Home သတင်း နိုင်ငံကူးလက်မှတ်လုပ်သူများ အပို‌ငွေ ‌ပေး‌ဆောင်‌နေရ

နိုင်ငံကူးလက်မှတ်လုပ်သူများ အပို‌ငွေ ‌ပေး‌ဆောင်‌နေရ

1856
ဩဂုတ်လ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်‌ပေး‌သောရုံးတွင် သတ်မှတ်ထား‌သော ကုန်ကျ‌ငွေများအပြင် အပို‌ဆောင်‌ငွေများ ‌ပေးသွင်း‌နေရ‌သေး ‌ကြောင်း နိုင်ငံကူး လက်မှတ်သွား‌ရောက်လုပ်သူများ၏ ‌ပြောပြချက်များအရ သိရသည်။

နိုင်ငံကူးလက်မှတ် ထုတ်‌ပေးရာတွင် သတ်မှတ်ထား‌သော စာအုပ်ဖိုး ၁၉,၀၀ဝကျပ်၊ အွန်လိုင်းဝန်‌ဆောင်ခ ၁၀၀ဝကျပ်၊ နိုင်ငံကူးလက်မှတ် ‌ဆေးဖိုး၊ မင်ဘိုးနှင့် စက်ပစ္စည်း ပြုပြင်ထိန်းသိမ်းခ ၁၀၀ဝကျပ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်(နရခ)သို့ ‌ပေးသွင်းရန် ချလံဖိုး ၂၀ဝကျပ်၊ ဓာတ်ပုံ ၁၂ပုံဖိုးအတွက် ၃၅၀ဝကျပ်ဟု ဆိုသည်။

သို့‌သော် ပုံစံစီသည့်စားပွဲတွင် ၁၀၀ဝကျပ် စာအုပ်ထုတ်ရာတွင် စလစ်စာရွက်ပြားထုတ်‌ပေး‌သော ‌ကောင်တာတွင် ၁၀၀ဝကျပ်၊ မှတ်ပုံတင် နှင့် သန်း‌ခေါင်စာရင်း စစ်မှန်‌ကြောင်း တံဆိပ်တုံးထုရာတွင် ၁,၀၀ဝကျပ်များ ‌ပေး‌ဆောင်‌နေရခြင်း ဖြစ်သည်။

“ကျ‌နော်တို့မှာ အစိုးရဌာန‌တွေနဲ့ အလုပ်လုပ်ရင် အပို‌ငွေယူသွား‌နေရတုန်းပဲ‌လေ။ ပိုက်ဆံ ၁၀၀ဝဆိုတာ နယ်က‌နေလာတဲ့ က‌လေး‌တွေအ တွက်‌တော့ ထမင်းတစ်နှပ်ရတယ်။ ပုံစံစီတဲ့ စားပွဲဆိုဗျာ၊ ဘယ်လိုလုပ်ရမယ်ဆိုတာကို နံရံမှာ ကပ်ထား‌ပေးရင် ကိုယ့်ဖာသာစီလို့ ရပါ တယ်။ ဘာမှ မခက်တာကို ၁၀၀ဝ ‌ပေး‌နေရတယ်”ဟု ဧရာဝတီတိုင်း၊ ‌ရေကြည်မြို့နယ်မှ နိုင်ငံကူးလက်မှတ် လာ‌ရောက်ထုတ်ယူသူ သ‌ဘေင်္ာအရာရှိ မန်းစိုး‌အောင်က ‌ပြောသည်။

မြန်မာ့အမျိုးသမီးကွန်ယက်ကို ဦး‌ဆောင်‌နေသူ ‌နော်အုန်းလှကလည်း နိုင်ငံကူးလက်မှတ် ‌လျှောက်ထားရာတွင် ‌ထောက်လှမ်း‌ရေးမှ အိမ် သို့ လာ‌ရောက် အချက်အလက်‌ကောက်ယူ‌ကြောင်း ‌ပြောသည်။

“အန်တီက‌တော့ တာဝန်ရှိလို့ လုပ်တာကို လက်ခံပါတယ်။ ‌မေးတာ‌တွေ ‌ကောင်း‌ကောင်း‌ဖြေ‌ပေးပါတယ်။ ရုံးမှာလည်း မလိုအပ်တဲ့‌ငွေကို မ‌ပေးပါဘူး။ အန်တီ့ကိုလည်း မ‌တောင်းဘူး။ ဘယ်သူ့ကိုမှ ပြန်အမ်းတာမ‌တွေ့တဲ့‌ငွေကို အန်တီကို ပြန်အမ်းတယ်။ လာဘ်‌ပေး လာဘ်ယူ တို့ရန်သူ‌လေ။ သတ်မှတ်ထားတာပဲ ‌ပေးမှာပါ”ဟု ဆိုသည်။

ထို့အပြင် နိုင်ငံသားကတ်နှင့် အိမ်‌ထောင်စုစာရင်းအား အစစ်၊ အတု ခွဲခြားစစ်‌ဆေး‌သော ‌ကောင်တာတွင် သုံးနာရီ‌ကျော်မျှ တန်းစီတိုး‌နေရ ‌ကြောင်းလည်း သိရသည်။

စစ်ကိုင်းတိုင်း အရာ‌တော်မှ နိုင်ငံကူးလက်မှတ် လာ‌ရောက်‌လျှောက်ထားသူတစ်ဦးက “အချိန်‌တွေမလိုအပ်ဘဲနဲ့ ကုန်တယ်ဗျာ။ စစ်‌ဆေး ‌ရေး‌ကောင်တာ‌တွေမှာ ဝန်ထမ်း ၂ဦး၊ ၃ဦး တိုးခန့်ဖို့ ‌ကောင်းတယ်။ နိုင်ငံကူးလက်မှတ်လုပ်ရတာ အရင်ကထက် နည်းနည်း‌လေးပဲ အဆင် ‌ပြေတာပါ။ စားပွဲတစ်ခုကို ၁၀၀၀‌ပေးရတာနဲ့ တန်းစီတိုးရတာ အရင် စစ်အစိုးရလက်ထက်ကတည်းက ‌ပေး‌နေ၊ တိုး‌နေရတဲ့ဟာပါ”ဟု ‌ပြော သည်။

ထိုကဲ့သို့ သတ်မှတ်‌ငွေ မဟုတ်ဘဲ ‌ပေး‌ဆောင်‌နေရခြင်းအ‌ပေါ် ‌နေပြည်‌တော်ရှိ ကွပ်ကဲ‌ရေးမှူးရုံးသို့ ‌ကေအိုင်စီမှ ဖုန်းဆက်‌မေးမြန်းရာ ကိုင်တွယ်‌ဖြေဆိုမည့်သူ မရှိ‌ပေ။