Home သတင်း မူးယစ်‌ဆေးဝါးပူး‌ပေါင်းတိုက်ဖျက်‌ရေး အတွက် ‌ဒေသခံများကို DKBA ‌ခေါ်‌ဆွေး‌နွေးမည်

မူးယစ်‌ဆေးဝါးပူး‌ပေါင်းတိုက်ဖျက်‌ရေး အတွက် ‌ဒေသခံများကို DKBA ‌ခေါ်‌ဆွေး‌နွေးမည်

2541
‌မေလ ၁၇ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်မှုနှင့် သုံးစွဲမှုများကို ပူး‌ပေါင်းတိုက်ဖျက်ရန် ရည်ရွယ်၍ ၎င်းတို့ ထိန်းချုပ်နယ်‌မြေ အတွင်းရှိ ရွာများမှ တာဝန်ရှိ ပုဂ္ဂိုလ် ရွာသူကြီးများနှင့် ‌ဒေသခံများကို ‌ခေါ်ယူ‌ဆွေး‌နွေးမည်ဟု တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA က ‌ပြော သည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း DKBA လှုပ်ရှားနယ်‌မြေများဖြစ်သည့် အထူးသဖြင့် ဆုံဆည်းမြိုင် အပါအဝင် ဖလူး၊ ‌ဝေါ်‌လေ၊ ‌သေ့‌ဘောဘိုး၊ ‌မေတ္တာလင်းမြိုင် ‌ဒေသတ‌လျှောက်ရှိ ‌နေထိုင်သူများကို ‌မေလ ၂ဝရက်‌နေ့တွင် ‌ခေါ်‌ဆွေး‌နွေးမည်ဟု DKBA လက်‌အောက်ခံ ကလို့ထူး‌ဘော ကရင်အစည်းအရုံး-KKO ၏ အတွင်း‌ရေးမှူး ‌စောဂုဏ်‌အောင်က ယခုလို ‌ပြောသည်။

“DKBA ထိန်းချုပ်နယ်‌မြေထဲမှာ မူးယစ်‌ဆေး သုံးစွဲသူဖြစ်ဖြစ်၊ ‌ရောင်းဝယ်တဲ့သူဖြစ်ဖြစ် ‌တွေ့ရှိရင် အ‌ကြောင်းကြားဖို့၊ ဖြစ်နိုင်ရင် ဖမ်းဆီး ‌ပေးဖို့အတွက် ကျ‌နော်တို့က ‌ဒေသခံ‌တွေနဲ့ ‌ဆွေး‌နွေးမှာ ဖြစ်ပါတယ်။ အဓိက‌တော့ မူးယစ်‌ဆေးတိုက်ဖျက်‌ရေးကိစ္စနဲ့ ပတ်သက်ပြီး ပူး‌ပေါင်းလုပ်‌ဆောင်ဖို့ပါ။”ဟု သူက ‌ကေအိုင်စီသို့ ‌ပြောသည်။

မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေး ‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ရန် ‌ဒေသခံရွာခံများကို အ‌ကြောင်းကြားထားပြီးဖြစ်‌ကြောင်းလည်း သူက ဆက် ‌ပြောသည်။

ဧပြီလ ၂ဝရက်‌နေ့၌ ထိုင်းအစိုးရ၏ မူးယစ်‌ဆေး ထိန်းချုပ်‌ရေးဘုတ်အဖွဲ့ရုံး-ONCB အဖွဲ့မှ DKBA ‌ခေါင်း‌ဆောင် ဗိုလ်ချုပ်‌စောလားပွယ် (ဗိုလ်နှုတ်ခမ်း‌မွှေး)အား မူးယစ်ရာဇာအဖြစ် သတ်မှတ်၍ ဖမ်းဆီးရန် ဆု‌ငွေ ထိုင်းဘတ် ၁သန်း ထုတ်ပြန်ပြီး‌နောက် DKBA မှလည်း ၎င်းတို့ ထိန်းချုပ်နယ်‌မြေအတွင်း မူးယစ်‌ဆေးဝါးနှင့် ဆက်နွယ်သည်ဟု ယူဆသည့် နယ်‌မြေမှန်သမျှ လာ‌ရောက်စစ်‌ဆေးနိုင်‌ကြောင်း ထိုင်းအစိုးရ အား အ‌ကြောင်းကြားထားသည်။

‌စောဂုဏ်‌အောင်က “သူတို့(ထိုင်းအစိုးရ)ကို ဖိတ်‌ခေါ်ထား‌ပေမယ့် မလာတာက သူတို့အပိုင်းပဲ။ ခုအချိန်က ကျ‌နော်တို့‌ဒေသမှာ မူးယစ် ‌ဆေးဝါး မလုပ်ရုံနဲ့ မလုံ‌လောက်ဘူး။ ဘာဖြစ်လဲဆို‌တော့ လုပ်တဲ့ ‌ဒေသခံရှိရင် ဒါမှမဟုတ် အခြားဘယ်‌နေရာက လူပဲဖြစ်ဖြစ် လုပ်ပြီး ကျ‌နော်တို့နယ်‌မြေကို ဖြတ်သန်းရင် စစ်‌ဆေး‌ဖော်ထုတ်ဖို့အတွက် ဒီ‌ဆွေး‌နွေးပွဲကို ‌ခေါ်ရတာ ဖြစ်ပါတယ်။”ဟု ဖြည့်စွက်‌ပြောဆိုသည်။

ထိုင်းအစိုးရဘက်က ဗိုလ်ချုပ်‌စောလားပွယ်အား ထိုင်းနိုင်ငံအတွင်းသို့ ဝင်‌ရောက်အဖမ်းခံခြင်းမှတပါး နည်းလမ်းမရှိဟု တုန့်ပြန်ထားသည့် အပြင် DKBA ထိန်းချုပ်နယ်‌မြေနှင့် ထိစပ်သည့် ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်လုံးကို ယခုအချိန်ထိ တပ်လှန့်ထား‌နေဆဲ ဖြစ်သည်။

DKBA ‌ခေါင်း‌ဆောင် ဗိုလ်ချုပ်‌စောလားပွယ်က ထိုင်းအစိုးရ၏ စွပ်စွဲချက်ကို တုန့်ပြန်‌သောအားဖြင့် ဆုံဆည်းမြိုင်‌ဒေသရှိ DKBA ကလို့ထူး ‌ဘောဌာနချုပ်တွင် ထိုင်းနှင့် မြန်မာပြည်တွင်း သတင်း‌ထောက်များ အပါအဝင် ထိုင်း -မြန်မာနယ်စပ်သတင်း‌ထောက်များကို ဖိတ်‌ခေါ်၍ ‌မေလ ၁‌နေ့တွင်တကြိမ်၊ ‌မေလ ၁ဝရက်‌နေ့တွင်တကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။