Home သတင်း ကရင်လူထုအတွင်းမှမှတ်ပုံတင်ကိစ္စ အဆင့်အတန်းခွဲခြားမှုရှိ‌နေဟု KNU ‌ပြော

ကရင်လူထုအတွင်းမှမှတ်ပုံတင်ကိစ္စ အဆင့်အတန်းခွဲခြားမှုရှိ‌နေဟု KNU ‌ပြော

3124
ဇူလိုင်လ ၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

မြန်မာအစိုးရအ‌နေဖြင့် ကရင်ပြည်သူလူထုအ‌ပေါ် မှတ်ပုံတင် ပြုလုပ်‌ပေးရာတွင် ကွဲပြားမှုများ ရှိ‌နေ‌သေးသကဲ့သို့ တရားဝင်ဥပ‌ဒေများဖြင့် ထုတ်‌ပေးခြင်းမျိုး မရှိ‌သော‌ကြောင့် အဆင့်အတန်း ခွဲခြားမှုများရှိ‌နေသည်ဟု ကရင်အမျိုးသား အစည်းအရုံး-KNU က ‌ပြောသည်။

နိုင်ငံသားဆိုင်ရာ အသိအမှတ်ပြုမှုတွင် ဥပ‌ဒေအရ အဆိုပါ မှတ်ပုံတင်ကဒ်ပြားသည် တမျိုးတစားတည်းသာဖြစ်ပြီး ကဒ်အ‌ရောင် ကွဲပြားမှု မှာ ယာယီအဆင့်သာရှိ‌နေ‌ကြောင်း KNU က တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အ‌ရောင်ကွာ ဘာကွာ အ‌ရေး‌ပေါ်လုပ်မယ်ဆိုရင် သူ့နိုင်ငံဥပ‌ဒေနဲ့ပြဌာန်းပြီး‌တော့ ဒီလိုအ‌ရောင်ကွဲတာ‌တွေကလည်း နိုင်ငံသားမှတ်ပုံတင် ထုတ်‌ပေးတာနဲ့ တစ်တန်းတည်းပါဆိုတဲ့ တရားဝင်ဥပ‌ဒေ ထုတ်‌ပေးရင်‌တော့ ‌ကောင်းတယ်။ အဲ့ဒါမျိုးမဟုတ်ရင်‌တော့ ဒုတိယနိုင်ငံသား ဖြစ်‌နေမှာ‌ပေါ့။ ယာယီဆို‌တော့ အဆင့်အတန်းခွဲခြား ခံရတာပဲ‌လေ။”ဟု ‌ပြောသည်။

‌ကျောက်ကြီးမြို့နယ်ရှိ ကရင်လူမျိုးများအား မှတ်ပုံတင်ကဒ်ပြား‌ပေါ်တွင် တခြားမှတ်ပုံတင်များကဲ့သို့ ပန်း‌ရောင်မဟုတ်ဘဲ အစိမ်း၊ အဝါများ ဖြစ်‌နေသလို ‌ရေးသားထား‌သောစာမှာလည်း (ယာယီ) နိုင်ငံသားစစ်‌ဆေး‌ရေးကဒ်ပြားဟုသာ ‌ရေးသားထား‌ကြောင်း သိရသည်။

ယင်းကွဲပြားမှုများနှင့် ပတ်သက်၍ အစိုးရထံ‌မေးမြန်းခဲ့ရာ မှတ်ပုံတင်သည် အခြားမှတ်ပုံတင်များနည်းတူ အဆင့်အတန်းမျိုးရှိ‌ကြောင်း၊ အစိုးရဝန်ကြီးများထဲတွင် အလားတူ ကိုင်‌ဆောင်ထားသူများသည် ပြည်တွင်းပြည်ပ ခရီးသွားနိုင်‌ကြောင်း မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်‌ရေး ဝန်ကြီး ဦးခင်ရီက ‌ပြောသည်ဟု KNU က ဆိုသည်။

မြန်မာအစိုးရသည် ပြီးခဲ့သည့် ‌မေလဆန်းမှစတင်ပြီး ကရင်ပြည်နယ်အတွင်း ဘုရားသုံးဆူမြို့နယ်ခွဲနှင့် မြဝတီမြို့နယ်၊ ‌ရွှေကုက္ကို‌ကျေးရွာ များတွင် မှတ်ပုံတင်ကဒ်ပြားများကို ပြုလုပ်‌ပေးခဲ့သလို ‌မေလ ၂၈ရက်‌နေ့တွင် ‌ကေအဲန်ယူဌာနချုပ်‌အောက်ရှိ တပ်မဟာ(၃)ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့နယ်ရှိ အိုးအိမ်မဲ့‌နေသူ ကရင်လူမျိုး ၃၆ဦးကိုလည်း ပြုလုပ်‌ပေးခဲ့သည်။

‌ရွှေကုက္ကို‌ကျေးရွာ၌ မှတ်ပုံတင်ပြုလုပ်ရာတွင် ‌ငွေအကုန်ကျခံစရာမလိုပဲ အစိုးရက လုပ်‌ဆောင်‌ပေး‌နေ‌ကြောင်း နယ်စပ်ရှိကရင်လူမျိုးများ မှတ်ပုံတင်ပြုလုပ်ရာတွင် လိုက်လံကူညီ‌ပေး‌နေသူ မန်းဗလရှင်က ‌ပြောသည်။

သို့‌သော် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်တွင် မှတ်ပုံတင်ပြုလုပ်သူတစ်ဦးလျှင် ထိုင်းဘတ်‌ငွေ ၂၀ဝနှုန်း ‌ပေး‌ဆောင်ရပြီး အမြန်ရစနစ် ဖြင့် လုပ်‌ဆောင်‌ပေးခဲ့‌ကြောင်း မှတ်ပုံတင်ပြုလုပ်ပြီးစီးသွားသည့် ‌ဒေသခံတစ်ဦးက ‌ပြောသည်။

ယာယီနိုင်ငံသားစိစစ်‌ရေးကဒ်ပြားသည် အခြားနိုင်ငံသားစီစစ်‌ရေးကဒ်ပြားများကဲ့သို့ အဆင့်အတန်း၊ အခွင့်အလမ်းများရှိပြီး အချိန်မ‌ရွေး ဗီဇာ‌လျှောက်ထားနိုင်‌ကြောင်းနှင့် နိုင်ငံသားအစစ် သတ်မှတ်‌ကြောင်းကို ပြည်သူ့လွှတ်‌တော်ထဲတွင် တရားဝင်ဥပ‌ဒေထုတ်ပြီး လူဝင်မှုကြီး ကြပ်‌ရေးမှ ဦး‌ဆောင်ပြုလုပ်သွားခြင်းမျိုး ပြုလုပ်ရန် လိုအပ်‌ကြောင်း ဗိုလ်မှူး‌စောလှ‌ငွေက ‌ပြောသည်။

မြန်မာအစိုးရသည် ကရင်လူထုများအား မှတ်ပုံတင်ပြုလုပ်‌နေ‌သော်လည်း KNU အ‌ပေါ် တရားမဝင်အသင်းမှ ပယ်ဖျက်ထားခြင်း မရှိ‌သေး သကဲ့သို့ KNU အဖွဲ့ဝင်များအတွင်း မှတ်ပုံတင်ပြုလုပ်သူ မရှိ‌သေး‌ကြောင်း သိရသည်။