Home သတင်း (၅)ကြိမ်‌မြောက် ကရင်မျိုးဆက်သစ်လူငယ်များ သင်တန်း‌ကျောင်း KNU ဖွင့်လှစ်

(၅)ကြိမ်‌မြောက် ကရင်မျိုးဆက်သစ်လူငယ်များ သင်တန်း‌ကျောင်း KNU ဖွင့်လှစ်

1513
ဩဂုတ်လ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ပဉ်စမအကြိမ်‌မြောက် မျိုးဆက်သစ် ကရင်လူငယ်များ သင်တန်း‌ကျောင်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ KNU ထိန်းချုပ်နယ်‌မြေတွင် ယ‌နေ့နံနက် ၉နာရီမှ ၁၁နာရီအထိ ကျင်းပဖွင့်လှစ်ခဲ့သည်။

၎င်းသင်တန်း‌ကျောင်းကို KNU တပ်မဟာ(၇)မှ ဦးစီးဖွင့်လှစ်ခြင်းဖြစ်ပြီး ဖွင့်ပွဲသို့ KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်၊ ပညာ‌ရေးတာဝန်ခံ ပဒို‌စောလား‌စေး၊ တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေ၊ တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒို‌စော‌ဒေါ့‌လေးမူ၊ ဗဟိုစည်း ရုံး‌ရေးဌာန ဒုတာဝန်ခံ ပဒို‌စောသမိန်ထွန်းတို့ အပါအဝင် ခရိုင်အသီးသီးမှ တပ်ဖက်၊ အရပ်ဖက် KNU ‌ခေါင်း‌ဆောင်များ၊ KWO, KYO မှ ‌ခေါင်း‌ဆောင်များ အပါအဝင် လူ ၆ဝဦးခန့် တက်‌ရောက်ခဲ့ကြသည်။

ယခုဖွင့်လှစ်လိုက်သည့် မျိုးဆက်သစ်သင်တန်း‌ကျောင်းတွင် ခရိုင် ၇ခုမှ သင်တန်းသူသင်တန်းသား ၃၇ဦး တက်‌ရောက်သင်ကြားမည်ဖြစ် ပြီး အထူးသဖြင့် နိုင်ငံ‌ရေးနှင့်ပတ်သက်‌သော ဘာသာရပ်များကို အဓိကထား သင်ကြား‌ပေးမည်ဖြစ်ပြီး စီးပွား‌ရေး၊ လူမှု‌ရေးနှင့် အ‌ခြေခံစစ် သင်တန်းများကို သင်တန်းကာလ (၁၈)လကြာ သင်ကြားပို့ချ‌ပေးသွားမည်ဟု သိရသည်။

ဗိုလ်မှူး‌စောလှ‌ငွေက “မျိုးဆက်သစ်လူငယ်‌တွေအ‌နေနဲ့ အခုလို ပညာသင်ကြားခွင့်ရတာကို အကျိုးရှိ‌အောင် သင်ကြားကြဖို့၊ ‌နောက်ပြီး မိမိတို့ရဲ့ အမြင်သ‌ဘောထား‌တွေကို ရဲရဲဝံ့ဝံ့ ထုတ်‌ဖော်‌ပြောတတ်ဖို့၊ လူတစ်ဦးစီရဲ့ မတူညီတဲ့အမြင်‌တွေကို ‌ဘေးဖယ်ပြီး တူညီတဲ့အမြင် ‌တွေနဲ့ စု‌ပေါင်းလုပ်‌ဆောင်ပြီး ကြိုးကြိုးစားစားနဲ့ ပညာကို သင်ယူကြဖို့ တိုက်တွန်းလိုပါတယ်”ဟု အမှာစကား ‌ပြောကြားခဲ့သည်။

ယခု ဖွင့်လှစ်‌သော ကရင်မျိုးဆက်သစ်လူငယ်သင်တန်း‌ကျောင်းကို ယခင် KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလား ဖန်းမှ ကြီးမှူး၍ ၂၀၀၁ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် ၅ကြိမ်‌မြောက် ရှိခဲ့ပြီးဖြစ်သည်။