Home သတင်း လွိုင်‌ကော်‌လေဆိပ်တွင်‌လေယာဉ်ခ အပြင်အပိုဝန်‌ဆောင်မှုပါ ‌ပေး‌ဆောင်‌နေရ

လွိုင်‌ကော်‌လေဆိပ်တွင်‌လေယာဉ်ခ အပြင်အပိုဝန်‌ဆောင်မှုပါ ‌ပေး‌ဆောင်‌နေရ

2487
‌မေလ ၁၇ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

လွိုင်‌ကော်မြို့တွင် ပြည်တွင်း‌လေယာဉ်လက်မှတ်များ ဝယ်ယူရာတွင် သတ်မှတ်သည့် ‌ဈေးနှုန်းများအပြင် ဝန်‌ဆောင်ခများ ပို‌ပေး‌နေရသည်ဟု ရန်ကုန်သို့ စီးနင်းလိုက်ပါမည့် ခရီးသည်များ၏ ‌ပြောပြချက်များအရ သိရသည်။

ရန်ကုန်-လွိုင်‌ကော် ခရီးစဉ်အတွင် သတ်မှတ်နှုန်းမျာ ကျပ် ၅၀,၀၀ဝဖြစ်ပြီး လက်မှတ်မဝယ်မီ ဝယ်ယူရန် ‌လျှောက်လွှာဖြည့်ရာတွင် ‌လျှောက်လွှာခအဖြစ် ‌ငွေ ၅၀ဝကျပ် ‌ပေး‌ဆောင်ရသည့်အပြင် ‌လျှောက်လွှာဖြည့်အပြီးတွင်လည်း ဝန်‌ဆောင်ခဟုဆိုကာ ၂၅၀ဝကျပ်ကို ထပ်မံ ‌ပေး‌ချေရ‌ကြောင်း လက်မှတ်ဝယ်သူ ခရီးသည်တစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌လေဆိပ်မှာ လက်မှတ်သွားဝယ်တာ ကျမက NGO ဝန်ထမ်းဆို‌တော့ ‌ဘောက်ချာ‌တောင်းပါတယ်။ ‌ဖောင်ခ(‌လျှောက်လွှာခ) ၅၀ဝအ တွက်‌ကော၊ ဝန်‌ဆောင်ခ ၂၅၀ဝအတွက်ပါ ‌တောင်းတာကို သူတို့က မရှိ‌ကြောင်းနဲ့ ထုံးစံဖြစ်‌ကြောင်း ‌ပြောပါတယ်။”ဟု အဆိုပါခရီးသည် က ‌ပြောသည်။

ထို့အပြင် ‌လေယာဉ်ထွက်သည့် ‌နေ့ရက်များတွင်လည်း ကီလိုချိန်စက်မှ စစ်‌ဆေး‌ရေး စားပွဲ‌ပေါ်သို့ အိတ်များတင်ရာတွင်လည်း ပစ္စည်းတင် ခအဖြစ် တင်‌ပေးသည့် ဝန်ထမ်းကို ၅၀ဝကျပ် ‌ပေးရ‌ကြောင်း သိရသည်။

“စက်နဲ့ စားပွဲက ၅‌ပေ‌တောင် မ‌ဝေးဘူးခင်ဗျ။ ဒါကို ပိုက်ဆံလာ‌တောင်း‌တော့ ကျ‌နော်က အံ့ဩတာ‌ပေါ့။ မ‌ပေးဘူး ရတယ်။ ကိုယ့်ဖာသာ ဆွဲမယ်‌ပြော‌တော့ ဝန်ထမ်း‌တွေက ကျ‌နော့်ကို ဝိုင်းကြည့်ကြတယ်‌လေ။”ဟု လွိုင်‌ကော်မြို့ခံတစ်ဦးက ဆိုသည်။

လွိုင်‌ကော်‌လေဆိပ်တွင် ထိုကဲ့သို့ ‌ကောက်ခံမှုများ လုပ်‌ဆောင်‌နေသည်မှာ ယခင် စစ်အစိုးရ လက်ထက်ကတည်းက ဖြစ်ပြီး ယခုအချိန်ထိ ‌ကောက်ခံ‌နေဆဲ ဖြစ်သည်။