အသံကို နားစွင့်ဖို့ လိုပါတယ်။ အဲလို ကရင်လူထုရဲ့အသံကို အ‌လေးမထားဘူးဆိုရင်‌တော့ အခုလုပ်‌နေတဲ့ ငြိမ်းချမ်း‌ရေးက ‌အောင်မြင်မှုရဖို့ ခဲယဉ်းပါလိမ့်မယ်။

အဖွဲ့အစည်းအတွင်းမှာ ‌ခေါင်း‌ဆောင်ပိုင်း မညီမညွှတ် ဖြစ်‌နေတာ‌တွေ၊ အပြန်အလှန် ‌လေးစားမှု အားနည်း‌နေတာ‌တွေ၊ နိုင်ငံ ‌ရေးအပိုင်းကို သိရှိနားလည်ဖို့ အားထုတ်မှု‌လျော့ရဲတာ‌တွေဟာ ကရင်လူထုတစ်ရပ်လုံးအတွက် ‌ရှေ့ဆက်သွားမဲ့ နိုင်ငံ‌ရေးလမ်း စဉ်(မူဝါဒ)ကို အဟန့်အတားဖြစ်ပြီး ကြန့်ကြာ‌စေပါတယ်။ နိုင်ငံအတွင်းပိုင်းကို ပြန်ဝင်လာဖို့ဆိုတာကလည်း ခက်ခဲပါလိမ့်မယ်။ ပြီး‌တော့ ဒီအခက်အခဲကြားမှာ KNU ဟာ သူများ‌တွေထက် ပိုပြီး ခက်ခဲ‌နေတာဟာလည်း ဝမ်းနည်းစရာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ နိုင်ငံ‌ရေးနည်းဗျူဟာ‌တွေ ဘက်‌ပေါင်းစုံ သိရှိနားလည်ဖို့ လိုအပ်သလို နိုင်ငံ‌ရေး အခင်း အကျင်း‌တွေကို သိရှိနားလည်ဖို့ မျိုးဆက်သစ်လူငယ်‌တွေကိုလည်း ပြုစုပျိုး‌ထောင်‌ပေးဖို့လည်း အထူးလိုအပ်ပါတယ်။ KNU အဖွဲ့ အစည်းထဲမှာ မျိုးဆက်သစ်လူငယ်‌တွေအ‌နေနဲ့ ပူး‌ပေါင်းပါဝင်မှုမရှိဘူး။ နိုင်ငံ‌ရေးနဲ့ ပတ်သက်ပြီး သင်ယူ‌လေ့လာမှုမရှိဘူး။ ဒီအ တိုင်းသာ ဆက်သွားမယ်ဆိုရင်‌တော့ KNU အစည်းအရုံးကြီးရဲ့ ‌နောက်ဆက်တွဲ အဆင်တန်ဆာက ပြတ်‌တောက်သွားနိုင်တယ်။ ဒါ‌ကြောင့် ဦးဇင်း‌ပြောချင်တာက ကရင်လူထု‌တွေ ကရင်အမျိုးသားအစည်းအရုံး KNU ထဲမှာ ကြီးကြီးငယ်ငယ် အရွယ်စုံ‌ပေါ့။ အကြီးလည်း အကြီးအ‌လျောက်၊ အငယ်လည်းအငယ်အ‌လျောက် ဘက်‌ပေါင်းစုံ ပူး‌ပေါင်းပါဝင်ကူညီ‌စေချင်တယ်။

ပြီး‌တော့ တို့လူမျိုးဟာ ကရင့်အမျိုးသားအစည်းအရုံးရဲ့ အစိုးရ‌သော ဦး‌ဆောင်မှု‌အောက်မှာ ‌အေး‌အေးချမ်းချမ်း၊ သာယာဝ‌ပြော စွာနဲ့ ‌နေနိုင်ဖို့အတွက် သက်ကြီး‌တွေ‌ရော၊ သက်ငယ်‌တွေပါ ပူး‌ပေါင်းပါဝင်လုပ်‌ဆောင်တဲ့‌နေရာမှာ ပြတ်ပြတ်သားသားနဲ့ ရဲရဲရင့် ရင့် လုပ်‌ဆောင်ဖို့ လိုပါတယ်။ အဲလို ရဲရဲရင့်ရင့် လုပ်‌ဆောင်ကြမယ်ဆိုရင် ကရင်အမျိုးသားတို့ ရည်မှန်းထားတာ‌တွေ လက်ဝယ် မုချ ‌ရောက်ရှိလာမှာဖြစ်တယ်။ ဒါ‌ကြောင့် ကရင်အမျိုးသားအားလုံးဟာ ယဉ်‌ကျေးမှု အ‌မွေအနှစ်ပဲဖြစ်ဖြစ်၊ ကရင့်သမိုင်း‌ကြောင်း ပဲဖြစ်ဖြစ် သိရှိနားလည်ဖို့လည်း လိုပါတယ်။

‌နောက်ပြီး‌တော့ တို့ကရင်လူမျိုး‌တွေဟာ အချင်းချင်း ရို‌သေ‌လေးစားရမှာကို ဝန်‌လေးကြတယ်။ ကရင်လူမျိုးမဟုတ်တဲ့ တခြားလူ မျိုး‌တွေရဲ့ မ‌ဖြောင့်မတ်တဲ့ ဖျား‌ယောင်း‌သွေး‌ဆောင်မှု‌တွေကိုကျ‌တော့ လိုက်ယုံတယ်။ လိုက်စု‌ဆောင်းတယ်။ လိုက်ပြီး ဖက်တွယ် ‌နေတတ်တယ်။ အဲလိုစိတ်ထား‌တွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU ထဲမှာ မထားပါနဲ့‌တော့လို့ ဦးဇင်း‌ပြောချင်ပါတယ်။

‌နောက်ဆုံး KNU ကရင်အမျိုးသားအစည်းအရုံးကြီးကို မှာချင်တာက‌တော့ ကရင်အမျိုးသားတရပ်လုံးအတွက် ရပ်တည်‌နေတယ် လို့ ကိုယ့်ကိုယ်ကို နားလည်ထားတယ်ဆိုရင် ကိုယ့်လူမျိုးမဟုတ်တဲ့ တခြားသူ‌တွေလာပြီး ဖျား‌ယောင်း‌သွေး‌ဆောင်‌နေတာ‌တွေ၊ လာပြီး ချီးမွမ်းကြွားဝါ‌နေတာ‌တွေ၊ လာပြီးလိမ်လည်‌နေတဲ့သူ တစ်ဦးတ‌ယောက်ကိုမှ မယုံကြည်မိပါ‌စေနဲ့။ ကရင်အမျိုးသားတရပ် လုံး စည်းလုံးညီညွှတ်ကြပြီး‌တော့ KNU ကရင်အမျိုးသားအစည်းအရုံးအ‌နေနဲ့ ရွှင်လန်းချမ်း‌မြေ့ခြင်း၊ ‌အေးချမ်းသာယာခြင်း၊ သုခ ‌ပေါင်းစုံနဲ့ ရင်ဝယ်ပိုက်နိုင်ပါ‌စေလို့ ဦးဇင်း စိတ်ဆန္ဒရှိ‌ကြောင်း မှာကြားချင်ပါတယ်။