Home သတင်း ကချင်ဒုက္ခသည် ၆၀၀‌ကျော်ကို တရုတ်နိုင်ငံမှ ကချင်ပြည်တွင်းသို့ ‌ပြောင်း‌ရွှေ့

ကချင်ဒုက္ခသည် ၆၀၀‌ကျော်ကို တရုတ်နိုင်ငံမှ ကချင်ပြည်တွင်းသို့ ‌ပြောင်း‌ရွှေ့

2197
ဩဂုတ်လ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်‌မြောက်‌ရေး အဖွဲ့(KIO)တို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲ‌ကြောင့် တရုတ်နိုင်ငံ ‌နောင်‌တောင်းတွင် ထွက်‌ပြေး‌နေ ထိုင်ခဲ့ရသည့် ဒုက္ခသည်များအနက် ၆၀ဝဦး‌ကျော်မှာ ကချင်ပြည်နယ် ဗန်း‌မော်မြို့နယ်၊ လနာဇွပ်(Lana Zup)သို့ ယ‌နေ့ ပြန်လည်‌ပြောင်း ‌ရွှေ့လာသည်ဟု သိရသည်။

လာနာဇွပ်တွင် သွား‌ရောက်‌ဆေးကု‌နေသည့် ကချင်ကယ်ဆယ်‌ရေးအဖွဲ့ WPN မှ ‌ဆေးဆရာမဖြစ်သူ ဒွဲဇင်က “ကားကြီး‌တွေနဲ့‌ရော၊ ‌ထော်လာဂျီကား‌တွေနဲ့ တရုတ်နဲ့ KIO အာဏာပိုင်‌တွေက စီစဉ်‌ပေးပြီး ဒီ‌နေ့ ၁၁နာရီ‌လောက် မှာ ဒုက္ခသည်‌တွေ စ‌ရောက်ကြတာပါ။ ကားက ၁ဝစီးနီးပါးရှိတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ‌ပြောင်း‌ရွှေ့၍ မကုန်‌သေးဘဲ ‌နောင်‌တောင်းတွင် ကျန်ရှိ‌နေ‌သေးသည် ဒုက္ခသည်များကို မနက်ဖြန် ဩဂုတ်လ ၂၃ရက်‌နေ့ တွင် လာနာဇွပ်သို့ အပြီး‌ပြောင်း‌ရွှေ့မည်ဟု ကြားသိရ‌ကြောင်း သူမက ဖြည့်စွက်‌ပြောဆိုသည်။

၎င်းဒုက္ခသည်များကို အနီးကပ် ကြည့်ရှုမှု‌အောက်တွင် ‌နေထိုင်‌စေရန် ရည်ရွယ်ချက်ဖြင့် KIO က တရုတ်အစိုးရနှင့် ညှိနှိုင်းကာ သ‌ဘောတူ ညီမှုရရှိခဲ့ခြင်းဖြစ်သည်ဟု ကချင်သတင်းဌာန အင်တာနက် သတင်းစာမျက်နှာ၌ ‌ဖော်ပြထားသည်။

လနာဇွပ်သည် KIO ၏ တပ်မဟာ(၃)နယ်‌မြေတွင် တည်ရှိပြီး စစ်‌ပြေးဒုက္ခသည်များ ‌နေထိုင်ရန် စီစဉ်ထားသည့် ‌နေရာဖြစ်သည်ဟုလည်း သိရသည်။

‌နောင်‌တောင်းရှိ ဒုက္ခသည်အချို့သည် လာနာဇွပ်တွင် ပြန်လည်အ‌ခြေစိုက်‌နေထိုင်ခြင်းမပြုဘဲ မန်ဝင်း၊ လိုင်ဇာနှင့် မိုင်ဂျာယန်ဒုက္ခသည် စခန်းများတွင် သွား‌ရောက်‌နေထိုင်သူများရှိသလို အချို့မှာ တရုတ်ပြည်ရှိ ‌ဆွေမျိုးများအိမ်၌ ခိုလှုံ‌နေထိုင်ကြသည်ဟု ဆရာမဒွဲဇင်က ‌ပြော သည်။

တရုတ်နိုင်ငံ ‌နောင်‌တောင်းတွင် ဒုက္ခသည်စခန်း ၆ခု ဖွင့်လှစ်ထားပြီး ကချင်ဒုက္ခသည် ၄,၀၀၀(‌လေး‌ထောင်)ဝန်းကျင် အ‌ခြေစိုက်‌နေထိုင် လျှက်ရှိ‌ကြောင်း ကချင်ဒုက္ခသည်များကို ကူညီသည့်အဖွဲ့များက ဆိုသည်။