Home သတင်း ‌ဒေသဖွံ့ဖြိုး‌ရေး ရန်ပုံ‌ငွေအတွက် KNLA နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး ချစ်ကြည်‌ရေး ‌ဘောလုံးကစား

‌ဒေသဖွံ့ဖြိုး‌ရေး ရန်ပုံ‌ငွေအတွက် KNLA နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး ချစ်ကြည်‌ရေး ‌ဘောလုံးကစား

1867
နိုဝင်ဘာလ ၁ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

‌ဒေသဖွံ့ဖြိုး‌ရေး ရန်ပုံ‌ငွေအတွက် ရည်ရွယ်၍ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်- KNLA တပ်မဟာ(၁)နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး Actor Star FC ‌ဘောလုံးအသင်းတို့သည် ယမန်‌နေ့ည‌နေက မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ ‌ဘောလုံးအားက စားကွင်းတွင် ချစ်ကြည်‌ရေးအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ယင်းချစ်ကြည်‌ရေး‌ဘောလုံးပွဲတွင် ရုပ်ရှင်အစည်းအရုံးက KNLA အသင်းကို ၂ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပွဲမှ ရရှိလာ‌သော ရန်ပုံ‌ငွေကို ‌ဒေသဖွံဖြိုး‌ရေးအတွက် အသုံးပြုသွားမည်ဖြစ်‌ကြောင်း တပ်မဟာ(၁) ဗျူဟာမှူး ဗိုလ်မှူးကြီး‌စောပ‌လေ့က ‌ကေအိုင်စီ သို့ ယခုလို ‌ပြောသည်။

“‌လော‌လောဆယ် ရန်ပုံ‌ငွေ ဘယ်‌လောက်ရတယ်ဆိုတာ မတွက်ရ‌သေးပါဘူး။ ‌သေချာစာရင်းတိကျရတာနဲ့ ထုတ်ပြန်သွားမှာပါ။ ဖွံ့ဖြိုး‌ရေးဆို‌တော့ လမ်း၊ တံတား၊ ‌ကျောင်းနဲ့ ‌ဆေး‌ပေးခန်းတို့အတွက်‌ပေါ့”ဟု ဗိုလ်မှူးကြီး‌စောပ‌လေ့က ဆိုသည်။

အဆိုပါ ‌ဘောလုံးပွဲတွင် KNLA တပ်မဟာ(၁) ‌ဘောလုံးဝါသနာရှင်များနှင့် ရုပ်ရှင်အစည်းအရုံးဘက်မှ ရုပ်ရှင်မင်းသား လူမင်း၊ သူထူးစံ၊ ပိုင်‌ဇေရဲထွန်းတို့ အပါအဝင် အခြားအနုပညာ ဝါသနာရှင်များ ကစားခဲ့ကြကာ ပွဲစဉ်လက်မှတ်တစ်‌စောင်လျှင် ကျပ် ၅၀ဝနှုန်းဖြင့် လူထုပရိဿတ် တစ်‌သောင်း‌ကျော် တက်‌ရောက် အား‌ပေးကြည့်ရှုခဲ့သည်ဟု သိရသည်။

ပွဲစဉ်မစတင်မှီတွင် ရုပ်ရှင်အစည်းအရုံးဘက်မှ အနုပညာရှင်များက ‌တေးသီချင်းများဖြင့်‌ဖျော်‌ဖြေကြပြီး ည‌နေ ၃နာရီ ၃ဝမိနစ် တွင် ‌ဘောလုံးပွဲကို စတင်ခဲ့ကြသည်။

‌ဘောလုံးပွဲသို့ တက်‌ရောက်အား‌ပေးကြည့်ရှုခဲ့သူ ဘီးလင်းမြို့ခံ အသက် ၂၁နှစ်အရွယ် မင်းဝင်းထွန်းက “ကျ‌နော်တို့မြို့မှာ မြို့ နယ်ပွဲ‌တွေ‌တော့ လုပ်တယ်ခင်ဗျ။ ခုလိုမျိုးက‌တော့ ပထမဆုံး ကြုံဖူးတာပဲ”ဟု ‌ပြောဆိုသည်။

ချစ်ကြည်‌ရေး‌ဘောလုံးပွဲဖြစ်‌မြောက်‌ရေးအတွက် အနုပညာရှင် ရုပ်ရှင်သရုပ်‌ဆောင် ‌ဝေဠု‌ကျော်မှ ဦး‌ဆောင်စီစဉ်‌ပေးခဲ့ပြီး KNU တပ်မဟာ(၁)နှင့် တပ်မဟာ(၅) နယ်‌မြေတွင် ‌ရွှေတူး‌ဖော်‌ရေး လုပ်‌ဆောင်ခဲ့‌သော ‌ရွှေဖူးကုမ္ပဏီက ပံ့ပိုးကူညီခဲ့ခြင်းဖြစ်သည်။