Home တွေ့ဆုံမေးမြန်းခန်း “သူ့ဘက်ကလည်း မျှတ၊ ကိုယ့်ဘက်ကလည်း မျှတရမယ်”လို့ဆိုတဲ့ ‌နော်အုန်းလှ ရဲ့ ‌ကေအဲန်ယူအ‌ပေါ်အမြင်

“သူ့ဘက်ကလည်း မျှတ၊ ကိုယ့်ဘက်ကလည်း မျှတရမယ်”လို့ဆိုတဲ့ ‌နော်အုန်းလှ ရဲ့ ‌ကေအဲန်ယူအ‌ပေါ်အမြင်

1532
နိုဝင်ဘာ ၁ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)


‌မေး – လက်ရှိ ‌ကေအဲန်ယူမှာ ‌ခေါင်း‌ဆောင်ပိုင်း ပဋိပက္ခ ဖြစ်‌နေတယ်‌လေ။ ဒီအ‌ပေါ်မှာ ဘယ်သူ‌တွေကို ဘယ်လိုရိုက်ခတ်မှု ဖြစ် မလဲ။

‌ဖြေ – ‌ခေါင်း‌ဆောင်ပိုင်း ဒီလိုမျိုးဖြစ်တဲ့အခါကျ‌တော့ ကရင်တမျိုးသားလုံးကို ရိုက်ခတ်တာ‌ပေါ့။ ဘာလို့လဲဆို‌တော့ ‌ခေါင်း‌ဆောင် ပိုင်းဆိုတာက‌တော့ ဒီလိုမျိုး မဖြစ်သင့်ဘူး‌ပေါ့‌နော်။ ဖြစ်တဲ့အ‌ပေါ်မှာ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ပြီး‌တော့မှ မဖြစ်သင့်တာ‌တွေ ဖြစ်လာ တဲ့အခါကျ‌တော့ ကရင်တမျိုးသားလုံးကို ထိခိုက်တာနဲ့ အတူတူပဲ။ ဘာလို့လဲဆို‌တော့ အချင်းချင်း ကွဲတယ်ဆိုတဲ့အခါကျ‌တော့ လူကြီးဖြစ်ရင် လူငယ်ပိုင်းလည်း ‌အောက်ပိုင်းလည်း ကွဲမှာပဲဆိုတာ။ ဒါ‌ကြောင့်မို့ ဒီလိုမျိုး ပြန်ပြီး‌တော့ ‌ခေါင်း‌ဆောင်ပိုင်း‌တွေ ရိုက် ခတ်မှုဟာ တမျိုးသားလုံးကို ထိခိုက်တယ်လို့ပဲ မြင်တာ‌ပေါ့။

‌မေး – အဖွဲ့အစည်းအတွက် ကရင်လူထုအတွက် အားသာချက်၊ အားနည်းချက် ဘာ‌တွေ ရှိမလဲ။

‌ဖြေ – ဒါ‌ပေမယ့် အခုလက်ရှိအ‌ခြေအ‌နေ သူတို့‌တွေ ပြန်ပြီး‌တော့ အ‌ခြေအ‌နေ‌တွေကို ထိန်းနိုင်တာတဲ့အပိုင်း‌တွေကို ‌တွေ့ရတယ်။ ဒါ‌ကြောင့်မို့ ဒီအ‌ပေါ်မှာ အန်တီက‌တော့ ‌လော‌လောဆယ် အ‌ခြေအ‌နေက‌တော့ ခဏ‌တော့ ယာယီ ညီသွားတယ်လို့ အန်တီ မြင် တယ်‌ပေါ့‌နော်။ ဒါ‌ပေမယ့် ညီလာခံ ပြန်လုပ်မယ်ဆိုရင် အ‌ဖြေတစ်ခု‌တော့ ထွက်လာမှာ‌ပေါ့။

‌မေး – ‌ကေအဲန်ယူကို နိုင်ငံ‌ရေးအရ၊ အမျိုးသား‌ရေးအရ ဘယ်လို‌လျှောက်လှမ်း‌စေချင်ပါသလဲ။

‌ဖြေ – ယုံကြည်ခဲ့တဲ့ လမ်းစဉ်အတိုင်း‌ပေါ့‌နော်။ ဒါကို‌တော့ ခိုင်ခိုင်မာမာ ရပ်‌စေချင်တယ်။ ဘာလို့လဲ ဒီအ‌ပေါ်မှာလည်း အန်တီတို့ လက်ရှိအ‌ခြေအ‌နေမှာ အန်တီတို့ နိုင်ငံမှာ ရှိတဲ့ ပြည်တွင်းကရင်‌တွေ‌ပေါ့‌နော်။ လက်ရှိအ‌ခြေအ‌နေမှာ ဂုဏ်ယူစရာ အချက်တစ် ချက် ဖြစ်တဲ့အတွက် ဒါကိုလည်း ဂုဏ်ယူတယ်။ ဒါ‌ပေမယ့် လက်ရှိအ‌ခြေအ‌နေမှာ ရပ်တည်ခဲ့တဲ့ အရင်တုန်းက မူ‌ပေါ့‌နော်။ တချို့ ဟာ‌တွေကျ‌တော့ မပြင်‌သေးတာကို လက်ခံတယ်။ တချို့က ပြင်စရာ မလိုဘူး။ ရပ်တည်သင့်တယ်လို့ အန်တီ မြင်တယ်။ အရင် ရပ်တည်ချက်အတိုင်း ရပ်တည်သင့်တယ်လို့ အန်တီ မြင်တယ်။

‌မေး – ပြည်တွင်း ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အ‌ပေါ် ‌ကေအဲန်ယူကို ဘယ်လိုပုံစံမျိုးနဲ့ လုပ်‌ဆောင်‌စေချင်ပါသလဲ။

‌ဖြေ – ခုနက အန်တီ ‌ပြောသလို‌ပေါ့။ ကိုယ့်ရဲ့ မူမှာ‌ပေါ့‌နော်။ ဥပမာ ဒီရည်ရွယ်ချက်က ကရင်ပြည်သူ ငြိမ်းချမ်း‌ရေးတစ်ခုလုံးလို့ ယူတဲ့အခါကျရင်၊ ပြည်တွင်းငြိမ်းချမ်း‌ရေး လိုချင်တဲ့ အခါကျရင်‌တော့ ကိုယ့်ရပ်တည်ချက်မူ‌ပေါ့ တရားမျှတတဲ့ ငြိမ်းချမ်း‌ရေး ဖြစ်ရမယ်။ တစ်အချက်က တဖက်က မတရားလုပ်ရင်လည်း ခံစရာအ‌ကြောင်း မရှိဘူး။ တစ်ဖက်သတ်ကြီးပဲ ဖြစ်တဲ့ဟာ‌တွေက ‌တော့ မဖြစ်သင့်ဘူး‌ပေါ့။ ဒါငြိမ်းချမ်း‌ရေး အရာမ‌မြောက်ဘူးလို့ အန်တီ မြင်တယ်။ ငြိမ်းချမ်း‌ရေးဆိုရင်‌တော့ သူ့ဘက်ကလည်း မျှတ၊ ကိုယ့်ဘက်ကလည်း မျှတရမယ်။ တရားမျှတမှ ငြိမ်းချမ်း‌ရေးဆိုတာ ဖြစ်မှာ‌လေ။ တရားမမျှတဘဲ တစ်ဖက်သတ်ဆိုရင် ‌တော့ ‌ရေရည်မတည်မြဲဘူး အန်တီ အဲလိုပဲ မြင်တယ်။