Home သတင်း တတိယနိုင်ငံထွက်နိုင်ရန် မယ်လဒုက္ခသည်အချို့ကို UNHCR စတင်လုပ်‌ဆောင်‌ပေး

တတိယနိုင်ငံထွက်နိုင်ရန် မယ်လဒုက္ခသည်အချို့ကို UNHCR စတင်လုပ်‌ဆောင်‌ပေး

2333
ဩဂုတ်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါ‌လေး (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထမ်း‌ဆောင်ယန်းမြို့နယ် အ‌ခြေစိုက် မယ်လဒုက္ခသည်စခန်းမှ တတိယနိုင်ငံ ‌ရောက်နှင့်ပြီးဖြစ်‌သော ဒုက္ခ သည်များအတွက် စခန်းတွင် ကျန်ရစ်‌နေ‌သော မိသားစုများကို ပြန်‌ခေါ်နိုင်ရန် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR မှ ယမန်‌နေ့ က စတင် လုပ်‌ဆောင်‌ပေး‌နေပြီ ဖြစ်သည်။

တတိယနိုင်ငံရှိ ဒုက္ခသည်များသည် စခန်းတွင် ကျန်ရှိ‌သော သားသမီးနှင့် ဇနီးခင်ပွန်းတို့၏ နာမည်စာရင်းများအား UNHCR ကိုယ်စား လှယ်အချို့မှ လာ‌ရောက်စစ်‌ဆေး‌ပေး‌နေပြီဖြစ်‌ကြောင်းကို မယ်လစခန်း ‌ကော်မတီဝင်တစ်ဦးဖြစ်သူ ‌နော်‌တေး‌တေးက ‌ကေအိုင်စီသို့ ‌ပြော သည်။

‌နော်‌တေး‌တေးက “တတိယနိုင်ငံမှာ ‌ရောက်‌နေတဲ့ မိဘ‌တွေက စခန်းမှာ ကျန်ရှိ‌နေတဲ့ သူတို့ရဲ့ သားသမီး‌တွေကို ပြန်‌ခေါ်နိုင်‌အောင် ဆိုပြီး ‌တော့ လာလုပ်‌ပေးတာပါ။ ဒုတိယအဆင့်မှာကျ‌တော့ လင်မယား‌တွေအတွက် ဆက်လက်လုပ်‌ဆောင်‌ပေးမယ်”ဟု ‌ပြောဆိုသည်။

ယခု လုပ်‌ဆောင်မှုတွင် UNCHR မှ တရားဝင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရ‌သေးသည့် PAB လက်မှတ်ကိုင်‌ဆောင်ထားသူများနှင့် စားနပ်ရိက္ခာ လက်မှတ်အဆင့်သာ ရှိ‌သေးသူများကိုပါ လုပ်‌ဆောင် စစ်‌ဆေး‌ပေး‌နေခြင်းဖြစ်သည်ဟု သူမက ဆက်‌ပြောသည်။

သို့‌သော် တတိယနိုင်ငံတွင် မိသားစု မရှိသူများနှင့် စခန်း၌ အသစ်‌ရောက်ရှိလာ‌သော လူသစ်များအတွက် UNHCR မှတ်ပုံတင်ကဒ် ရိုက် ‌ပေးမည်၊ မရိုက်‌ပေးမည်ကို မသိရှိရ‌သေး‌ကြောင်းနှင့် ယင်းကဲ့သို့ လုပ်‌ပေးရန် လက်ရှိတွင် အစီအစဉ် မရှိ‌သေး‌ကြောင်း မယ်လစခန်းတာ ဝန်ရှိသူများက ‌ပြောသည်။

မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည်များမှာ ၂၀၀၆ခုနှစ်မှစ၍ ယခုအချိန်ထိ တတိယနိုင်ငံသို့ သွား‌ရောက်အ‌ခြေချခဲ့ပြီး အ‌မေရိကန်၊ ဩစ ‌တြေးလျား၊ က‌နေဒါ၊ အဂင်္လန်၊ ‌နော်‌ဝေ၊ ဆွီဒင်၊ နယ်သာလန်၊ ဖင်လန်၊ နယူးဇီလန်၊ ဘယ်လ်ဂျီယံနှင့် ဂျပန်နိုင်ငံတို့၌‌ရောက်ရှိ‌နေကြသည်။

ထိုင်း-မြန်မာနယ်စပ်တ‌လျှောက် ကရင်ဒုက္ခသည်စခန်း ၇ခုရှိသည့်အနက် ၁၉၈၄ခုနှစ်တွင် စတင် တည်‌ထောင်ခဲ့သည့် မယ်လစခန်းသည် အကြီးဆုံးဖြစ်ပြီး လက်ရှိ လူဦး‌ရေ ၅၂,၀၀၀(ငါး‌သောင်း နှစ်‌ထောင်)‌ကျော် ရှိသည်ဟု ကရင်ဒုက္ခသည်များ‌ကော်မတီ-KRC ၏ ၂၀၁၂ခုနှစ်၊ ဇူလိုင်လထုတ် လူဦး‌ရေမှတ်တမ်းအရ သိရသည်။