Home သတင်း မြစ်ကြီးနား၌ စစ်‌ပြေးဒုက္ခသည် ၂၀၀ဝ ဆန္ဒပြ

မြစ်ကြီးနား၌ စစ်‌ပြေးဒုက္ခသည် ၂၀၀ဝ ဆန္ဒပြ

1787
ဇူလိုင်လ ၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဂျာမိုင်‌ကောင်းစစ်‌ပြေးဒုက္ခသည်စခန်းမှ ဖမ်းဆီးခံထားရသူ ဦးလ‌ထော်ဘရန်‌ရှောင်အား လွှတ်‌ပေးရန် ယ‌နေ့နံနက်ပိုင်းတွင် စစ်‌ပြေးဒုက္ခသည်ဦး‌ရေ ၂,၀၀၀ဝန်းကျင် ဆန္ဒပြ ‌တောင်းဆိုခဲ့သည်။

ဦးလ‌ထော်ဘရန်‌ရှောင်သည် ဂျာမိုင်‌ကောင်းခရစ်ယာန်အသင်း‌တော် စစ်‌ပြေးဒုက္ခသည်စခန်းရှိ ဒုက္ခသည်တဦးဖြစ်ပြီး ၎င်းအား ဗုံး‌ဖေါက်ခွဲ မှု စွဲချက်ဖြင့် ဇွန်လ ၁၇ရက်‌နေ့တွင် မြန်မာအစိုးရအာဏာပိုင်တို့က ဖမ်းဆီး‌ခေါ်‌ဆောင်သွားခြင်းဖြစ်သည်။

ယခုလို ဆန္ဒပြရာတွင် ယင်းဂျာမိုင်‌ကောင်းစစ်စခန်းရှိ ဒုက္ခသည်များအပြင် ခရစ်ယာန်သင်းအုပ်ဆရာ‌တော်များနှင့် ‌ဒေသခံများလည်း ပါဝင်‌ကြောင်း ဆန္ဒပြမှုကို ကိုယ်တိုင်မြင်‌တွေ့ရသူ မြစ်ကြီးနားမြို့ခံတဦးက ယခုလို ‌ပြောသည်။

သူက “ဒီမနက် ၆နာရီ‌လောက်က စပြီး‌တော့ လူ‌တွေစုကြတယ်။ ပြီး‌တော့ ချီတက် ဆန္ဒပြကြတယ်။ လူ‌တွေ နှစ်‌ထောင်ဝန်းကျင်‌လောက် ရှိမယ်။ သူတို့ အဓိက ‌တောင်းဆိုတာက‌တော့ ဖမ်းထားတဲ့ ဒုက္ခသည် ဦးဘရန်‌ရှောင်ကို လွှတ်‌ပေးဖို့ပါ”ဟု ‌ပြောသည်။

၎င်းအပြင် စစ်‌ပြေးဒုက္ခသည်စခန်းအတွင်းသို့ အဓမ္မဝင်‌ရောက်စစ်‌ဆေးခြင်း၊ ဖမ်းဆီးခြင်းများ မပြုလုပ်ရန်နှင့် စစ်‌ပြေးဒုက္ခသည်တို့၏ လုံခြုံ‌ရေးနှင့် ဘဝရှင်သန်‌ရေးတို့အတွက် ထိ‌ရောက်သည့်အကူအညီ‌ပေးရန် စသည့်အချက်များကိုလည်း ဆန္ဒပြသူများက ‌တောင်းဆိုခဲ့ သည်။

“ဦးဘရန်‌ရှောင်ကို စဖမ်းတုန်းက‌တော့ ‌ဖေါက်ခွဲမှုနဲ့လို့‌ပြောတာပဲ။ ဒါ‌ပေမယ့် အခုက မတရားအသင်း၊ ‌ပြောရရင် KIO နဲ့ ဆယ်သွယ်တယ် ဆိုပြီး‌တော့ ဖမ်းထားတယ်”ဟု ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT) တာဝန်ခံ မွန်း‌နေလီက ‌ပြောသည်။

ထို့အပြင် Ethnic Voice of Burma (EVB) ‌ဖေ့ဘွတ်စာမျက်နှာ၌ ဦးလ‌ထော်ဘရန်‌ရှောင်ကို ဗုံး‌ဖောက်ခွဲမှုဖြင့် စတင်ဖမ်းဆီးခဲ့‌သော်လည်း ယခုတွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ (၁၇/၁) ဖြင့် စစ်‌ဆေး‌နေသည်ဟု သတင်း‌ဖော်ပြထားသည်။