Home သတင်း အိမ်မဲတွင် NLD ဆိုင်းဘုတ်တင်ပွဲ ကျင်းပ

အိမ်မဲတွင် NLD ဆိုင်းဘုတ်တင်ပွဲ ကျင်းပ

2119
‌မေလ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)


ဧရာဝတီတိုင်း၊ အိမ်မဲမြို့ ချယ်ရီလမ်းတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD က ပါတီဆိုင်းဘုတ်တင်ပွဲကို ယ‌နေ့မနက် ကျင်းပပြုလုပ်ခဲ့ ရာ လူပရိဿတ် ၁,၀၀၀‌ကျော် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

ယ‌နေ့မနက် ၁ဝနာရီခွဲမှ မွန်းလွဲ ၁နာရီခွဲအထိ ကျင်းပခဲ့သည့် အဆိုပါ ဆိုင်းဘုတ်တင်ပွဲနှင့် တဆက်တည်းတွင် ပါတီရုံးခန်းကိုပါ တွဲ၍ ဖွင့် လှစ်ခဲ့ခြင်းဖြစ်‌ကြောင်း ကိုယ်တိုင် တက်‌ရောက်ခဲ့သူတစ်ဦး၏ ‌ပြောပြချက်အရ သိရသည်။

 

၎င်းအခမ်းအနားတွင် သဘာပတိအဖြစ် ဦး‌မောင်‌မောင်ကြီး၊ အခမ်းအနားမှူးအဖြစ် ဧရာဝတီတိုင်း လူငယ်တာဝန်ခံ စခင်‌ဇော်လင်းတို့က ပြုလုပ်ခဲ့ကြပြီး ဗဟိုနာယကများဖြစ်ကြသည့် ဦးလှ‌ဖေ၊ ဦးတင်ဦးတို့က ဖဲကြိုးဖြတ်ကာ အမှာစကားများ ‌ပြောကြားခဲ့ကြသည်။

အိမ်မဲမြို့ ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲတွင် ကရင်ဒုံးအက၊ အိုးစည်ဒိုးပတ်နှင့် ‌တေးဂီတ ‌ဖျော်‌ဖြေခြင်း အစီအစဉ်များဖြင့် ကျင်းပခဲ့ကြပြီး ပုသိမ်၊ ‌ရေကြည်၊ ကန်ကြီး‌ဒေါင့်၊ ဝါးခယ်မ၊ ‌မြောင်းမြ၊ ‌ကျောင်းကုန်းနှင့် အိမ်မဲမြို့များမှ NLD အဖွဲ့ဝင်များ တက်‌ရောက်ခဲ့ကြခြင်း ဖြစ် သည်။