Home သတင်း KNU တပ်မဟာ-၇ တွင် အ‌ခြေခံ စစ်သင်တန်း စတင်ဖွင့်လှစ်

KNU တပ်မဟာ-၇ တွင် အ‌ခြေခံ စစ်သင်တန်း စတင်ဖွင့်လှစ်

2748
ဇူလိုင်လ ၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဖားအံခရိုင် တပ်မဟာ(၇)နယ်‌မြေတွင် စစ်သင်တန်း မတက်‌ရောက်ရ‌သေးသည့် တပ်သားများအား ရည်ရွယ်၍ ပြုလုပ်‌သော အ‌ခြေခံ စစ်သင်တန်းဖွင့်ပွဲကို အခမ်းအနားဖြင့် ယ‌နေ့ စတင် ဖွင့်လှစ်လိုက်သည်။

“စစ်သားဆိုတာ တိုက်ခိုက်ရတာတစ်ခုတည်း မဟုတ်ဘဲ သူတို့မှာရှိရမယ့် အရည်အချင်း‌တွေ၊ ‌နောက်ပြီး စစ်နဲ့ပတ်သက်တာ‌တွေကို ပိုပြီး ကျွမ်းကျင်လာ‌အောင်နဲ့ သူတို့ရဲ့တာဝန်‌တွေနဲ့ ပတ်သက်တာ‌တွေကို ဒီသင်တန်းကပဲ သင်‌ပေးမှာပါ”ဟု တပ်မဟာ(၇)မှ တွဲဖက်ရုံးထိုင်မှူး ဗိုလ်ကြီး‌စောမျိုးမင်းသူက ‌ကေအိုင်စီသို့ ‌ပြောသည်။

အချိန်ကာလ ၃လမှ ၄လအထိ ကြာမည့် ယင်းအ‌ခြေခံစစ်သင်တန်းတွင် သင်တန်းသား ၇ဝဦးရှိပြီး သင်တန်းပြီးဆုံးပါက ၎င်းတို့ကိုယ်စား ပြု တက်‌ရောက်လာသည့် တပ်ရင်းများသို့ ပြန်လည်အမှုထမ်းရမည်ဖြစ်‌ကြောင်း သိရသည်။

ထို့အပြင် တပ်မဟာ(၇)လက်‌အောက်ရှိ တပ်ရင်းများမှ စစ်သင်တန်းမတက်‌ရောက်ရ‌သေးသည့် စစ်သည်များသည် ယခု သင်တန်း‌ကြောင့် မူလထက်ပို၍ အရည်အချင်း ပြည့်ဝလာ‌စေရန် ‌မျှော်လင့်‌ကြောင်း ဗိုလ်ကြီး ‌စောမျိုးမင်းသူက ဆိုသည်။

စစ်သင်တန်းဖွင့်ပွဲကို ယ‌နေ့ နံနက် ၉နာရီမှ ၁၂နာရီအထိ ကျင်းပခဲ့ရာ တပ်မဟာ(၇)မှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းပို့ချ‌ပေး မည့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၊ စစ်သည်များနှင့် သင်တန်းသားများ တက်‌ရောက်ခဲ့ကြသည်။

KNU တပ်မဟာ(၇)၌ ယခုဖွင့်လှစ်သည့် အ‌ခြေခံစစ်သင်တန်းသည် ၂၀၁၂ခုနှစ်အတွင်း ပြုလုပ်သည့် ဒုတိယအကြိမ်‌မြောက် စစ်သင်တန်း ဖြစ်သည်ဟု သိရသည်။