Home ကဗျာ ဆက်ဆံ‌ရေးရုံး အလိုမရှိ

ဆက်ဆံ‌ရေးရုံး အလိုမရှိ

1966
(လကင်္ာဒီပ)

ခါချဉ်‌ကောင်လိုအံတင်း

မာန်သွင်း‌အော်‌နေခြင်းမဟုတ်

ပြင်းပြတဲ့‌မျှော်လင့်ခြင်းအလင်း‌ရောင်ဖြူ

‌ဒေါကလူကစခဲ့တဲ့ခရီး

မုန်းတီးဖွယ်လူမျိုး‌ရေးပဋိပက္ခအသွင်မ‌ဆောင်

‌နေ‌ရောင်လ‌ရောင်ထွန်းတဲ့ပြည်‌ထောင်

ညီ‌နောင်‌တွေလူတန်း‌စေ့ဖို့

ကိုယ့်မူကိုယ်ပြည်သူ

တူညီကိုယ်ပိုင်ပြဌာန်းခွင့်အ‌ရေး

စတင်‌မွေးဖွားပျိုး‌ထောင်လာခဲ့အမျိုးသား‌ရေး

နင်…‌လေး‌လေးနက်နက် သိထားသင့်ပါတယ် ပူစူးမ။

‌ချောက်တိုင်းလည်း မ‌ကြောက်တတ်တဲ့ ပူစူးမ

တဖက်အင်အားကြီးမား‌ကြောင်းပြယုံ

ဖြုံတတ် တုံတတ် မြုံတတ်‌နေပါပြီလား

“စားလည်းရူး ဆုတ်လည်းစူး”ဆိုပြီး

ငရဲမီးခ‌ယောင်း‌တောကြား

တမျိုးသားလုံးကိုတွန်းချဖို့

မနှစ်မြို့ဖွယ် ဆင်ကန်း‌တောတိုးမလုပ်လိုက်ပါနဲ့ဦး။

အရင်အမြစ် ရှင်းပစ်မယ့်အကြံ

သယံဇာတ ‌ရေ‌ကြော‌မြေ‌ကြော

‌ဖော‌ဖောသီသီ လိမ်ညာက‌လော်ထုတ်မယ့်

နားလှည့်ပါးရိုက် စစ်တရားခံ‌တွေများ

တို့ဘိုးဘွားအ‌မွေ လက်ကျန်‌လေးဘုံး

ဆက်ဆံ‌ရေးရုံး‌တွေလည်း ငါတို့အလိုမရှိဘူး။

ဘယ်‌လောက်ထိများ ယုံကြည့်လို့ရသလဲ

အလွဲလွဲအမှားမှား ‌ဖောက်ဖျက်မှု‌တွေများတဲ့

အကြိမ်ကြိမ်မူအားဖြင့် ယာယီသ‌ဘောတူညီချက်

လှည့်ကွက်‌ဟောင်း‌တွေ လိမ်ညာ‌ပြောင်းသုံး

ငပိုင်းလုံး‌တွေ စစ်ချီလာတဲ့ကဏ္ဍ

ပြည်ဖုံးကားချ ဖြိုချပစ်ဖို့ချိန်တန်ပြီ။

ပူစူးမ‌ရေ…

‌ရောင်းသူဝယ်သူ သဏ္ဍန်တူရမယ့် စံနနမူ

တူညီမှ ကြည်ဖြူစွာ‌ပေးနိုင်မယ်

ဘယ်အရာမှ အလကားမရှိ

အသိနဲ့သတိ မျက်ကွယ်ပြုရက်ပါ‌ပေ့

အ‌ကွေ့အ‌ကောက်‌လောကဓံကြမ်း

တို့ကို..စမ်းသပ်ခံဖို့ ဘယ်‌တော့မှ နင်မလုပ်လိုက်ပါနဲ့။

မာန‌တွေခဝါချ

ဝါဒ‌တွေစွန့်လွှတ်ခဲ့ပြီလား

တမျိုးသားလုံးအကျိုး

ဟင်း….တဂိုးပြီး တဂိုးအသွင်းခံရလည်း

နဲနဲမှအပြုံးမပျက်‌တော့တာ

မြန်မာ‌ဘောလုံးအသင်းလို ကျင့်‌တော့မယ့်

မူနဲ့လမ်းစဉ်အ‌ပေါ်မရပ်တည်သူ

ပူစူးမ‌ရေ…..သုဿန်တစပြင်တခို

တို့ကိုပို့‌ဆောင်‌တော့မယ့်အစီစဉ်

နင်…ရပ်တန်းကရပ်ဖို့လိုပြီ ပူစူးမ‌ရေ…….။

ဇွန်လ ၁၇၊ ၂၀၁၂