ကရင်အမျိုးသားအာဇာနည်နေ့နှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုစည်းရုံးရေးဌာန ဒုတာဝန်ခံ ပဒိုစောသမိန်ထွန်း အား ကေအိုင်စီမှ တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်ပါသည်။
KIC – ဒီဩဂုတ်လ ၁၂ရက်နေ့ဟာ ကရင်အမျိုးသား အာဇာနည်နေ့ဖြစ်တယ်လေ။ အခုဆိုရင် ၆၂နှစ်တောင် ရှိသွားပြီဆိုတော့ ကရင့်အာဇာ နည်နေ့ ဖြစ်ပေါ်လာပုံလေး အကျယ်တဝင့် ရှင်းပြပေးပါလား။
အာဇာနည်နေ့ ဖြစ်ပေါ်လာတာကတော့ ပြောရမယ်ဆိုရင် ကရင့်တော်လှန်ရေးနဲ့ ဆက်စပ်လာမယ်။ ကရင့်တော်လှန်ရေး ဘာကြောင့်ဖြစ် တယ်ဆိုတာကတော့ အကျယ်တဝင့် မပြောတော့ဘူး။ ဒါကြောင့်မို့ ၁၉၄၉၊ ဇန်နဝါရီလ ၃၁ရက်နေ့ ကရင့်တော်လှန်ရေးပေါ်ပေါက်ပြီး အဲဒီ ကနေ တောဘက်ကို ပြန်ဆုတ်ရတယ်။ အင်းစိန်တိုက်ပွဲက ကရင့်တော်လှန်ရေးရဲ့ ပထမဦးဆုံး တိုက်ပွဲပဲ။ ရက်ပေါင်း ၁၁၁ရက် ကြာတယ်။ အဲဒီကနေ ဆုတ်လာပြီးတဲ့နောက်ပိုင်းမှာ ကရင်ခေါင်းဆောင်တချို့က တောင်ငူဘက်ကို ဆုတ်သွားတာရှိတယ်။ တချို့က မြစ်ဝကျွန်းပေါ် ဘက်ကို ဆုတ်သွားတာရှိတယ်။ မြစ်ဝကျွန်းပေါ်ဘက်ကို ဆုတ်သွားတဲ့ ကရင်ခေါင်းဆောင်တွေက အများစုဖြစ်တယ်။ စကောလယ်တော တို့၊ မန်းဘဇန်တို့၊ ဟံတာသာမွှေးတို့၊ စောဘဦးကြီးတို့ အဲ့ဒါတွေက မြစ်ဝကျွန်းပေါ်ဘက်ကို ဆုတ်သွားကြတယ်။ အရှေ့ဘက်ကို ဆုတ် သွားတာကတော့ ဗိုလ်ကြီးထောပလိုတို့ တခြားတာဝန်ရှိခေါင်းဆောင်တွေ ဆုတ်သွားကြတယ်။ ဆုတ်သွားကြတော့ တို့က အဲ့မှာ တော် လှန်ရေးကို တောင်ငူမှာ ပြန်အခြေခံတယ်။ ပြီးတော့မှ ရန်သူကလည်း ထိုးစစ်ကြီးတွေနဲ့ ထိုးပြုတော့ ရှေ့တန်းမှာဦးဆောင်ဖို့က ခေါင်း ဆောင်လိုလာတယ်။ ဦးဆုံးမှာ စကောလယ်တော တက်သွားတယ်။ တက်သွားပြီးတော့မှ အားလုံး ပြင်ဆင်တယ်။
တို့ကရင်ဌာနချုပ်က မော်ချီးမှာထားတော့ ပထဝီနိုင်ငံရေးအရ မော်ချီးက ကရင်နီနယ်ထဲမှာ ရှိနေတယ်။ ဒါကြောင့် စောဘဦးကြီးက ပြော တယ်။ ဌာနချုပ်ရုံးကို ဖာပွန်ကို ပြန်ပြောင်းပါဆိုတော့ စကောလယ်တောက ပြန်စီစဉ်ပြီးတော့မှ ဖာပွန်ဘက်ကို ပြောင်းကြတယ်။ ပြောင်း ပြီးတော့ စောဘဦးကြီးက ဗိုလ်ချုပ်စောစိုင်းခေတို့နဲ့အတူ တက်သွားတယ်။ တက်လာပြီးတော့ ပဲခူးရိုးမကို ဖြတ်တယ်။ အဲဒါတွေကျော်လာ ပြီးမှ အရှေ့တောင်ငူကို ရောက်တယ်။ တောင်ငူကို စောဘဦးကြီး ရောက်လာတဲ့နောက်ပိုင်းမှာ ရန်သူကလည်း အကြီးအကျယ်ထိုးတော့ သူကလည်း တောင်ပေါ်ပြန်တက်တယ်။ အဲဒီတုန်းက ၁၉၄၉ခုဆိုတော့ ၁၉၅ဝခုနှစ် မိုးတွင်းကာလမှာ သူက ပြန်ပြီးတော့မှ အရေးပေါ် အစည်းအဝေး ပြန်ခေါ်လာတယ်။ အဲ့မှာ သူပြောခဲ့တဲ့စကားတွေက တို့တွေအတွက် တော်တော်မှတ်သားလောက်တာတွေ ရှိတယ်။
အဲဒါတွေက ငါတို့ဒီကနေ့ ကရင်တော်လှန်ရေးဟာ တို့ကရင့်သမိုင်းမှာ ပထမဦးဆုံး တော်လှန်ရေးဖြစ်သလို နောက်ဆုံး တော်လှန်ရေး လည်း ဖြစ်ရမယ်။ အဲတော့ တို့ဟာ ဒီတစ်ချီ တော်လှန်ရေးတစ်ခုုတည်းနဲ့ ကရင့်ဘဝကို လွတ်မြောက်အောင်၊ လွတ်လပ်အောင်၊ အချုပ်အ ခြာအာဏာရအောင် ကြိုးစားရမယ်။ ဒါကြောင့်မို့ တို့တတွေဟာ ဇွဲလျှော့လို့မရဘူး။ တော်လှန်ရေးကို ကစားစရာလို သဘောထားလို့ မရ ဘူး။ တို့ကရင်တော်လှန်ရေးဟာ ရန်ကုန်မှာ သွားပြီးတော့မှ ရန်သူ့ဆီ လည်စင်းမပေးသရွေ့တော့ ဘယ်တော့မှ မဆုံးနိုင်ဘူး။ ဒါ သူ ပြော ခဲ့တဲ့စကား။
အဲဒီ “Surrender is out of question” ဆိုတဲ့အဓိပ္ပါယ်က လက်နက်ချတာ တစ်ခုတည်း မဟုတ်ဘူး။ အညံ့ခံ အရှုံးပေးခြင်း အလျဉ်းမ လုပ်ရဘူး။ မိမိလက်နက် မိမိလက်ထဲမှာ ရှိရမယ်။ ကရင်ပြည်ကို ပြီးပြည့်စုံစေရမယ်။ မိမိရဲ့ နိုင်ငံရေးကံကြမ္မာကို မိမိဘာသာဖန်တီးရမယ်။ အဲ့ဒီလို သူက ပြောခဲ့တယ်။ ဒီ ၄ချက်နဲ့ ငါတို့ဆောင်ရွက်မယ်။ ဒါကြောင့်မို့ တာဝန်ခွဲဝေမယ်ဆိုပြီးတော့မှ စကောလယ်တောကို ပဲခူးရိုးမက ဖားဒိုပလောတို့ဘာတို့မှာ ကရင်-ဗမာ အဓိကရုဏ်းတွေ ပြန်ဖြစ်နေတော့ အဲဒီက ကရင်တွေက ပြန်ဆုတ်လာပြီးတော့ ညောင်လေးပင်မှာ ပြန်ပြီးတော့ စခန်းချဖို့အတွက် စကောလယ်တောကို လွှတ်လိုက်တယ်။ နောက်မှ ဗိုလ်ချုပ်စောစိုင်းခေကိုကျတော့ မော်လမြိုင်ကို ပြန်ပြီးမှ မွန်အမျိုးသားတွေကို ပြန်စည်းရုံးပြီးမှ စနစ်တကျနဲ့ တပ်ပေါင်းစုတပ်ကို ဖွဲ့စည်းဖို့အတွက် တာဝန်ပေးတယ်။ သူကိုယ်တိုင်ကတော့ ငါက တော့ နိုင်ငံခြားထွက်ပြီးမှ နိုင်ငံရေးကစားကွက်တစ်ခု လုပ်မယ်။ ဒါကိုလုပ်ပြီးမှ လုပ်ကြတော့ သူတို့က ပိုင်ကျုံရောက်တဲ့အခါကျတော့ နား ကြတယ်။ အဲ့မှာပဲ တရားတွေ ဟောတယ်။ လူထုတွေကလည်း အကြီးအကျယ် ထောက်ခံကြတယ်။ အဲဒီကနေတဆင့် သွားဖို့ကျတော့ လူထုက ပြောကြတယ်။ မိုးအကြီးအကျယ်ရွာတယ်။ ဒါကြောင့်မို့ ဒီချောင်းတွေကလည်း ဖြတ်ဖို့မလွယ်ဘူး။ အဲ့တော့ ခေါင်းဆောင်ကြီးအ နေနဲ့ ဒီမှာ တစ်ရက်လောက်နားပြီးမှ သွားပါ။ သူက “ကျနော်တို့ အရေးကြီးတယ် သွားမှရမယ်”ဆိုပြီး ဆင်တွေနဲ့သွားတယ်။ နဘူးဘက် ရောက်တဲ့အခါကျတော့ ချောင်းရေက အင်မတန်ကြီးတယ်။ ဆင်တောင်ဖြတ်လို့ မရတော့ဘူး။ မိုးကလည်းချုပ်လာတော့ လယ်တောထဲ မှာ နားတယ်။ အဲဒီမှာက ထို့ကော်ကိုးနဲ့နီးတော့ ရိက္ခာသွားယူခိုင်းတယ်။ ဟိုကိုသွားတဲ့အခါကျတော့ ဟိုမှာက ရွာလူကြီး မရှိဘူး။ ဆယ် အိမ်ခေါင်းပဲ ရှိတယ်။ ရွာလူကြီး ဖာ့လာကေးက တခြားကရင်ခေါင်းဆောင်တွေနဲ့ သွားတွေ့နေတယ်။ ရွာမှာရှိတဲ့ ဆယ်အိမ်ခေါင်းက သူတို့ ကို ဆန်တွေ၊ ဆီတွေ၊ ကြက်တွေ ပို့ပေးပြီးမှ သူက ရန်သူဆီ သွားတိုက်တယ်။ အဲဒီအချိန်မှာ ရန်သူ(စိန်လွင်)က ကော့ကရိတ်မှာရှိတယ်။ စိန်လွင်က အဲတုန်းက တစ်ပွင့်နဲ့တပ်စုမှူးပေါ့။ သူ့ကိုသွားတိုင်တဲ့အခါကျတော့ သူက ပြန်လိုက်လာပြီးမှ အဲ့မှာ ပြောရမယ်ဆိုရင် စောဘဦး ကြီးကလည်း ရေချိုးဆင်းဖို့ ချောင်းထဲမှာသွားတယ်။ ဟိုက လက်မြှောက်ခိုင်းတဲ့အခါကျတော့ စောဘဦးကြီးက ငါတို့ မမြှောက်နိုင်ဘူးလို့ ပြောတော့ ဟိုက ဖမ်းပစ်တယ်။ တို့ငယ်ငယ်က လူကြီးတွေ ပြောပုံအရတော့ သူ ချက်ချင်း မသေဘူး။ ရန်သူက ကြိုးတွေဘာတွေနဲ့ တစ်ဖက်ကမ်း ကူးလာပြီးတော့မှ အဲ့မှာ စောဘဦးကြီးကို လက်မြှောက်ခိုင်းတယ်။ ငါ့မှာ မြှောက်ဖို့လက်မရှိဘူး အဲလိုလုပ်တယ်။ ဒါနဲ့ စိန်လွင်က ရန်ကုန်ကို ကြေးနန်းရိုက်လိုက်တယ်။ ဒီလူကို ခေါ်ခဲ့ရမလားဆိုပြီး မခေါ်ခဲ့နဲ့ဆိုတော့ အဲ့မှာပဲ ပစ်သတ်လိုက်တယ်။ ပစ်သတ် လိုက်တော့ ဗိုလ်ချုပ်စောစိုင်းခေလည်း ပါသွားတာပေါ့။ အဲ့မှာသေတော့ မိုးကလည်း အကြီးအကျယ် ရွာနေတော့ သူတို့က စွတ်ဖားလှည်း ကို ကျွဲနဲ့ပြန်ဆွဲပြီး ကော့ကရိတ်ရောက်တယ်။ ကော့ကရိတ်ကနေ မော်တော်ကားနဲ့ မော်လမြိုင်ကို ပို့တယ်။ သူ့ရဲ့မူရင်းက ဘောင်းဘီတို လေးနဲ့ ဗန်းမော်သဘက်အဖြူနဲ့ ဒါပဲရှိတယ် သူသေတဲ့အချိန်မှာ မုတ်ဆိတ်တွေနဲ့။ အဲဒါနဲ့ သူတို့ယူသွားပြီးတော့မှ မော်လမြိုင်မှာ ပြည်သူ ရှေ့က ကုလားထိုင်ပေါ်မှာတင်၊ မလဲကျအောင် ကြိုးတွေနဲ့တုတ်တာပေါ့။ ဒီမှာ မင်းတို့ရဲ့ ကရင်ခေါင်းဆောင် စောဘဦးကြီး သေပြီပေါ့။ မော်လမြိုင်မြို့မှာ လိုက်ပြတယ်။ အဲ့လိုမျိုးတွေလုပ်ခဲ့တယ်။ သူသေတဲ့နေ့က ပြောရမယ်ဆိုရင် ၁၉၅၀၊ ဩဂုတ်လ ၁၂ရက်နေ့ ဖြစ်တယ်။ အဲ့မှာ စောစိုင်းခေလည်း ကျဆုံးတယ်။ ကိုယ်ရံတော်ရဲဘော်တွေလည်း ကျတယ်။ ဆင်နောက်လိုက်တဲ့ လူတစ်ယောက်လည်း ကျဆုံး တယ်။ ကျန်တဲ့လူတွေက အကုန်လုံးထွက်ပြေး လွတ်မြောက်သွားတယ်။ အဲဒါတွေက ကျနော်တို့သမိုင်းတွေမှာ မှတ်တမ်း ခိုင်ခိုင်မာမာပြု တာ ကျန်ရစ်ခဲ့တယ်။ ဒါ ကျနော်တို့တွေရဲ့ အားနည်းချက်ပဲ။ မှတ်တမ်းပြုတယ်ဆိုတာ သေသေချာချာ ပြုရတယ်။ နောက်ပြီး စောဘဦး ကြီးကို အကုန်လုံးလိုက်ပြပြီးတော့ သံခေါင်းနဲ့ထည့်ပြီးတော့မှ ကရင်တွေအတွက် တိုင်းပြည်ပေးဖို့ မြေကြီးမရှိဘူး။ ဒါကြောင့်မို့ ပင်လယ် ထဲ ပစ်ချရမယ်ဆိုပြီးတော့မှ ကျိုက္ခမီပင်လယ်ရဲ့အနောက်ဘက် ပင်လယ်ထဲမှာ မေယုသဘေင်္ာနဲ့ သွားပစ်ချတယ်။ စောစိုင်းခေကတော့ ဘယ်လိုပျောက်သွားတယ်ဆိုတာ မသိဘူး။ အဲ့လိုဖြစ်တော့ ကရင်တွေချည်းပဲ မဟုတ်ဘူး။ မွန်တွေလည်း ဝမ်းနည်းကြေကွဲကြတာပေါ့။
အဲ့ဒါတွေဖြစ်ပြီးနောက်မှာ ကျနော်တို့က ၁၉၅၆ခုနှစ် ကွန်ဂရက်ကျမှ အာဇာနည်နေ့ အသိအမှတ်ပြုခဲ့ကြတယ်။ အကုန်လုံးကို အမျိုးသား နေ့တို့၊ တပ်မတော်နေ့တို့ အသိအမှတ်ပြုပြီးတော့မှ ဩဂုတ်လ ၁၂ရက်နေ့ကိုလည်း အာဇာနည်နေ့အဖြစ် အသိအမှတ်ပြုဖို့ ကွန်ဂရက်မှာ တင်တော့ ဒါကို ကွန်ကရက်က အသိအမှတ်ပြုလိုက်တော့ ဒါကို ကျနော်တို့က နှစ်စဉ်ကျင်းပလာခဲ့တာ ဖြစ်တယ်။ နောက်ဆုံး ဒီအာဇာ နည်နေ့မှာ ဘယ်ကရင်အမျိုးသားထဲက ဘယ်သူပဲ ကျဆုံးကျဆုံး၊ ဘယ်ခေါင်းဆောင်ပဲ ကျဆုံးကျဆုံး၊ ဘယ်ပြည်သူ၊ ဘယ်အမျိုးသမီး တွေပဲ ရန်သူလက်ချက်နဲ့ ကျဆုံးကျဆုံး ဒီနေ့ကို ဘုံနေ့၊ အာဇာနည်နေ့အဖြစ် ၁၉၅၆မှာ အသိအမှတ်ပြုလိုက်တယ်။ ဒါကြောင့်မို့ ကျဆုံးတဲ့ ခေါင်းဆောင်တွေ ရဲဘော်တွေကို ပြည်သူလူထုတွေ၊ အမျိုးသမီးတွေ ကလေးတွေက ဒီဩဂုတ်လ ၁၂ရက်နေ့ကို အာဇာနည်နေ့အဖြစ်နဲ့ တစ်ပေါင်းတည်း အလေးပြုတယ်။ အသိအမှတ်ပြုတယ်။ ဒါကတော့ ကရင်အာဇာနည်နေ့ ဖြစ်ပေါ်လာပုံပါ။
KIC – ဘယ်လိုလူစားမျိုးကို အာဇာနည်လို့ အများက ခေါ်ဝေါ်သတ်မှတ်ပါသလဲ။
အာဇာနည်ဆိုတာတော့ အများကြီးရှိတာပေါ့။ အများအတွက် စွန့်လွှတ်စွန့်စားတဲ့သူတွေကို ခေါ်ပါတယ်။ အဲ့တော့ အများအတွက် ကိုယ် ကျိုးကို စွန့်လွှတ်ပြီးတော့မှ လုပ်တဲ့လူမှန်သမျှက ဒါ အာဇာနည်ပဲ။ တချို့က တကယ့်ကို သူ့ဘဝ တစ်သက်တာလုံး ကိုယ်ကျိုးစွန့်ပြီးမှ အနစ်နာခံပြီးတော့မှ ခြေပစ်လက်ပစ်တဲ့အထိ လုပ်သွားတာ ရှိတယ်။ အဲ့လိုပဲ ရန်သူနဲ့ရင်ဆိုင်ရင်း ကိုယ့်အမျိုးသားအတွက် ဒူးထောက် အညံ့ခံခြင်း မပြုဘဲနဲ့ ဆုံးခန်းတိုင်ခြင်း ပြုသွားတာက ဒါ အာဇာနည်တွေပဲ။ ပြောရမယ်ဆိုရင်တော့ တို့ကရင်ခေါင်းဆောင်တွေထဲမှာ စော ဟန်သာမွေးတို့၊ စံဖိုးသင်တို့ကို အာဇာနည်လို့ ခေါ်လို့မရဘူး။ ဥက္ကဌ မန်းဘဇန်တို့၊ ပဒိုမန်းရှာတို့၊ ဗိုလ်ချုပ်မြမောင်နဲ့ ကျန်တဲ့ရဲဘော်တွေ က သူတို့တစ်သက်တာမှာ ဘဝတစ်ခုလုံးကို စွန့်လွှတ်ပြီး ကိုယ့်အမျိုးသားအတွက်၊ ပြည်သူလူထုအတွက် ဆောင်ရွက်ခဲ့တဲ့လူ ဒါတွေကို အာဇာနည်လို့ အသိအမှတ်ပြုလို့ရတယ်။ အများအကျိုးအတွက် အသက်မပေးလည်း ဘဝကို ပေးသွားတဲ့သူတွေကို အာဇာနည်လို့ အသိ အမှတ်ပြုတယ်။
KIC – အာဇာနည်နေ့ကို ဘယ်လိုနယ်မြေတွေမှာ ကျင်းပလေ့ရှိပြီး ဒါကို အရင်ကကော အခုအချိန်ထိ မြန်မာပြည်ထဲမှာ တရားဝင် အထိမ်းအ မှတ်နေ့အဖြစ်နဲ့ ကျင်းပပြုလုပ်ခွင့် တစ်ခါမှ မရခဲ့တာ ဘာကြောင့်ပါလဲ။
လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာတဲ့အခါကျတော့ သူတို့က ပြည်တွင်းမှာလုပ်ဖို့က အစိုးရက ပြည်တွင်းမှာ အုပ်ချုပ်ထားတာ ကိုး။ သူတို့နယ်မြေမှာ သူတို့ရဲ့ ရန်ဘက်လူရဲ့ အာဇာနည်နေ့ကိုလည်း ကျင်းပခွင့်မပြုဘူး။ အဲ့တော့ တော်လှန်ရေးနယ်မြေနဲ့ အစိုးရထိန်း ချုပ်မှုဝေးတဲ့ ဒေသတွေ၊ နေရာတွေမှာ အာဇာနည်နေ့ ကျင်းပကြတယ်။ တို့တွေကိုယ်၌ကလည်း ရန်ကုန်မှာနေတုန်းက အခန်းလေး၊ တိုက်ခန်းလေးတစ်ခုမှာ ကရင်အာဇာနည်နေ့ ကျင်းပတယ်။ ကရင်အလံတော်လေးကိုထောင်၊ စောဘဦးကြီးဓါတ်ပုံနဲ့ ကရင်အာဇာနည်နေ့ ကို အလေးပြု၊ အသိအမှတ်ပြုခဲ့ကြတာပါပဲ။ ဒါမျိုးလေးတွေ တို့လုပ်ခဲ့တာပဲ။ တရားဝင်ကြီးတော့ မရခဲ့ဘူး။ တော်လှန်ရေးနယ်မြေနဲ့ အစိုးရ ထိန်းချုပ်မှုဝေးတဲ့ အရပ်ဒေသတွေမှာဆိုရင်တော့ မြစ်ဝကျွန်းပေါ်မှာလည်း လုပ်တယ်။ ရန်ကုန်မြို့ထဲမှာလည်း လုပ်ကြတယ်။ ဒီမှာက တော်လှန်ရေးဧရိယာဆိုတော့ ထင်ထင်ရှားရှား၊ အထိမ်းအမှတ်ပြု ကျင်းပကြတယ်။ ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေကလည်း သူတို့ ကျောင်းမှာ ဒီနေ့ကို ကျင်းပကြတယ်။ ရဲရဲတင်းတင်း လုပ်ရဲတဲ့ ဘုန်းတော်ကြီးတွေ ရှိတယ်။ ဘယ်သူမှ လုပ်ပါလို့လည်း မပြောဘူး။ ဘာမှ လည်း တိုက်တွန်းတာ မရှိဘူး။ သူ့ဆန္ဒနဲ့သူ လုပ်တာဖြစ်တယ်။ ဒါမျိုးဘုန်းကြီးတွေကိုတော့ တို့တွေက တကယ့်မျိုးချစ်ဘုန်းကြီးတွေအဖြစ် အသိအမှတ်ပြုရမယ်။
KIC – ကရင့်အာဇာနည် စောဘဦးကြီးတို့ ကျဆုံးရတာဟာ ကရင်ရွာသားတစ်ဦးရဲ့ အစိုးရတပ်ထံ သတင်းပေးမှုကြောင့်မို့ ဒါဟာ ခေါင်း ဆောင်ကို သွယ်ဝိုက်လုပ်ကြံမှုလို့ သတ်မှတ်လို့ ရနိုင်တယ်လေ။ ဒီတော့ ဒီလို အဖြစ်အပျက်မျိုးဟာ လူထုတစ်ရပ်လုံးအတွက် ကောင်း ကျိုး၊ ဆိုးကျိုး ဘယ်ဟာက ပိုများသလဲဆိုတာ နှိုင်းယှဉ်ပြောပြပေးပါလား။
စောဘဦးကြီးကို ဒီလိုတဖက်လှည့်နဲ့ လုပ်ခိုင်းတာမျိုးကတော့ ဒါဟာ သမိုင်းမှာတော့ ဒီဆွေမျိုးကတော့ အမည်းကွက်ပဲ။ ဒါက သူ့သမိုင်း သူရေးတာပဲ။ တဖက်ကလည်း ကရင့်တော်လှန်ရေးမှာ စောဘဦးကြီး မရှိတဲ့နောက်ပိုင်းမှာလည်း လက်နက်ကိုင် တော်လှန်ရေးကြီးက ဆက်လက်ပြီးတော့မှ ယနေ့အထိ တည်ရှိလာတာပါပဲ။ ဒါပေမယ့် စောဘဦးကြီးသာ ရှိခဲ့မယ်ဆိုရင်တော့ တော်လှန်ရေးကြီးက ဒီလိုသက် ဆိုးရှည်မယ်လို့ မထင်ဘူး။ သူ စီစဉ်တတ်တယ်။ လုပ်တတ်တယ်။ သူ မရှိတဲ့နောက်ပိုင်းကျတော့ ဒါတွေက ဒီကနေ့အထိ ဆက်လက် ဆောင်ရွက်နေတာပါပဲ။ စောဘဦးကြီးပြောသလိုပဲလေ။ ကရင့်သမိုင်းမှာ ဒါပထမဦးဆုံး တော်လှန်ရေးဖြစ်ပြီး နောက်ဆုံးတော်လှန်ရေး လည်းဖြစ်ဖို့ ဒီလောက် နှစ်ပေါင်း ၆၀ကျော်လောက်တော့ ကြာရမှာပေါ့။ တော်လှန်ရေးကို ဆယ့်လေးငါးခါလုပ်ချင်ရင်တော့ သုံးလေးနှစ် လုပ်လိုက်၊ ပျောက်လိုက်။ ကလေးကစားသလို အဓိပ္ပါယ်မရှိဘူး။ ဒါ ကရင်တမျိုးသားလုံးရဲ့ သမိုင်းနဲ့ဘဝနဲ့ရင်းပြီးမှ ဒီဟာကို လှလှပပ ကရင့်တော်လှန်ရေးကို နိဂုံးချုပ်ချင်တယ်။ မလှမပနဲ့ ကရင့်တော်လှန်ရေးကိုတော့ နိဂုံးမချုပ်နိုင်ဘူး။ ဒါ အမျိုးသား ဂုဏ်သိက္ခာပဲ။
KIC – စောစောတုန်းက ပြောသွားတဲ့စောဘဦးကြီးက မူလေးချက်ကို ချမှတ်သွားတယ် ဆိုတာကိုလည်း ပြောသွားခဲ့တယ်။ အဲဒါနဲ့ ပတ်သက် လို့ပေါ့နော်။ ဒီမူလေးချက်ဟာ မျက်မှောက်ကာလအထိ ခေတ်ရေစီးကြောင်းအပေါ်မှာ အရေးပါမှု ရှိနေသေးသလား။ မရှိတော့ဘူးလားဆို တာကိုလည်း လက်ရှိမြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေနဲ့ နှိုင်းယှဉ်ပြီး ပြောပြပေးပါလား။
တချို့က နိုင်ငံခြားမှာ တက္ကသိုလ်ကြီးတွေက ဘွဲ့ကြီးတွေရပြီးတော့ ဒီမူဟာ ခေတ်ကုန်ပြီ။ ခေတ်ဘယ်တော့မှ မကုန်ဘူး။ ဘာလို့လည်း ဆိုတော့ အညံ့ခံအရှုံးပေးတာကို အလျဉ်းမလုပ်ရဘူး ဆိုတဲ့စကားဟာ ခေတ်ကုန်သလားဆိုတာ ကိုယ့်ဦးဏှောက်နဲ့ ကိုယ်စဉ်းစားပါ။ မိမိ လက်နက် မိမိလက်ထဲမှာရှိရမယ် ဆိုတာကကော အဓိပ္ပါယ်က ကိုယ့်ကိုယ်ကိုယ် ခုခံနိုင်ဖို့အတွက် လက်နက်ကိုယ့်မှာ ရှိရမယ်။ ကရင် ပြည် ပြီးပြည့်စုံစေရမယ်။ ဒီတစ်ခုက စောဘဦးကြီးက လွန်ခဲ့တဲ့အနှစ် ၆၀ကျော်လောက်က ပြောခဲ့တဲ့စကားတွေပဲ။ အဲ့ဒီခေတ် အဲ့ဒီကမ္ဘာ့ သမိုင်းနဲ့ ကိုက်ညီတယ်။ ဒါပေမယ့် ဒီနေ့ခေတ် ကမ္ဘာ့သမိုင်းပြောင်းလဲတဲ့အပေါ်မှာ တို့တတွေက တကယ့်တန်းတူမှုရှိတဲ့ ကိုယ်ပိုင်ပြဌာန်း ခွင့် ရှိတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် ဒီမူကို ခေတ်နောက်ကျတယ်လို့ ပြောလို့မရဘူး။ နောက်ပြီးမှ မိမိရဲ့ နိုင်ငံရေး ကံကြမ္မာ မိမိသာလျှင် ဖန်းတီးရမယ်ဆိုတဲ့ဟာက ဒါ အမျိုးသားဂုဏ်သိက္ခာပဲ။ ဒီကနေ့ တရုတ်က တရုတ်အမျိုးသားတွေရဲ့ ကံကြမ္မာကို တရုတ်ကပဲ ဖန်တီးနေတာပဲ။ အမေရိကန်လည်း ဒီအတိုင်းပဲ။ အမေရိကန်က နိုင်ငံရေးပြဿနာက အမေရိကန်ပြည်သူတွေ ဖန်တီးနေတာပဲ။ အဂင်္လိပ်ကလည်း ဒီအတိုင်းပဲ။ အခုတက်နေတဲ့ ဗမာအစိုးရကိုပဲကြည့်ပါ။ နိုင်ငံခြားက ဘယ်လောက်တွန်းအားပေးပေး သူ့မူနဲ့သူသွားတာ။ ဒါကြောင့်မို့ ကျနော်တို့ကလည်း မိမိရဲ့ကံကြမ္မာကို မိမိသာဖန်တီးရမယ်ဆိုတာဟာ ဘယ်သူ့တွန်းအားမှမပါပဲနဲ့ ကိုယ့် ဖာသာဖန်တီးနိုင်ရမယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုအပေါ်မှာလည်း ကိုယ်က စီရင်သုံးသပ်တတ်ဖို့ လိုတယ်။
KIC – အခုလက်ရှိ ကရင်လူရွယ်တွေနဲ့ နောင်လာမယ့်မျိုးဆက်သစ် လူငယ်တွေကို အာဇာနည်စိတ်ဓါတ်နဲ့ ပတ်သက်လို့ပဲဖြစ်စေ သမိုင်းနဲ့ ပတ်သက်လို့ပဲဖြစ်စေ မှတ်သားစရာအဖြစ် ကေအိုင်စီကနေ တခုခုလောက် မှာကြားပြောဆိုပေးပါလား။
ဘာပညာရပ်ကိုသင်သင် ဥပမာ သိပ္ပံဘာသာရပ်ကိုသင်တယ်ဆိုလည်း သိပ္ပံပညာရပ်က ဘယ်ကစလာတယ် ဆိုတာလိုတယ်။ အခု ဂြိုလ် တုတွေ ဒုံးပျံကြီးတွေဖြစ်လာတာ လူတွေရဲ့ တွေးခေါ်မှုက ငှက်တွေကို ကြည့်ပြီးတော့မှ အစကတည်းက ဒါတွေကို စဉ်းစားလာကြတာ ကိုး။ အဲ့ဒါတွေက သမိုင်းပဲလေ။ ဆေးပညာဆိုလည်း ဆေးသမိုင်းကြည့်ရမယ်။ ဆေးဆရာဝန်တစ်ယောက်က လူနာကို ပျောက်အောင်ကု ချင်ရင် ရောဂါ ဘယ်ကစဖြစ်လာတယ်ဆိုတာ သူ့သမိုင်းသိမှ ပျောက်အောင်ကုလို့ရမယ်။ ဒါကြောင့်မို့ လူမျိုးတစ်မျိုးဟာလည်း သူ့သမိုင်း သူသိဖို့ လိုတယ်။ သူ့သမိုင်းကိုမသိရင် ဒီကနေ့ဖြစ်ရှိနေတဲ့ ကရင့်ဘဝ ပြဿနာကို ဖြေရှင်းလို့မရဘူး။ ဒါကြောင့်မို့ သမိုင်းကိုသိပြီးရင် ရှေ့ဆက် ဘယ်လိုလျှောက်ရမယ်ဆိုတာကို ကျနော်တို့က စဉ်းစားလို့ရလာမယ်။ ဥပမာ ကျနော်တို့ သေနတ်ပစ်သလိုပေါ့။ နောက် ချိန် ခွက်နဲ့ ရှေ့ချိန်သီးနဲ့ ပစ်မှတ်သားကောင် ဒီသုံးခုတည့်နေမှ ဒီသားကောင်ကိုထိတာ။ အဲ့တော့ ရှေ့ချိန်သီးလေးတစ်ခုထဲနဲ့ သားကောင်ကို ချိန်ပြီးပစ်ရင် လွဲတာပဲ။ ဒါကြောင့်မို့ သမိုင်းနောက်ခံကို အမြဲလေ့လာရမယ်။ သမိုင်းက ဒီကနေ့ မျက်မှောက်ခေတ်ကိုဖြစ်လာမယ်။ မျက် မှောက်ခေတ်ကနေ ရှေ့ဆက်လျှောက်လှမ်းဖို့ဆိုတာ မိမိကံကြမ္မာကို မိမိဖန်တီးချင်ရင် နောက်သမိုင်းကိုအခြေခံပြီးမှ ကိုယ်ဖြစ်ချင်တဲ့ ပန်း တိုင်ကိုသွားဖို့ဆိုတာ အဆင်ပြေမှာ။ အဲဒါမဟုတ်ဘူးဆိုရင် ဒီလူမျိုးတစ်မျိုးဟာ ဝဲဂယက်ထဲမှာ ပျောက်သွားမှာပဲ။ သမိုင်းက ဝဲဂယက်ထဲ မှာပျောက်သွားရင် လူမျိုးကလည်း ပျောက်သွားမှာပါပဲ။
KIC – အခု ဦးသိန်းစိန်အစိုးရအဖွဲ့ကို သမိုင်းနဲ့ပတ်သက်ပြီး ဆက်လက်ထိန်းသိမ်းဖို့ဖြစ်စေ၊ ပြည်သူလူထုအားလုံးသိအောင် လုပ်ဆောင်ဖို့ဖြစ် စေ၊ ဘာတွေများ တိုက်တွန်းချင်တာရှိပါသလဲ။
ဒီကနေ့ ကျနော်တို့က ပြည်သူထဲမှာ များများဆင်းရမယ်။ နောက်ပြီးမှ အခုတို့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆွေးနွေးပွဲ လုပ်နေတာကို အခွင့် အရေးယူပြီးမှ သူတို့နဲ့လည်း သွားညှိနှိုင်းရမယ်။ တို့ဖြစ်ချင်တာကိုလည်း ပြောရမယ်။ သူတို့ဖြစ်ချင်တာကိုလည်း တို့က လေ့လာရမယ်။ တို့ ဖြစ်ချင်တာကိုလည်း ပြောရဲရမယ်။ သူတို့ဖြစ်ချင်တာကို လိုက်လျောရင် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးတာမဟုတ်ဘူး။ အဲ့တော့ ကိုယ် ဖြစ်ချင်တာကိုလည်း စည်းရုံးပြောဆိုနိုင်ရမယ်။ ပြည်သူလူထုကိုလည်း ဒါ ရှင်းပြနိုင်ရမယ်။ အဲဒါဆိုရင် တို့အတွက်က အကျိုးရှိတယ်။ ဒါပေမယ့် အရင်တုန်းက တို့ငြိမ်းချမ်းရေးတွေ လုပ်လာတာ တစ်ခုမှ တို့အတွက် အခွင့်ကောင်းမရဘူး။ ချည်ပြီး တုတ်ပြီး လက်နက်ချခိုင်း ပြီးမှ တို့ကို ငြိမ်းချမ်းရေးလုပ်တဲ့သဘောတွေ လုပ်လာတယ်။ ဒါပေမယ့် ဦးသိန်းစိန် သမ္မတ လက်ထက်မှာကျတော့ ဒါမျိုးမဟုတ်ဘူး။ လွတ်လွတ်လပ်လပ် ဖွင့်ပေးပြီးမှ အပြန်အလှန် ညှိနှိုင်းတိုင်ပင်ပြီးမှ တဆင့်တဆင့်သွားတယ်။ ဒါမျိုးကျတော့ ကျနော်တို့ရဲ့ မိမိကံကြမ္မာကို မိမိဖန်တီးလို့ ရတယ်။ အရင်တုန်းက ငြိမ်းချမ်းရေးတို့၊ အပစ်အခတ်ရပ်စဲရေးတို့ လုပ်တာက မိမိကံကြမ္မာကို မိမိဖန်တီးလို့မရဘူး။ အဲဒီမှာ ကွာတယ်။ ဒါကြောင့်မို့ ကျနော်တို့က ဆက်ပြီးတော့ လုပ်ရမယ်။ တွေ့ရင်တွေ့သလို ဆွေးနွေးရမှာပဲ။ ပြည်သူလူထုအတွင်းမှာလည်း တို့ရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်နဲ့ အခြေအနေတွေကို ရှင်းပြရမယ်။ များများလုပ်နိုင်ရင် မြန်မြန်ပြီးတာပေါ့။ များများမလုပ်ရင်တော့ မြန်မြန် မပြီးဘူး။
KIC – ကရင်အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောကြားချင်ပါသလဲ။
ပြောချင်တာက အာဇာနည်ကို နမူနာယူရမှာပေါ့။ စောဘဦးကြီးတစ်ယောက်ထဲမှ မဟုတ်ဘူး။ လတ်တလောလေးပဲ အသက်ပေးသွားရ တဲ့ မန်းရှာတို့ကအစ အာဇာနည်တွေပဲ။ သူတို့ရဲ့လျှောက်လှမ်းတဲ့လမ်းနဲ့ သူတို့ဆုပ်ကိုင်တဲ့ ပေါ်လစီတွေကို တို့တွေက လေ့လာရမယ်။ သူတို့လိုပဲ လျှောက်လှမ်းနိုင်မှသာလျှင် တို့အမျိုးသားတွေရဲ့ဘဝကို လွတ်မြောက်အောင် လုပ်နိုင်မှာ။ တိုင်းပြည်တစ်ခုလုံးရဲ့ ကံကြမ္မာကို လွတ်မြောက်အောင် လုပ်နိုင်မယ်။ အဲ့တော့ အာဇာနည်တွေရဲ့ လျှောက်တဲ့လမ်းအတိုင်း ကိုယ်ကျိုးကိုစွန့်၊ အများအကျိုးကို ရည်ရွယ်၊ နောက် အများပြည်သူကို အကျိုးပြုနိုင်အောင် ကိုယ့်မှာလည်း နည်းပညာ၊ အတတ်ပညာတွေကို လေ့လာဆည်းပူးရင် ပိုမိုကြီးမားတဲ့ စွမ်း ဆောင်အားကောင်းတဲ့ အာဇာနည်ကြီးတွေ ဖြစ်သွားမှာပဲလို့ ပြောချင်တယ်။